Saturday, January 10, 2015

ယင်းလပ်ရှင်နာဝပ်အပေါ် စွဲချက်တင်ထားသည့် အမှုများကို ထိုင်းအမျိုးသား ညီလာခံ စတင်စစ်ဆေး

Photo: ယင်းလပ်ရှင်နာဝပ်အပေါ် စွဲချက်တင်ထားသည့် အမှုများကို ထိုင်းအမျိုးသား ညီလာခံ စတင်စစ်ဆေး
Saturday, January 10, 2015 

အာဏာအလွဲသုံးစားပြုမှုဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသူ ထိုင်းဝန်ကြီး ချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ကို စွဲချက်တင်ထားသော ပြစ်မှု အား သောကြာနေ့ တွင် ကျင်းပသည့် ထိုင်းအမျိုးသားညီလာခံ၌ စတင်ကြားနာစစ်ဆေးရာ ၎င်းကိုယ် တိုင် ကြားနာမှုသို့ လာရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေး သားဖော်ပြသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ် သည် ဝန်ကြီးချုပ်ရာထူး ရယူထားစဉ် အငြင်းပွားဖွယ် ဆန်စပါးစရိတ် ကျခံပေးရေး အစီအစဉ်နှင့် ပတ်သက်၍ အလွဲသုံးစား ပြုခဲ့သည်ဟူသော စွဲချက်များနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဒေါ်လာဘီလီယံနှင့်ချီ၍ ကုန်ကျသော အဆိုပါ ဆန်စပါးစရိတ် စိုက်ထုတ်ပေးရေး အစီအစဉ်နှင့် ပတ်သက်သော စွဲချက်များတွင် အပြစ်ရှိကြောင်း ထင်ရှားမည် ဆိုပါက မစ္စယင်းလပ်ရှင်နာဝပ် အနေနှင့် နိုင်ငံရေးလှုပ်ရှားမှုများမှ ငါးနှစ်တိတိ ပိတ်ပင်တားမြစ်ခြင်း ခံရမည်ဖြစ်သည်။

ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူများကမူ အဆိုပါ စွဲချက်များသည် ၎င်းအားရာထူးမှ ဖြုတ်ချရန် အကွက်ဆင်မှု တစ်ရပ်သာ ဖြစ်သည် ဟု ဝေဖန်ကြသည်။

မစ္စယင်းလပ်ရှင်နာဝပ်၏ အမှုကို ကြားနာစစ်ဆေးနေသည့် အချိန်ကာလအတွင်း ၎င်းကို ထောက်ခံသူများ လမ်းမပေါ်ထွက်ကာ ဆန္ဒပြကြမည်ကိုလည်း လက်ရှိ ထိုင်းအစိုးရက စိုးရိမ်လျက်ရှိသည်။

ထိုင်းစစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝမ်စူဝမ်က ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူများ အနေနှင့် လမ်းမပေါ်ထွက်ကာ ဆန္ဒမပြကြဘဲ အိမ်တွင်း၌သာ နေထိုင်ကြရန် တိုက်တွန်းသည်။

“တကယ်လို့ မစ္စယင်းလပ်ကို ခင်ဗျားတို့အနေနဲ့ အားပေးချင်တယ် ဆိုရင် အိမ်မှာနေပြီး လုပ်လို့ရတယ်၊ ဒါမှမဟုတ် တယ်လီဖုန်းကနေ ဆက်ပြောလို့ ရပါတယ်” ဟု ၎င်း၏ ပြောကြားချက်ကို Reuters သတင်းဌာန ကိုးကားဖော်ပြသည်။

ဘန်ကောက်မြို့တော် အခြေစိုက် BBC သတင်းထောက် ဂျိုနက်သန်ဟိဒ်၏ အဆိုအရ ယခုအမှုသည် ထိုင်းစစ်တပ်က အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်း နိုင်ငံရေးအရ အကဲဆတ်သော ပထမဆုံး ဖြစ်ရပ်ပင် ဖြစ်ကြောင်း သိရသည်။

ယမန်နှစ်အတွင်း ရာထူးမှ ဖယ်ရှားခံခဲ့ရသူ မစ္စယင်းလပ်ရှင်နာဝပ်သည် ထိုင်းနိုင်ငံ ကျေးလက်ဒေသများတွင် လွန်စွာ နာမည်ကျော်ကြားကာ ထောက်ခံမှု အပြည့်အဝ ရရှိထားသော နိုင်ငံရေးသမားတစ်ဦး ဖြစ်သော်လည်း ဘန်ကောက်ကဲ့သို့ မြို့ကြီးများရှိ လူလတ်တန်းစားများနှင့် အီလစ်အလွှာများက ၎င်းကို မနှစ်မြို့ကြပေ။

ဘန်ကောက် အီလစ်အလွှာများက ယင်းလပ်ရှင်နာဝပ်သည် အဂတိလိုက်စားသလို အာဏာ အလွဲသုံးစားမှုများလည်း ကျူးလွန်ခဲ့သူ ဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။

ယခု မစ္စယင်းလပ်၏ အမှုကို ကြားနာစစ်ဆေးသည့် အမျိုးသားဥပဒေပြုရေး ညီလာခံကို ထိုင်းစစ်တပ်က ရွေးချယ်ခန့်ထားသော ခေါင်းဆောင်များ ဦးဆောင်ပြီး အမှုအတွက် အမိန့်ချမှတ်မှုကို ဇန်နဝါရီလကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု ဆိုသည်။

