Friday, January 23, 2015

တိုင်းအဆင့် စစ်ဆေးသည့် အဋ္ဌမတန်း အောင်စာရင်း တစ်လခန့်နောက်ကျ ထုတ်ပြန်


ပြီးခဲ့သည့် ဒီဇင်ဘာက တိုင်းအဆင့်မှ စစ်ဆေးသည့် ပြည် မြို့နယ် အဋ္ဌမတန်းအရည်အချင်း စစ်အစမ်း စာမေးပွဲအောင်စာရင်း ကို ပုံမှန်ထုတ်ပြန်ချိန်ထက် တစ် လခန့်နောက်ကျပြီးမှ ထုတ်ပြန် ပေးခဲ့ကြောင်း ပြည်မြို့နယ်ပညာ ရေးမှူးရုံးမှ သတင်းရရှိသည်။

တိုင်းအဆင့်ကြီး ကြပ်စစ် ဆေးသည့် အဋ္ဌမတန်းအစမ်းစာ မေးပွဲကို ဒီဇင်ဘာလလယ်က ကျင်းပခဲ့ပြီး ပုံမှန်အားဖြင့် စာမေး ပွဲအပြီး ရက်သတ္တပတ်အကြာတွင် အောင်စာရင်းထုတ်ပြန်ပေးရမည် ဖြစ်ကြောင်း ကျောင်းသားမိဘ များကပြောသည်။

စာမေးပွဲအောင်စာရင်း မ ထုတ်ပြန်သေးခြင်းမှာ တိုင်းပညာ ရေးမှူးရုံး၏ ညွှန်ကြားချက်မရ သေးသောကြောင့် မထုတ်ပြန်ခြင်းဖြစ်ကြောင်း မြို့နယ်လက် ထောက်ပညာရေးမှူးက ဇန်န၀ါရီ၂၀ ရက်တွင် သတင်းထောက်များအား ဖြေကြားခဲ့ပြီးနောက် ယင်းနေ့ နေ့လယ်၌ပင် အောင်စာရင်း ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

‘‘အရင်က ထုတ်ပြန်မပေး နိုင်ခဲ့တာ မြို့နယ်လုပ်ငန်းတွေများ ပြားနေတာရယ်၊ စာရင်းဇယား တွေ မပြည့်စုံသေးတာရယ်ကြောင့် ထုတ်ပြန်မပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုင်းပညာရေးညွှန်ကြားရေးမှူးရဲ့ ညွှန်ကြားချက် မရသေးတာကြောင့်လို့ လက်ထောက်မြို့နယ် ပညာရေးမှူးကပြောလိုက်တာ လွဲမှားပြီး ပြောလိုက်မိတာပါ။ အခုတစ်မြို့လုံးရဲ့ အဋ္ဌမတန်းကျောင်းသား၊ ကျောင်း သူတွေရဲ့ အရည်အသွေး အဆင့်ဆင့်ကို ထုတ်ပြန်ပေးလိုက်ပါပြီ’’ ဟု ပြည်မြို့နယ် ပညာရေးမှူး ဦးငြိမ်းမြင့်ကပြောသည်။

ပြည်မြို့နယ်တွင် တိုင်းပညာ ရေးညွှန်ကြားရေးမှူးရုံးက ကြီး ကြပ်၍ ပထမဆုံးအကြိမ်အရည် အသွေး စစ်အစမ်းစာမေးပွဲဖြေဆို ပြီး တစ်လခန့်ကြာသည် အထိ အောင်စာရင်း မထုတ်ပြန်ခဲ့ခြင်း ကြောင့် ကျောင်းသားများက စောင့်ဆိုင်းခဲ့ရပြီး မိဘများကလည်း ထင်ကြေး အမျိုးမျိုးဖြင့်ဝေဖန်မှုများ ရှိခဲ့သည်။

7Day Daily

No comments:

Post a Comment