Wednesday, January 14, 2015

တရုတ်သံရုံးရှေ့ ဆန္ဒပြသူ ၅ ဦး ရုံးထုတ်

လက်ပံတောင်းတောင် ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုကို စုံစမ်းဖော်ထုတ်ပေးဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က တရုတ် သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ ဗိုလ်ကြီးဟောင်းနေမျိုး ဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စန်းစန်းဝင်း၊ ကိုတင်ထွဋ်ပိုင် နဲ့ ဒေါ်စိန်ထွေး တို့ကို ဒဂုံမြို့နယ်တရားရုံးမှာ အင်္ဂါနေ့က ရုံးထုတ်ခဲ့ပါတယ်။



ဒါပေမဲ့ အဲ့ဒီအမှုတွဲနဲ့ပတ်သက်ပြီး နောက်ထပ် ၂ ဦးကို ဖမ်းဆီးဖို့ ကျန်နေသေး တဲ့အတွက် တရားရုံးချိန်းမှာ ဘာမှ မစစ်ဆေးနိုင်ခဲ့ဘူးလို့ အမှုကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြော ပါတယ်။

" လက်ပံတောင်းတောင်မှာ နဖူးတည့်တည့်သေနတ် မှန်သေဆုံးတဲ့ ဒေါ်ခင်ဝင်းကိစ္စနဲ့ ပတ်သက် ပြီးတော့ ဖော်ထုတ်ပြီးကန့်ကွက် တဲ့ ဒေါ်နော်အုန်းလှ၊ ဒေါ်ခင်ထွေး၊ ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်စန်း စန်းဝင်း ၅ ယောက်ဒီနေ့ရုံးမှာ စပြီးတော့ စစ်ဆေးဖို့တင်တယ်၊ တင်နေပေမယ့်လို့ ၂ ယောက်ကကျန်သေး တယ်ဆိုတော့ အမှုကိုစစ်လို့မရသေးဘူး၊ အဓိကစွဲဆိုထားတဲ့ပုဒ်မတွေကတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၇၊ ၁၄၉၊ ၃၅၃၊ ၂၉၄၊ ၅၀၅/ခ နဲ့ အားပေးကူညီတဲ့ ပုဒ်မ ၁၁၄ တို့အရ ဒုရဲမှူးကိုသောင်းစိန် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်း၊ စခန်းမှူးကနေပြီးတော့ တရားလိုလုပ်ပြီးတော့ စွဲတဲ့အမှုကို ဒီနေ့ စတင်တာပေါ့ "

လက်ပံတောင်းတောင်အရေးနဲ့ပတ်သက်ပြီး တရုတ်သံရုံးရှေ့မှာဆန္ဒပြခဲ့သူတွေထဲက တရားစွဲခံထားရသူ ဒေါ်စန်း စန်းဝင်းက ရန်ကုန်မြို့မြို့တော်ခန်းမရှေ့မှာ အင်္ဂါနေ့က ထပ်မံဆန္ဒပြခဲ့ပြီး ဒဂုံမြို့နယ်တရားရုံးမှာ သွားရောက်အဖမ်းခံ ခဲ့ပါတယ်။

အဲ့ဒီအမှုကို ဒီလ ၂၀ ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။

RFA

No comments:

Post a Comment