Monday, January 26, 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လပိုင်းအတွင်း အသက် (၆၀) ပြည့်မည်

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ၂၀၁၅ ပထမ ခြောက်လအတွင်း အသက် (၆၀) ပြည့်မည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
နိုင်ငံ့ဝန်ထမ်း ဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အနေဖြင့် အသက် (၆၀)ပြည့် ပါက ပင်စင်ယူရမည် ဖြစ်သည်။



မကြာသေးမီ ရက်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် CNA သတင်းဌာနတို့ အင်တာဗျူးတွင် ‘‘ကျွန်တော်တို့ စစ်မှု ထမ်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေအရ အ သက် (၆၀)ပြည့်ရင် အငြိမ်းစား ယူပါတယ်။ အဲဒီတော့ ကျွန်တော် အသက် (၆၀)မပြည့်ခင် ဒီကိစ္စ တွေ ပြီးမယ်၊ မပြီးဘူးဆိုတာတော့ အခြေအနေအများကြီးအပေါ် မူ တည်နေတယ်။ ကျွန်တော်ပင်စင် မယူခင် Cease Fire လက်မှတ်မ ထိုးရသေးလို့ ကျွန်တော်ပင်စင် မယူဘူးလို့ သွားလုပ်လို့ မရဘူး။ ဥပဒေအတိုင်းပဲ သွားရမယ်။ ဥပ ဒေက ခွင့်ပြုတဲ့ အတိုင်းပဲ သွား ရမယ်’’ဟု ဖြေကြားခဲ့သည်။

တပ်မတော်၏ လုပ်ထုံးလုပ် နည်းများအရ အငြိမ်းစားယူမည် ဆိုပါက တစ်နှစ်ကြိုတင် အသိပေးရပြီး အငြိမ်းစားမယူမီ ခြောက်လ အတွင်း လုပ်ငန်းတာဝန်များလွှဲ ပြောင်းခြင်းနှင့် ပတ်သက်၍ ပြင် ဆင်ဆောင်ရွက်ရသည်။

သို့သော် တပ်မတော်အရန် အင်အားဥပဒေအရ တစ်နှစ်ဆက် လက်တာဝန်ထမ်းဆောင်နိုင်ပြီး ဒုဗိုလ်ချုပ်ကြီး ဝေလွင်နှင့် ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့မှာ အသက် (၆၀) ပြည့်သွားပြီဖြစ်သော်လည်း  တပ်မတော် အရန်အင်အားဥပဒေအရ ဆက်လက်တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကာကွယ်ရေးဦးစီးချုပ်ဖြစ် လာပြီးနောက်ပိုင်း နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်ဝင်းအား ၂၀၁၃ တွင် အသက် (၆၀) ပြည့်သဖြင့် တပ်မတော်မှ ပင်စင်ပေးသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် စစ်တက္ကသိုလ်အပတ် စဉ် (၁၉)ဆင်း ထားဝယ်ဇာတိဖြစ်ပြီး ဇနီးမှာ ရခိုင်တိုင်းရင်းသူဖြစ် သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အငြိမ်းစားယူသွားပါက ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ် လာနိုင်မည်ဟု စစ်ရေးလေ့လာသူ များက သုံးသပ်ကြသည်။

7 Day Daily

No comments:

Post a Comment