Wednesday, January 7, 2015

ပြသရန်မသင့် မှတ်ချက်ပေးခံရသည့် “ဇာတ်သိမ်းထိမကြည့်နဲ့” ဇာတ်ကား ပရိသတ်များ စိတ်ဝင်စားမှုမြင့်တက်

Nay-Toe
ရန်ကုန်၊(မဇ္ဈိမ) ။ ။ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူပြီး နေတိုး၊ မင်းခ၊ အိချောပို၊ စိုးနန္ဒာကျော်တို့ ပါဝင် သရုပ်ဆောင် ထားသည့် ဇာတ်သိမ်းထိ မကြည့်နဲ့ ဗီဒီ ယိုဇာတ်ကားသည် ဇန်န၀ါရီ ၅ရက် ဖြန့်ချိသည့်နေ့၌ပင် ပရိသတ်များ စိတ်ဝင် တစားရှိခြင်းကြောင့် ဗီဒီယိုအငှားဆိုင်များ၌ ကြိုတင်မှာကြားကာ ငှားရမ်းရသည် အထိ ရှိနေသည်။ယင်းဇာတ်ကားကို အောင်တိုင်းကျော် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ် ကားသည် မိန်းကလေး တစ်ဦးကို အုပ်စုဖွဲ့ကာ အဓမ္မပြု ကျင့်သည့်ပြကွက် သုံးကြိမ်တိုင် ကွက်ကွက် ကွင်းကွင်း ပါရှိခြင်းကြောင့် အများပြည် သူသို့ ပြသရန် မသင့်ကြောင်း မှတ်ချက်နှင့်ဆင် ဆာ အဖွဲ့၏ဆင် ဆာ ထောက်ညွှန်ချက်ခံခဲ့ရသည်။

ဆင်ဆာငြိ ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ နှင့် မြန်မာ့ ရုပ်ရှင်မြှင့် တင်ရေး တာဝန် ရှိသူများ ဒီဇင်ဘာ ၁၀ ရက်တွင်တွေ့ ဆုံဆွေးနွေးပြီး အခန်းအချို့ အနည်း ငယ်ဖြတ်ပေး ခဲ့ရသည့် ဇာတ်ကားဖြစ်သည်။

ဆင်ဆာခွင့်ပြုချက်များ ပြန်လည်ရရှိခဲ့ခြင်းကြောင့် ယခုလိုပရိသတ်များကို ပြသခွင့်ရခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားနှင့် ပတ်သက်ပြီး ဒါရိုက်တာ ညိုမင်းလွင်က “ပရိသတ်ကိုနှစ်သစ် လက်ဆောင်ပေးနိုင် လိုက်သ လိုဖြစ်သွား တာတော့သေချာ ပါတယ်။ ပရိသတ်တွေ တအားကြည့် ချင်နေတဲ့ ဇာတ်ကား တစ်ခုကို ၂၀၁၅ ခုနှစ်မှာ ဦးဦးဖျား ဖျားပေးလိုက်နိုင် တာမို့ ပရိသတ် အတွက်နှစ် သစ်ကူး လက်ဆောင် တစ်ခု မှတ်မှတ်ရရ ဖြစ်သွားပါတယ်။

ကြမ်းတမ်းတဲ့ အပြတချို့ကိုတော့ နည်းနည်းလေး ဖြတ်ပေးလိုက်ပါတယ်။ အဓိကက တော့ ဒီဇာတ် ကား ပရိသတ်ဆီရောက်ဖို့ကို ကျွန်တော် ဦးစားပေးလိုက် ပါတယ်။ တကယ် ကြည့်လိုက်ရင် တော့ လိုအပ်လို့ ဒီဇာတ် ၀င်ခန်းကို သုံးကြိမ်ပြ သထား တယ်ဆိုတာ ကိုရှင်း သွားပါ လိမ့်မယ်”ဟု ၎င်းကဆို သည်။

ယင်းဇာတ်ကားတွင် မိန်းကလေး တစ်ဦးကို အုပ်စုဖွဲ့ကာ အဓမ္မပြုကျင့်ခဲ့ချိန်တွင် အဆိုပါအုပ်စုအတွင်းမှ တစ်ယောက်သည် ဗီဒီယို ရိုက်ယူထားခဲ့ပြီး ယင်းဗီဒီ ယိုဖိုင်ကိုဖွင့် ကြည့်သူတိုင်း ဇာတ်သိမ်းထိမကြည့်ရဘဲ အကြောင်း အမျိုးမျိုးနှင့် သေဆုံးခဲ့သည့် ပုံစံကိုရိုက် ကူးထားခြင်းဖြစ်သည်။

Mizzima

No comments:

Post a Comment