Thursday, January 8, 2015

အမျိုးသမီးလိဂ်တည်ထောင်ရန်ခက်ခဲကြောင်း ဦးဇော်ဇော်ဆို

အမျိုးသမီးလက်ရွေးစင်အသင်း အောင်မြင်မှုရရှိစေရန်အတွက် အမျိုး သမီးလိဂ်တည်ထောင် ရမည်ဖြစ်သော် လည်း ကလပ်အသင်းများမရှိသေး သဖြင့်ခက်ခဲကြောင်း ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ရန်ကုန်တိုင်းမ် သို့ပြောသည်။
''အမျိုးသမီးအသင်းက ပြိုင်ပွဲ တွေလိုနေပါတယ်။ လိဂ်တည်ထောင် ဖို့ရှိပေမယ့်လဲ ဘောလုံးအသင်းတစ် သင်းကိုတည်ထောင်ပြီး ရင်းနှီးမြှုပ်နှံ မှုလုပ်ဖို့ဆိုတာကလဲ တအားခက်ခဲပါ တယ်။ အမျိုးသမီးလိဂ်အနေနဲ့ ကစား လို့ရအောင် အသင်းတွေတိုးလာအောင် ရင်နှီးမြှပ်နှံမယ့်အသင်းပိုင်ရှင်တွေ လဲလိုပါတယ်။ ဝန်ကြီးဌာနအနေနဲ့က လဲ ဘတ်ဂျက်အနေအထားနဲ့ သုံးစွဲရ တာဖြစ်တဲ့အတွက် အသင်းတစ်သင်း သပ်သပ်ထောင်ဖို့ခက်ခဲပါတယ်''ဟု ဦးဇော်ဇော်ကသုံးသပ်ပြောကြားသည်
လက်ရှိအချိန်တွင် အမျိုးသမီး ကလပ်အသင်းအနေဖြင့် မြဝတီ၊ အား/ ကာသိပ္ပံနှင့် ပြည်ထဲရေးအသင်းတို့ ရှိနေပြီး အမျိုးသမီးလိဂ်တည်ထောင် ပါက နေရှင်နယ်လိဂ်အသင်းများက အမျိုးသမီးအသင်းများ ထပ်မံတည် ထောင်ပေးရန်ရှိကြောင်းသိရသည်။
''အမျိုးသမီးလိဂ် တည်ထောင် ဖို့နဲ့ပတ်သက်ပြီးတော့ လိဂ်ကော်မတီ အစည်းအဝေးမှာလဲ အသင်းပိုင်ရှင် တွေက ဝိုင်းပြီးတည်ထောင်ပေးဖို့ပြော ထားတာရှိပါတယ်။ ဒီနှစ်ထဲမှာဖြစ်လာ ဖို့တော့ ရှိပါတယ်။ လုပ်ဖြစ်ရင်တော့ အသင်းရှစ်သင်းလောက်နဲ့စဖို့မှန်း ထားပါတယ်''ဟု ဘောလုံးအဖွဲ့ချုပ် မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဒေသတွင်း ပြိုင်ဘက်နိုင်ငံများ ဖြစ်သည့် ဗီယက်နမ်မှာ ၁၉၉၈ ခုနှစ် ကတည်းက အမျိုးသမီးချန်ပီယံရှစ်အ မည်ဖြင့် အသင်းပေါင်းခြောက်သင်း ပါဝင်ကစားလျက်ရှိပြီး ထိုင်းနိုင်ငံမှာ လည်း ၂ဝဝ၉ခုနှစ်ကတည်းကစတင် ကာ ထိုင်းအမျိုးသမီးပရီးမီးယားလိဂ်အမည်ဖြင့် အသင်းပေါင်းရှစ်သင်းဝင် ပြိုင်လျက်ရှိသည်။

Yangon Media Group

No comments:

Post a Comment