Thursday, January 22, 2015

သတင်းစာတိုက်မြေနေရာအငြင်းပွားပြီး ရဲနှင့်ပဋိပက္ခဖြစ်ခဲ့သော ဒေသခံရွာသားများအား ထောင်ဒဏ်များချမှတ်

ပြန်ကြားရေးဝန် ကြီးဌာန၏ သတင်းစာတိုက် မြေ နေရာ အငြင်းပွားမှုနှင့်ပတ်သက် ၍ ညဥ့်သန်းခေါင်ယံအချိန် ရဲများ နှင့် ပဋိပက္ခဖြစ်ရာမှ တရားစွဲခံ ထားရသည့် နေပြည်တော်၊ ပုဗ္ဗ သီရိမြို့နယ် ၀ဲကြီးကျေးရွာမှ ကို ဇော်လတ်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခုနစ်နှစ်၊ ကျန် ၁၈ ဦး အား ထောင်ဒဏ်အသီးသီး အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၂၁ ရက် နေပြည် တော်၊ ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးရွာ သား ကိုဇော်လတ်မှာ ထောင် ဒဏ်အများဆုံး ချမှတ်ခံရခြင်းဖြစ် ပြီး ကျန်ရွာသား ၁၈ ဦးမှာ လေး နှစ်မှ ခြောက်နှစ်အထိ အလုပ် ကြမ်းနှင့် ထောင်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဇေယျာသီရိမြို့နယ် ရဲစခန်း မှူးက တရားလိုပြုလုပ်၍ ၀ဲကြီးရွာ သား ၁၉ ဦးကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၃၃၊ ၃၄၂၊ ၂၉၄၊ ၅၀၆ တို့ဖြင့် တရားစွဲထားပြီး အမှုစစ်ဆေးမှု တစ်နှစ်ခွဲအကြာတွင် အထက်ပါ အတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ် သည်။
ထိုသို့ အမိန့်ချမှတ်ပြီး တ ရားခံများကို အချုပ်ကားပေါ်သို့ တိုက်ရိုက်ခေါ်တင်ကာ ရမည်း သင်းထောင်သို့ ပို့ဆောင်လိုက် ကြောင်း သတင်းရရှိသည်။
‘‘အောက်ရုံးရဲ့ အမိန့်ထွက် ဆိုချက်တွေ၊ ဥပဒေယူဆချက် တွေနဲ့ အဆင့်မြင့်တရားရုံးတွေ အထိ အယူခံဝင်မယ်’’ ဟု တရား ခံများ၏ ရှေ့နေ ဦးသဲမောင်မောင်က ဆိုသည်။
၂၀၁၃ စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီတွင် အထက် ပါရွာမှ အငြင်းပွားသည့်နေရာ တွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲသော ၀ဲကြီးရွာသားကိုဇော်လတ်အပါ အ၀င် ရွာသားအချို့ကို ရဲအင် အား ၆၀၀ ခန့်ဖြင့် ၀င်ရောက် စီးနင်းရာမှ ပြဿနာဖြစ်ပွားခဲ့ပြီး ရဲအချို့ ဒဏ်ရာရရှိခဲ့သည်။
7day Daily

No comments:

Post a Comment