Monday, January 26, 2015

စည်ပင်အမှိုက်ခွန် တစ်လတည်း နှစ်ကြိမ်ဆောင်ရပါက စည်ပင်အုပ်ချုပ်ရေးမှူးရုံးတွင် ပြန်တောင်းခံနိုင်ဟုဆို

ရန်ကုန်မြို့တော်စည် ပင်သာယာနယ်နိမိတ်မြို့နယ်များ အတွင်း စည်ပင်အမှိုက်ခွန်များ တစ်လတည်း နှစ်ကြိမ်ပေးဆောင် ရပါက သက်ဆိုင်ရာစည်ပင်သာ ယာအုပ်ချုပ်ရေးမှူးရုံးတွင် ပြန် လည်တောင်းခံနိုင်ကြောင်း သ တင်းရရှိသည်။
အမှိုက်ခွန်ကို လက်ရှိတွင် ပြေစာနှစ်မျိုးနှင့် ကောက်ခံနေပြီး အမြဲနေထိုင်သည့် သူများကို ကွန် ပျူတာပြေစာများဖြင့် ကောက်ခံ သည်ဟု လှိုင်မြို့နယ် စည်ပင် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
‘‘လက်ရေးနဲ့ ကောက်တဲ့ ပြေစာရယ်၊ ကွန်ပျူတာဖြတ်ပိုင်းနဲ့ ကောက်တဲ့ ပြေစာရယ် နှစ်မျိုးကောက်တယ်။ ဘာလို့လဲဆို တော့အခန်းငှားနေတဲ့သူတွေကျတော့ကွန်ပျူတာထဲ စာရင်းသွင်း ကောက်ရင်နောက်လူပြောင်း တဲ့အခါမှာ နောက်တစ်ယောက် နာမည်ပြန်ဖြည့်ရမယ်လေ။ ဒီလိုနေသူတွေကျတော့ စာရွက်ဖြတ်ပိုင်း နဲ့ကောက်တယ်’’ဟု ၎င်းကဆို သည်။



အမှိုက်ခွန်ပေးဆောင်ရာ တွင်လည်း ယခင်ကဲ့သို့ သုံးလ တစ်ကြိမ်ပေးဆောင်ရခြင်းမျိုး မဟုတ်ဘဲ တစ်လတစ်ခါပေး ဆောင်ရသည့်ပုံစံကို ပြောင်းလဲ သတ်မှတ်ထားကြောင်း စည်ပင် ၀န်ထမ်းအချို့ကပြောသည်။

‘‘အရင်ကတော့ သုံးလတစ် ခါကောက်တယ်။ မြို့နယ်တစ်ခု လုံးကောက်ရတာဆိုတော့ တစ် ရက်ဘယ် လောက်ကောက်ရမလဲ တွက်ထားတယ်။ တိုက်ခန်းတွေ ပေါ်တက်ပြီး ကောက်ရတာဆို တော့ ပင်ပန်းတာပေါ့။ အိမ်ရှင် မရှိတော့လည်း မရရင်နောက် တစ်ခေါက်သွားကောက်ရတာ ပေါ့’’ဟု ကမာရွတ်မြို့နယ်မှ စည် ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။

အမှိုက်ခွန်များပေးဆောင် ထားသော်လည်း စည်ပင်သာယာ အနေဖြင့် ရပ်ကွက်အတွင်း အမှိုက်သိမ်းဆည်းပေးမှု အားနည်းပြီး အခပေးပြီး အမှိုက်ပစ်နေရ ကြောင်း လှိုင်မြို့နယ်အတွင်း နေထိုင်သူအချို့ကပြောသည်။
‘‘စည်ပင်ကလာသိမ်းတဲ့ အမှိုက်လှည်းသမားတွေ ဘယ် အချိန်လာလဲတော့ မသိဘူး။ စည် ပင်ခွန်တော့ တစ်လတစ်ခါ ပုံမှန် လာတယ်။ ဒီမှာ အမှိုက်ပစ်ချင်ရင် အထပ်ပေါ်မူတည်ပြီးတောင်း တယ်။ အပြင်က လက်တွန်းလှည်း နဲ့ လာသိမ်းပေးတဲ့ အမှိုက်သယ် သမားကို အနည်းဆုံးတော့ ၁၀၀ ပေးရတယ်။ မပေးချင်ရင် လမ်း ထိပ်အမှိုက်ပုံးထိသွားပစ်ရတာ ပေါ့’’ဟု အိမ်ရှင်မတစ်ဦးက ပြော သည်။

ဖျက်သိမ်းထားသည့် အမှိုက်ကန် ၂၀၀ ကျော်ကို ၆၆၀ လီတာ ဆံ့သည် အမှိုက်ပုံးများဖြင့် အ စားထိုးထားပြီး အမှိုက်သိမ်းဝန် ထမ်း ၃,၀၀၀ ကျော်၊ အမှိုက်ကား အစီးရေ ၂၀၀ ကျော်တို့ဖြင့် နေ့ စဉ်ထွက်ရှိသည့် အမှိုက်တန်ချိန် ၁,၆၀၀ ကျော် သိမ်းဆည်းပေးနေ ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ သိရ သည်။
စည်ပင်သာယာမှ မြို့နယ် အလိုက် အမှိုက်ခွန်ကောက်ခံပုံ မတူဘဲ တစ်လလျှင် အနည်းဆုံး ၄၅၀ ကျပ်မှ ၆၀၀ ကျပ်အထိပေး ဆောင်ရကြောင်း သတင်းရရှိ သည်။


7Day Daily

No comments:

Post a Comment