Wednesday, January 28, 2015

ကျောင်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန် ၈၈ (ငြိမ်း/ပွင့်)ကြေညာချက်ထုတ်ပြန်

Photo: ကျောင်းသားများနှင့် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန် ၈၈ (ငြိမ်း/ပွင့်)ကြေညာချက်ထုတ်ပြန်
Wednesday, January 28, 2015

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများအတွက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ တိုက်တွန်း ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရန် အစိုးရက လည်းကောင်း၊ လွှတ်တော်များက လည်းကောင်း ဆန္ဒပြကျောင်း သားများနှင့် တွေ့ဆုံဆွေးနွေးညှိ နှိုင်းအဖြေရှာရန် အလေးအနက် တိုက်တွန်းကြောင်း ယခုလ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် သဘောထားကြေညာချက်တွင် ဖော်ပြပါရှိသည်။

ဆန္ဒပြနေသော ကျောင်း သားထုအား သက်ဆိုင်ရာအာ ဏာပိုင်များက အကြမ်းဖက်ဖြိုခွဲ ခြင်း၊ နှောင့်ယှက်ဖမ်းဆီးတားဆီး ပိတ်ဆို့ခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်း သော နည်းလမ်းဖြင့်သာ ဖြေရှင်း ရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

ဖော်ပြပါဥပဒေသည် မူလ ရေးဆွဲစဉ်ကပင် ကျောင်းသား များ၊ ပညာရှင်များ၏ ဆန္ဒကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ရေးဆွဲခဲ့ သဖြင့် ယခုကဲ့သို့ ကန့်ကွက်ဆန္ဒ ထုတ်ဖော်နေခြင်းကို ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ထောက်ခံကြောင်း ဖော်ပြသည်။

ယင်းဥပဒေကြမ်းအား ပြင် ဆင်သုံးသပ်ပေးရန် ကျင်းပဆဲ (၁၂)ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ သမ္မတက သ၀ဏ်လွှာပေးပို့ခဲ့ရာ ယင်းဥပဒေသည် အသက်ဝင် နေပြီဖြစ်၍ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက ဥပဒေကြမ်း ပြုစု၍ လွှတ်တော်သို့ အမြန်ဆုံးတင်ပြရန် ပြည်ထောင်စုလွှတ် တော်က ပြန်လည်အကြောင်း ပြန်ကြားထားသည်။

နိုင်ငံလုံးဆိုင်ရာကျောင်းသားထုအရေးပေါ်အစည်းအဝေး၏
နိုဝင်ဘာ၂၃ရက်စွဲဖြင့် ထုတ်ပြန်ချက်

-လက်ရှိအတည်ပြုပြဋ္ဌာန်းထားသော အမျိုးသားပညာရေးဥပဒေ သည် ပညာရေးစနစ်ဟောင်းများကို အစားထိုးပြင်ဆင်နိုင်မှု မရှိ ခြင်း၊

-အမျိုးသားဥပဒေပြဋ္ဌာန်းချက်များသည် ကျောင်းသားထု၏ လွတ် လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ချည်နှောင်ကန့်သတ်ထားခြင်း၊

-အမျိုးသားပညာရေးဥပဒေ၏ မူဝါဒများသည် စ၊ လယ်၊ ဆုံး ဒီမို ကရေစီ မဆန်ခြင်း၊

-ပညာရေးစနစ်ကို စီမံခန့်ခွဲရာတွင် အစိုးရအုပ်ချုပ်ရေးပိုင်းကို ပါဝင် ထိန်းချုပ်ခွင့်ပေးထားခြင်း၊

-ကျာင်းသားသမဂ္ဂများတည်ထောင်ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်း ထားမှုမရှိခြင်းနှင့် ကျောင်း သား၊ ပြည်သူကို အခြေခံသော၊ ဒီမိုကရေစီပညာရေးအနှစ်သာရနှင့် ကိုက်ညီသောအမျိုးသားပညာ ရေးဥပဒေပေါ်ထွက်လာရေးတို့အတွက် တောင်းဆိုတိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်းအဝေးက ၂၀၁၄ နိုဝင်ဘာ ၁၃ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ပြောစကားအချို့

ဗီအိုအေနှင့် တွေ့ဆုံမေးမြန်းမှု တွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပညာရေးဥပဒေ ထွက်ပေါ်လာသော်လည်း နည်းဥပဒေနှင့် ဆက်စပ်ဥပဒေများ ထွက်ပေါ် လာမှုမရှိသေးချိန်၌ မကျေနပ်မှုများကို ဖြေရှင်းရန် လွယ်ကူမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
(၂၀၁၄ နိုဝင်ဘာနောက်ဆုံးပတ်တွင်အင်တာဗျူးထားခြင်း ဖြစ်သည်)

ပညာရေးသည် နိုင်ငံရေးကစားကွက်မဖြစ်သင့်ဘူးလို့ ကျွန်မပြောချင်ပါတယ်။ ကလေးတွေ နာပါတယ်။ အဲဒီတော့ စိတ်ရှည်ရပါမယ်ဟု နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ်က ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ပြောသည်။
(နိုဝင်ဘာလကုန်)

အမျိုးသားပညာရေးဥပဒေကို မကျင့်သုံးရသေးမီ ပြန်လည်ပြင်ဆင်ရန် တောင်းဆိုနေကြခြင်းသည် အဆင့်ကျော်နေသကဲ့သို့ ဖြစ်နေကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက သတင်းထောက်များအား ပြောသည်။ (နိုဝင်ဘာလ)

