Monday, December 1, 2014

လိုင်စင်ပြန်လည်ရရှိပြီးပါက MPT အနေဖြင့် အခြားအော်ပရေတာများနည်းတူ လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်း ၁၅နှစ်ရရှိမည်

MPT မှ တယ်လီဖုန်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိပြီးပါက ၁၅နှစ် တာ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးသန်းထွန်း အောင်က ပြောသည်။

အော်ပရေတာတစ်ခုအဖြစ် လုပ်ကိုင်မည့်မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိတွင် တယ်လီဖုန်း အော်ပရေတာလိုင်စင် ရရှိရန်ပြန် လည် လျှောက်ထားနေသည့်ကာလ ဖြစ်ပြီး လပိုင်းအတွင်း လိုင်စင်ချ ထားပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်ဟု သိရသည်။



ဦးသန်းထွန်းအောင်က''MPT အနေနဲ့က အခုလိုင်စင်လျှောက်ဆဲ ကာလပါ၊ ဒီလျှောက်ထားတဲ့အထဲ မှာ ကျွန်တော်တို့သတ်မှတ်ထားတဲ့ တခြားအချက်အလက်တွေ ပထမ အဆင့်အနေနဲ့ ပြန်ပြင်ဆင်ဖို့ပြော ထားပါတယ်၊ ပြင်ဆင်ရတဲ့ အချက် အလက်တွေကိုတော့ အသေးစိတ် ပြောပိုင်ခွင့်မရှိပါဘူး၊ လုပ်ကိုင်ခွင့် ကိုလဲ တခြားအော်ပရေတာတွေ နည်းတူ ၁၅နှစ်တာလုပ်ကိုင်ခွင့်ရရှိ မှာပါ''ဟု ပြောသည်။

MPT မှ လတ်တလောတွင် ပထမအဆင့်အနေဖြင့် ဆက်သွယ် ရေးဝန်ဆောင်မှုနှင့် ပတ်သက်ပြီး တင်ပြလာသည့် အခြားအော်ပရေ တာများနှင့်မကိုက်ညီဘဲ ကွဲလွဲမှု ရှိနေသည့် အချို့အချက်အလက် များကို ပြန်လည်ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ဆက်သွယ်ရေး ညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။

ဆက်လက်ပြီး ဦးသန်းထွန်း အောင်က''အော်ပရေတာတွေ အား လုံးကတော့ ဈေးကွက်ထဲမှာ ဝန်ဆောင် မှုပိုင်းရော၊ ဈေးကွက်အပိုင်းရောပြိုင် ရမှာပါ၊ MPT အနေနဲ့လဲ ဖုန်းခေါ် ဆိုခနှုန်းလျှော့ဖို့ တင်ပြထားတာ ရှိပါတယ်၊ ဘယ်တော့လဲ ဆိုတာ တိ တိကျကျ မပြောနိုင်သေးပါဘူး''ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် KDDI, umitomo ကော်ပိုရေးရှင်းတို့ဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်၍ ဆက်သွယ်ရေး ဝန်ဆောင်မှုများပေး နေကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးက ''MPT အနေနဲ့ လိုင်စင်ရရှိဖို့အတွက် အမြန်ဆုံး ဆောင်ရွက်သွားမှာပါ၊ အခုလဲ ဖြည့်စွက်ပြင်ဆင်စရာတွေ လုပ်နေပါတယ်''ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် အစိုးရဝန်ကြီးဌာန၏ လက် အောက်တွင် ဆက်သွယ်ရေးဝန်ဆောင် မှုပေးနေရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ယခုမှ အော်ပရေတာ တစ်ခုအဖြစ် လုပ်ကိုင်ရန် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။

ပြည်တွင်း၌ အော်ပရေတာ လေးခုလုပ်ကိုင်ခွင့်ပေးထားပြီး လက် ရှိတွင် တယ်လီနောနှင့် အော်ရီဒူး တို့အား အော်ပရေတာလုပ်ကိုင်ခွင့် လိုင်စင်ချထားပေးထားကြောင်း သိရ သည်။

PPT
Yangon Media Group

No comments:

Post a Comment