The Voice Weekly
အာဏာအလွဲသုံးစားပြုမှုဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသူ ထိုင်းဝန်ကြီး ချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ကို စွဲချက်တင်ထားသော ပြစ်မှု အား သောကြာနေ့ တွင် ကျင်းပသည့် ထိုင်းအမျိုးသားညီလာခံ၌ စတင်ကြားနာစစ်ဆေးရာ ၎င်းကိုယ် တိုင် ကြားနာမှုသို့ လာရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေး သားဖော်ပြသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ် သည် ဝန်ကြီးချုပ်ရာထူး ရယူထားစဉ် အငြင်းပွားဖွယ် ဆန်စပါးစရိတ် ကျခံပေးရေး အစီအစဉ်နှင့် ပတ်သက်၍ အလွဲသုံးစား ပြုခဲ့သည်ဟူသော စွဲချက်များနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဒေါ်လာဘီလီယံနှင့်ချီ၍ ကုန်ကျသော အဆိုပါ ဆန်စပါးစရိတ် စိုက်ထုတ်ပေးရေး အစီအစဉ်နှင့် ပတ် သက်သော စွဲချက်များတွင် အပြစ်ရှိကြောင်း ထင်ရှားမည် ဆိုပါက မစ္စယင်းလပ်ရှင်နာဝပ် အနေနှင့် နိုင်ငံရေး လှုပ်ရှားမှုများမှ ငါးနှစ်တိတိ ပိတ်ပင်တားမြစ်ခြင်း ခံရမည်ဖြစ်သည်။

ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူများကမူ အဆိုပါ စွဲချက်များသည် ၎င်းအားရာထူးမှ ဖြုတ်ချရန် အကွက် ဆင်မှု တစ်ရပ်သာ ဖြစ်သည် ဟု ဝေဖန်ကြသည်။

မစ္စယင်းလပ်ရှင်နာဝပ်၏ အမှုကို ကြားနာစစ်ဆေးနေသည့် အချိန်ကာလအတွင်း ၎င်းကို ထောက်ခံသူများ လမ်းမပေါ်ထွက်ကာ ဆန္ဒပြကြမည်ကိုလည်း လက်ရှိ ထိုင်းအစိုးရက စိုးရိမ်လျက်ရှိသည်။

ထိုင်းစစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝမ်စူဝမ်က ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူများ အနေနှင့် လမ်းမပေါ်ထွက်ကာ ဆန္ဒမပြကြဘဲ အိမ်တွင်း၌သာ နေထိုင်ကြရန် တိုက်တွန်းသည်။

“တကယ်လို့ မစ္စယင်းလပ်ကို ခင်ဗျားတို့အနေနဲ့ အားပေးချင်တယ် ဆိုရင် အိမ်မှာနေပြီး လုပ်လို့ရတယ်၊ ဒါမှမဟုတ် တယ်လီဖုန်းကနေ ဆက်ပြောလို့ ရပါတယ်” ဟု ၎င်း၏ ပြောကြားချက်ကို Reuters သတင်းဌာန ကိုးကားဖော်ပြသည်။

ဘန်ကောက်မြို့တော် အခြေစိုက် BBC သတင်းထောက် ဂျိုနက်သန်ဟိဒ်၏ အဆိုအရ ယခုအမှုသည် ထိုင်းစစ်တပ်က အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်း နိုင်ငံရေးအရ အကဲဆတ်သော ပထမဆုံး ဖြစ်ရပ်ပင် ဖြစ်ကြောင်း သိရသည်။

ယမန်နှစ်အတွင်း ရာထူးမှ ဖယ်ရှားခံခဲ့ရသူ မစ္စယင်းလပ်ရှင်နာဝပ်သည် ထိုင်းနိုင်ငံ ကျေးလက်ဒေသ များတွင် လွန်စွာ နာမည်ကျော်ကြားကာ ထောက်ခံမှု အပြည့်အဝ ရရှိထားသော နိုင်ငံရေးသမားတစ်ဦး ဖြစ် သော်လည်း ဘန်ကောက်ကဲ့သို့ မြို့ကြီးများရှိ လူလတ်တန်းစားများနှင့် အီလစ်အလွှာများက ၎င်းကို မနှစ်မြို့ကြပေ။

ဘန်ကောက် အီလစ်အလွှာများက ယင်းလပ်ရှင်နာဝပ်သည် အဂတိလိုက်စားသလို အာဏာ အလွဲသုံးစား မှုများလည်း ကျူးလွန်ခဲ့သူ ဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။

ယခု မစ္စယင်းလပ်၏ အမှုကို ကြားနာစစ်ဆေးသည့် အမျိုးသားဥပဒေပြုရေး ညီလာခံကို ထိုင်းစစ်တပ်က ရွေးချယ်ခန့်ထားသော ခေါင်းဆောင်များ ဦးဆောင်ပြီး အမှုအတွက် အမိန့်ချမှတ်မှုကို ဇန်နဝါရီလကုန် ပိုင်းတွင် ထုတ်ပြန်မည်ဟု ဆိုသည်။

The Voice Weekly

No comments:

Post a Comment