7Day DAILY

သပိတ်စစ်ကြောင်း တောင်သာသို့စတင်ထွက်ခွာလာစဉ် (ဓာတ်ပုံ−ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ)
အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများအတွက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ တိုက်တွန်း ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရန် အစိုးရက လည်းကောင်း၊ လွှတ်တော်များက လည်းကောင်း ဆန္ဒပြကျောင်း သားများနှင့် တွေ့ဆုံဆွေးနွေးညှိ နှိုင်းအဖြေရှာရန် အလေးအနက် တိုက်တွန်းကြောင်း ယခုလ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် သဘောထားကြေညာချက်တွင် ဖော်ပြပါရှိသည်။



ဆန္ဒပြနေသော ကျောင်း သားထုအား သက်ဆိုင်ရာအာ ဏာပိုင်များက အကြမ်းဖက်ဖြိုခွဲ ခြင်း၊ နှောင့်ယှက်ဖမ်းဆီးတားဆီး ပိတ်ဆို့ခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်း သော နည်းလမ်းဖြင့်သာ ဖြေရှင်း ရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

ဖော်ပြပါဥပဒေသည် မူလ ရေးဆွဲစဉ်ကပင် ကျောင်းသား များ၊ ပညာရှင်များ၏ ဆန္ဒကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ရေးဆွဲခဲ့ သဖြင့် ယခုကဲ့သို့ ကန့်ကွက်ဆန္ဒ ထုတ်ဖော်နေခြင်းကို ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ထောက်ခံကြောင်း ဖော်ပြသည်။

ယင်းဥပဒေကြမ်းအား ပြင် ဆင်သုံးသပ်ပေးရန် ကျင်းပဆဲ (၁၂)ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ သမ္မတက သ၀ဏ်လွှာပေးပို့ခဲ့ရာ ယင်းဥပဒေသည် အသက်ဝင် နေပြီဖြစ်၍ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက ဥပဒေကြမ်း ပြုစု၍ လွှတ်တော်သို့ အမြန်ဆုံးတင်ပြရန် ပြည်ထောင်စုလွှတ် တော်က ပြန်လည်အကြောင်း ပြန်ကြားထားသည်။

နိုင်ငံလုံးဆိုင်ရာကျောင်းသားထုအရေးပေါ်အစည်းအဝေး၏နိုဝင်ဘာ၂၃ရက်စွဲဖြင့် ထုတ်ပြန်ချက်

-လက်ရှိအတည်ပြုပြဋ္ဌာန်းထားသော အမျိုးသားပညာရေးဥပဒေ သည် ပညာရေးစနစ်ဟောင်းများကို အစားထိုးပြင်ဆင်နိုင်မှု မရှိ ခြင်း၊-အမျိုးသားဥပဒေပြဋ္ဌာန်းချက်များသည် ကျောင်းသားထု၏ လွတ် လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ချည်နှောင်ကန့်သတ်ထားခြင်း၊-အမျိုးသားပညာရေးဥပဒေ၏ မူဝါဒများသည် စ၊ လယ်၊ ဆုံး ဒီမို ကရေစီ မဆန်ခြင်း၊-ပညာရေးစနစ်ကို စီမံခန့်ခွဲရာတွင် အစိုးရအုပ်ချုပ်ရေးပိုင်းကို ပါဝင် ထိန်းချုပ်ခွင့်ပေးထားခြင်း၊-ကျာင်းသားသမဂ္ဂများ တည်ထောင်ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်း ထားမှုမရှိခြင်းနှင့် ကျောင်း သား၊ ပြည်သူကို အခြေခံသော၊ ဒီမိုကရေစီပညာရေးအနှစ်သာရနှင့် ကိုက်ညီသောအမျိုးသားပညာ ရေးဥပဒေပေါ်ထွက်လာရေးတို့အတွက် တောင်းဆိုတိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်းအဝေးက ၂၀၁၄ နိုဝင်ဘာ ၁၃ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ ပြောစကားအချို့ဗီအိုအေနှင့် တွေ့ဆုံမေးမြန်းမှု တွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပညာရေးဥပဒေ ထွက်ပေါ်လာသော်လည်း နည်းဥပဒေနှင့် ဆက်စပ်ဥပဒေများ ထွက်ပေါ် လာမှုမရှိသေးချိန်၌ မကျေနပ်မှုများကို ဖြေရှင်းရန် လွယ်ကူမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
(၂၀၁၄ နိုဝင်ဘာနောက်ဆုံးပတ်တွင်အင်တာဗျူးထားခြင်း ဖြစ်သည်)

ပညာရေးသည် နိုင်ငံရေးကစားကွက်မဖြစ်သင့်ဘူးလို့ ကျွန်မပြောချင်ပါတယ်။ ကလေးတွေ နာပါတယ်။ အဲဒီတော့ စိတ်ရှည်ရပါမယ်ဟု နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ်က ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ပြောသည်။
(နိုဝင်ဘာလကုန်)

အမျိုးသားပညာရေးဥပဒေကို မကျင့်သုံးရသေးမီ ပြန်လည်ပြင်ဆင်ရန် တောင်းဆိုနေကြခြင်းသည် အဆင့်ကျော်နေသကဲ့သို့ ဖြစ်နေကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက သတင်းထောက်များအား ပြောသည်။ (နိုဝင်ဘာလ)

7Day DAILY

သပိတ်စစ်ကြောင်း တောင်သာသို့စတင်ထွက်ခွာလာစဉ် (ဓာတ်ပုံ−ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ)

No comments:

Post a Comment