''ကျွန်တော်တို့ခရစ်ယာန်ဘာ သာဝင်တွေ ဆုတောင်းဖို့အတွက် ဒီ လက်ဝါးကပ်တိုင်ကိုတည်ဆောက်ထား တာပါ။ ဒီနေရာမှာပဲ အားလုံးက လာ ရောက်ဆုတောင်းနေကြတာ ဖြစ်ပါ တယ်။ ဒါကို ပြည်နယ်အစိုး ရအဖွဲ့က ဖယ်ရှားပေးပါဆိုပြီးတော့ပြောလာ တဲ့အတွက် အခုလိုအလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေ ပေါင်းစည်းပြီးတော့ အရင် မူလနေရာမှာ ပဲထားပေးဖို့တောင်းဆို တဲ့ဆန္ဒပြမှုတစ်ခုကိုလုပ်ဆောင်ရခြင်း ဖြစ်ပါတယ်''ဟု ဟားခါးမြို့နယ်ဒေသခံ အလွှာပေါင်းစုံကော်မတီ၏ခေါင်း ဆောင်ဦးဆလိုင်းဗန်ချန်ကျဲအိုက ပြော သည်။
ဆန္ဒပြထုတ်ဖော်ရန်အတွက် ဇန် နဝါရီ ၂၉ရက်နှင့် ၃ဝရက်တို့အား တောင်းဆိုခဲ့သော်လည်း မြို့နယ်ရဲစ ခန်းမှ ဖေဖော်ဝါရီ ၂ရက်နှင့် ၃ရက်တို့ တွင်သာခွင့်ပြုပေးခဲ့ခြင်းကြောင့် ပထမ ရက်မှာတော့ ဝမ္မသူးမောင်အားကစား ကွင်းမှ စက်ရုံလမ်းခွဲအထိ ဒုတိယရက် တွင် စည်ပင်ရုံးရှေ့မှ ထန်တလန်မြို့ နယ်လမ်းခွဲအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း ¤င်း ကဆိုသည်။
''ဒီလက်ဝါးကပ်တိုင်တည်ဆောက် ထားတဲ့နေရာက မြို့သစ်ရပ်ကွက်က ပူးထလာထီရိုးရဲ့ လက်ဖက်စိုက် တဲ့ခြံ ကို ဝယ်ပြီးဆောက်ထားတာပါ။ ဆု တောင်းလိုသူတွေ၊ ယုံကြည်သူတွေအား လုံး အစာရှောင်ဆုတောင်းလိုသူတွေ အတွက်လုပ်ထားတာဖြစ်တယ်။ ဝယ် တုန်းက အထွေထွေအုပ်ချုပ်ရေးမှူး ရုံးနဲ့မြေစာရင်းဌာနက တိုင်းတာပေး ခဲ့တာပါ။ သူတို့သိပါတယ်''ဟု လက် ဝါးကပ်တိုင်တည်ဆောက်ထားသူ ဦး ဂျေဘီဗျက်သင်းဆန်က Chin World အွန်လိုင်းသတင်းဌာနတွင် ပြောကြား ထားသည်။
အဆိုပါ လက်ဝါးကပ်တိုင်သည် ဟားခါးမြို့အထွက်တွင် စိုက်ထူထား ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့က ယင်း နေရာမှဖယ်ရှားပေးရန် ၂ဝ၁၄ခုနှစ် အောက်တိုဘာ ၂၅ရက်က လက်ဝါး ကပ်တိုင်ကိုဖယ်ရှားပေးရန် တည် ဆောက်ထားသူ ဦးဂျေဘီဗျက်သင်း ဆန်အားစာပို့ခဲ့ရာ ယင်းပုဂ္ဂိုလ်က တရားဝင်အသိအမှတ်ပြုပေးရန် မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြခဲ့ပြီးနောက် ၂ဝ၁၅ခုနှစ် ဇန်န ဝါရီ ၃၁ရက်နောက်ဆုံးထား အပြီး ပြောင်းရွှေ့ပေးရန် မြို့နယ်ထွေအုပ်ရုံး မှတစ်ဆင့် ဦးဂျေဘီဗျက်သင်းဆန်ထံ သို့ ယခုလ ၁၃ရက်က ထပ်မံစာပို့ထား ကြောင်း သိရသည်။
ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက် တာဘမောင်က ''တရားဝင် မြေပိုင်ဆိုင်မှု ပုံစံ ၁ဝ၅/၁ဝ၆မရှိတာ၊ ထင်းရှူးတွေခုတ်ထားတာ၊ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘူး၊ သူတို့သဘော နဲ့ဆောက်တာ''ဟု ဒေသထုတ်ဂျာနယ် တစ်စောင်ဖြစ်သော The Chin Land Post တွင်ပြောကြားထားသည်။
အဆိုပါလက်ဝါးကပ်တိုင်သည် မြေအောက် ၁၂ပေ၊ မြေပေါ် ၄၂ပေ အလျားပေ ၃ဝနှင့် အရွယ်အစားနှစ် ပေရှိပြီး ကွန်ကရစ်နှင့်သံတိုင်များကို လည်း အသုံးပြုကာ တည်ဆောက်ထား ခြင်းကြောင့် ကုန်ကျစရိတ်သိန်း ၃ဝဝ ဝန်းကျင် ရှိကြောင်းသိရသည်။
TheYangonTimes
Yangon Media Group
No comments:
Post a Comment