Friday, December 19, 2014

ခရစ္စမတ်ပွဲတော်ကို ခုတုံးလုပ် အမြတ်ထုတ်ဖို့ KIA ကြံစည်


ခရစ္စမတ်ပွဲတော်နီးလာပြီဖြစ်၍ ခရစ်ယာန်ဘာသာဝင်တိုင်း ထိုပွဲတော်ကို ပါဝင်ဆင်နွှဲရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် နေကြပြီဖြစ်ပါတယ်။ အခြားသော မြို့/ရွာများတွင် ခရစ္စမတ်ပွဲတော်၏ အနှစ်သာရများ ပြည့်ဝနေသော်လည်း မြန်မာ ပြည်မြောက်ပိုင်း ကချင်ပြည်နယ် အချို့နေရာတွေမှာတော့ ဘာသာရေးကို ရောယှက်မှုတွေ ပြုလုပ်နေတာတွေ့ရ ပါတယ်။ အထူးသဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့ သွားလာလှုပ်ရှားနေတဲ့ မြို့/ရွာတွေမှာ ဘာသာရေးကို စစ်မက်ရေးရာတွေနဲ့ ရှုတ်ထွေးအောင် ပြုလုပ်နေတာဖြစ်ပါတယ်။
ထိုအထဲမှာ ဖားကန့်မြို့ပေါ် ရပ်ကွက်တွေနဲ့ လုံးခင်း၊ အောင်ဘာလေ၊ ကံဆီးစတဲ့ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံ တိုင်းရင်းသားတွေအတွက် ခရစ္စမတ်ပွဲတော်ဟာ ပျော်ရွှင်ဖို့ထက် စိတ်ညစ်စရာဖြစ်နေပါတယ်။ ဘုရားကျောင်းသွားဖို့ တောင် စဉ်းစားနေရပါပြီ။ ဘုရားကျောင်းတက်ရင် သင်းအုပ်ဆရာတွေက KIA အဖွဲ့ထဲဝင်ဖို့ စည်းရုံးရေးစကားတွေ ပြောလာကြတယ်။ ဘုရားကျောင်းတွေသွားပြီး စစ်ရေးစစ်ရာကိစ္စတွေကို နားထောင်နေတဲ့ သဘောဖြစ်နေတာကြောင့် အားလုံးကလည်းသွားဖို့ ခပ်လန့်လန့်ဖြစ်နေကြတယ်။

ခရစ္စမတ်ပွဲမတိုင်ခင် KIA အဖွဲ့ရဲ့ လူသစ်စုဆောင်းမှု စီမံချက်က ဒေသခံတွေကို အတော်တုန်လှုပ်ခြောက်ခြားစေပါ တယ်။ KIA တပ်ဖွဲ့ဝင်တစ်ယောက်ကို လူသစ် ၅ ယောက်နှုန်း စုခိုင်းတယ်လို့ ကြားပါတယ်။ ဒီတော့ အဲဒီတပ်ဖွဲ့ဝင် တစ်ယောက်ချင်းစီကလည်း အနီးစပ်ဆုံးမြို့၊ ရွာတွေမှာပဲ လာစုကြမှာလေ။ သဘောဆန္ဒနဲ့ ၀င်မယ့်လူကတော့ တစ် ယောက်မှ မရှိဘူး။ မရ ရတဲ့နည်းနဲ့ ဖမ်းဆီးချုပ်နှောင်ပြီး ခေါ်သွားမှပဲရမှာလေ။ အဲဒီကာလရောက်မှာကိုပဲ စိုးရိမ်နေကြ ပါတယ်။
ပိုဆိုးတဲ့ သတင်းကတော့ KIA ဗဟိုဌာနချုပ်က တပ်ရင်းတစ်ရင်းကို လူသစ် ၃၀ စုခိုင်းထားတဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒီလို စုနိုင်ရင် တရုတ်ယွမ်ငွေ ၅၀၀၀ တောင် ဆုချီးမြှင့်ဦးမယ်ဆိုပြီး မက်လုံးပေးထားပါသေးတယ်။ ဒေသခံတွေကတော့ ခရစ္စ မတ်ကာလမှာ ဘုရားကျောင်းမသွားဘဲ အိမ်ထဲမှာ ပုန်းနေဖို့ စဉ်းစားနေကြတယ်။ တချို့ကတော့ အခြားမြို့ကြီးတွေဆီ ခဏရှောင်နေမယ်လို့ ပြောတယ်။ ဘာသာရေးပွဲတော်ကို ခုတုံးလုပ်တာကတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းတဲ့ လုပ်ရပ်ပါ။
သူတို့စခန်းတွေကိုလည်း ခရစ္စမတ်ကာလမှာ အထူးဂရုစိုက်ဖို့ဆိုပြီး KIA ခေါင်းဆောင် ဂမ်ရှောင်က မှာထားတယ်ဆို လား။ အစိုးရတပ်တွေ လာတိုက်မှာကြောက်လို့လား၊ ဒါမှမဟုတ် သူတို့ စခန်းတွေမှာပဲ ခရစ္စမတ်ပွဲတော် ကျင်းပမလို့ လား။ တစ်ခုခုတော့ သေချာပါတယ်။ ခရစ္စမတ်ပွဲတော် ကာလဟာ ဒေသခံတွေ အတွက်တော့ ပျော်စရာထက် ကြောက်စရာဖြစ်နေပါတယ်။ အဲဒီပွဲတော်ကို ခုတုံးလုပ်ပြီး လူသစ်စုအမြတ်ထုတ်ဖို့ ကြံစည်နေတဲ့ KIA လက်ကနေ လွတ်အောင် ကြံရဖန်ရ ပါဦးမယ်။ အခြားဒေသခံများလည်း အဲဒီအကြောင်း သိစေချင်တဲ့ ဆန္ဒနဲ့ ပြန်လည်မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။

နော်မိုင်

KDN

No comments:

Post a Comment