Saturday, January 10, 2015

ကြည့်မြင်တိုင်မြို့နယ်၊ လေဟာပြင်ညဈေးရှိ ဆိုင်ခန်းအတွင်း ဆေးလိပ်မီး မငြှိမ်းဘဲ ပေါ့ဆစွာ ထားခဲ့ရာမှ မီးလောင်မှုဖြစ်

Photo: ကြည့်မြင်တိုင်မြို့နယ်၊ လေဟာပြင်ညဈေးရှိ ဆိုင်ခန်းအတွင်း ဆေးလိပ်မီး မငြှိမ်းဘဲ ပေါ့ဆစွာ ထားခဲ့ရာမှ မီးလောင်မှုဖြစ်
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ်

၁၀.၁.၂၀၁၅ ရက်နေ့ ၀၅၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းတောင်/ အရှေ့ရပ်ကွက်၊ ရွှေလှိုင်လမ်း၊ လေဟာပြင်ညဈေးရှိ (ဈ)ရုံတွင် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါ ဈေးရုံရှိ ဆိုင်ခန်းအမှတ် (၂၀၃) ဓါတ်ဗူးဆိုင်၌ ဆိုင်ရှင်ဖြစ်သူ ဦးမွန်မြှားမှ ၉.၁.၂၀၁၅ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် ဆေးလိပ်သောက်ခဲ့ပြီး ဆေးလိပ်မီးအား မငြှိမ်းသတ်ဘဲ ဆိုင်ကြမ်းပြင်တွင်ထားခဲ့ရာမှ မီးစွဲကာ ၎င်း၏ ဈေးဆိုင်အပါအ၀င် ဘေးဝဲ/ယာနှင့် ကျောချင်းကပ်ဆိုင်ခန်း စုစုပေါင်း (၇)ခန်းအား ကူးစက်လောင်းကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ရှိ ပြည်သူများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများရောက်ရှိငြှိမ်းသတ်ခဲ့၍ ၀၆၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရပါသည်။

ယင်းသို့ ဆေးလိပ်မီးအား မငြှိမ်းသတ်ဘဲ ပေါ့ဆစွာထားခဲ့၍ မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် ဦးမွန်မြှား၊ (၇၅)နှစ်အား ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၂၆/၂၀၁၅၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
၁၀.၁.၂၀၁၅ ရက်နေ့ ၀၅၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းတောင်/ အရှေ့ရပ်ကွက်၊ ရွှေ လှိုင်လမ်း၊ လေဟာပြင်ညဈေးရှိ (ဈ)ရုံတွင် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါ ဈေးရုံရှိ ဆိုင်ခန်းအမှတ် (၂၀၃) ဓါတ်ဗူးဆိုင်၌ ဆိုင်ရှင်ဖြစ်သူ ဦးမွန်မြှားမှ ၉.၁.၂၀၁၅ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် ဆေးလိပ်သောက်ခဲ့ပြီး ဆေးလိပ်မီးအား မငြှိမ်းသတ်ဘဲ ဆိုင်ကြမ်းပြင်တွင် ထားခဲ့ရာမှ မီးစွဲကာ ၎င်း၏ ဈေးဆိုင်အပါအ၀င် ဘေးဝဲ/ယာနှင့် ကျောချင်းကပ်ဆိုင်ခန်း စုစုပေါင်း (၇)ခန်း အား ကူးစက်လောင်းကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ရှိ ပြည်သူများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန် ရှိသူများရောက်ရှိငြှိမ်းသတ်ခဲ့၍ ၀၆၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းသိရှိရပါသည်။

ယင်းသို့ ဆေးလိပ်မီးအား မငြှိမ်းသတ်ဘဲ ပေါ့ဆစွာထားခဲ့၍ မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် ဦးမွန်မြှား၊ (၇၅)နှစ် အား ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၂၆/၂၀၁၅၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

No comments:

Post a Comment