Friday, January 2, 2015

နှစ်သစ်ကူးည ယာဉ်မတော်တဆမှုများ နှစ်ဦးသေ၊ ဒဏ်ရာရသူ သုံးဆမြင့်

၂၀၁၅ ကို ကြိုဆိုသည့် နှစ်သစ်ကူးညတွင် ရန်ကုန်တစ် မြို့လုံး၌ ယာဉ်တိုက်မှုကြောင့် နှစ် ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ သူမှာ ယမန်နှစ်ကထက် သုံးဆ ကျော် မြင့်မားခဲ့ကြောင်း သတင်း ရရှိသည်။

ဒီဇင်ဘာ ၃၁ မှ ဇန်န၀ါရီ ၁ ရက် နှစ်သစ်ကို ကူးပြောင်းချိန် အခိုက်အတန့်တွင် ရန်ကုန်တစ် မြို့လုံး၌ ယာဉ်တိုက်မှု ခုနစ်မှု ဖြစ် ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ဒဏ် ရာရရှိသူ ၂၃ ဦးအထိ မြင့်တက်ခဲ့ ခြင်းဖြစ်သည်။



နှစ်သစ်ကူးညတွင် ရန်ကုန် တစ်မြို့လုံးကို ရဲလုံခြုံရေးနှင့် ယာဉ်ထိန်းရဲများ တိုးချဲ့ချထားပြီး ယာဉ်မရပ်ရ နေရာရှိ ယာဉ်များကို ကရိန်းကားများဖြင့် ဖယ်ရှားရန် စီစဉ်ခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

‘‘စည်းကမ်းတွေ ချမှတ်ထား တာတော့ အရင်နှစ်က အတိုင်းပါ ပဲ။ ဘာမှထူးပြီး မပြောင်းလဲသွား ပါဘူး။ အရင်နှစ်ကလည်း နှစ် သစ်ကူးညမှာ လုံခြုံရေးတိုးချဲ့ခဲ့ တာပဲ’’ ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ဘိုဘိုဟန်က ပြောကြားသည်။

တစ်မြို့လုံး အတိုင်းအတာ အနေဖြင့် ဖြစ်ပွားခဲ့သော ယာဉ် တိုက်မှုအများစုမှာ အရက်သေစာ သောက်စားမောင်းနှင်မှုကြောင့် ဖြစ်ပြီး အပြင်းထန်ဆုံးအနေဖြင့် လှိုင်မြို့နယ်တွင် အရက်သေစာ သောက်စားထားသူက အရှိန်လွန် မောင်းနှင်လာသည့် ကားသည် လမ်းဘေးဝဲယာရှိ ဈေးဆိုင်တန်း များကို ၀င်တိုက်မိကာ လူ ၁၆ ဦး ခန့် ဒဏ်ရာရခဲ့သည်။

‘‘ဒီရက်တွေက ထုံးစံရှိတယ်။ မူးရူးပြီးမောင်းနေကြတဲ့သူတွေ အများကြီးပဲလေ။ ကားပိတ်တာ တော့ ကန်တော်ကြီးစောင်းနဲ့ ရန်ကုန်၊ အင်းစိန်လမ်းမ တစ်လျှောက်မှာ ၁၁ နာရီလောက်အထိကိုပိတ်နေတာ’’ ဟု အငှားယာဉ်မောင်း ဦးဖြိုးအောင်ဖေက ပြောသည်။

နှစ်သစ်ကူးညတွင် ရန်ကုန်မြို့တွင်း ပုံမှန်သွားလာနေကျ ကားအစီးရေထက် ပိုမိုများခဲ့ပြီး နှစ်သစ်ကြိုဆိုမှု ပြုလုပ်ရာ နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှု အတန်ကြာ ဖြစ်ပွားခဲ့ကြောင်း တာဝန်ကျ ယာဉ်ထိန်းရဲများနှင့် အငှားယာဉ်မောင်းအချို့က ပြောကြားသည်။

7Day Daily

No comments:

Post a Comment