Saturday, January 3, 2015

စန္ဒရားတင်ဝင်းလှိုင်၏ အကယ်ဒမီ ရွှေစင်ရုပ်တုပြန်သိမ်းမည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ဟုဆို

အကယ်ဒမီ ရွှေစင်ရုပ်တု ပြန်လည်သိမ်းဆည်း မည်ဟု ထွက်ပေါ်နေသည့် သတင်း များမှာ ကောလာဟလသာဖြစ် ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဒုဥက္ကဋ္ဌ-၂ ဦးအေးကြူလေး၏ ပြောပြချက်အရ သိရသည်။
''အကယ်ဒမီရွှေစင်ရုပ်တု ပြန် သိမ်းမယ်ဆိုပြီးတော့ ထွက်ပေါ်နေ တဲ့ သတင်းတွေက မဟုတ်ပါဘူး။ ဘယ်တုန်းကမှလဲ အဲဒီလိုအဖြစ်အ ပျက်မျိုးမရှိခဲ့ပါဘူး။ အကယ်ဒမီဆု ဆိုတာက ပေးချင်တိုင်းပေးပြီးတော့ ပြန်သိမ်းချင်တိုင်း ပြန်သိမ်းလို့ရတဲ့ ပစ္စည်းမဟုတ်ပါဘူး။ အကယ်ဒမီဆု ပေးဖို့အတွက်ကို အကယ်ဒမီစိစစ် ရေးဘုတ်အဖွဲ့က တာဝန်ရှိသူတွေ အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့ ပေးခဲ့တာ ပါ။ တစ်ဦးတစ်ယောက်တည်းရဲ့ဆုံး ဖြတ်ချက်နဲ့ ပေးခဲ့တာမဟုတ်ပါဘူး''ဟု ယင်းကဆက်လက်ပြောသည်။

၂ဝ၁၃ခုနှစ် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးအပ်ပွဲတွင် ''ကြယ်စင် မော်ကွန်း''ရုပ်ရှင်ဇာတ်ကားဖြင့် အ ကောင်းဆုံးတေးဂီတဆုရရှိခဲ့သည့် အကယ်ဒမီစန္ဒရားတင်ဝင်းလှိုင် အားပေးအပ်ခဲ့သည့် အကယ်ဒမီရွှေ စင်ရုပ်တုအား နောက်နှစ်ပတ်ခန့်အ ကြာတွင် ပြန်လည်သိမ်းဆည်းမည် ဟု သတင်းများထွက်ပေါ်နေလျက်ရှိ နေခြင်းနှင့်ပတ်သက်ပြီး ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အကယ်ဒမီစင်မြင့်ပေါ်တွင် အကယ်ဒမီစန္ဒရားတင်ဝင်းလှိုင် ပြောကြားခဲ့သည့် ကျေးဇူးတင်စကား နှင့်အတူ တခြားသော စကားများ ကြောင့် အကယ်ဒမီရွှေစင်ရုပ်တုအား ပြန်လည်သိမ်းဆည်းမည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ယင်းကဆက်လက်၍ ''အစည်း အရုံးကတော့ အကယ်ဒမီဆုကို လုံး ဝပြန်သိမ်းမှာမဟုတ်ပါဘူး။ အစည်း အရုံးကပေးထားတာဖြစ်တဲ့အတွက် တခြားသူတွေလဲ ပြန်သိမ်းလို့မရပါ ဘူး''ဟု ပြောသည်။
၂ဝ၁၃ခုနှစ် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးပွဲနှင့်ပတ်သက်၍လည်း အကယ်ဒမီ ကြိုတင်ခန့်မှန်းချက်နှင့် လွဲခဲ့သည့် သရုပ်ဆောင်သိင်္ဂီထွန်းမှ လည်း မြန်မာ့နိုင်ငံရုပ်ရှင်အစည်း အရုံးမှတာဝန်ရှိသူများနှင့်ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲအား ယခုလအတွင်းပြုလုပ်နိုင်ရန်အတွက် စာရွက်စာတမ်းများ၊ အထောက်အ ထားများစုဆောင်းလျက်ရှိနေကြောင်း သိရသည်။
NN
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group

No comments:

Post a Comment