Sunday, January 11, 2015

ငုံးဥစားရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

ငုံးဥက ရောဂါအမျိုးအစားများစွာကို ကုသပေးနိုင်တဲ့ အစွမ်းထက် သဘာဝဆေးနည်း တစ်ခုဖြစ်ပါတယ်။ ကြက်ဥနဲ့ယှဉ်ရင် ငုံးဥမှာ ဖော့စ်ဖောရပ်စ်ငါးဆ၊ သံဓာတ်ခုနစ်ဆနဲ့ ဗီတာမင်ဆယ်ဆအထိ အသီးသီးပိုများပါတယ်။ အရွယ်အစားအားဖြင့် သေးငယ်တယ်ဆိုပေမယ့် ငုံးဥတစ်လုံးမှာ ကယ်လိုရီ ၁၅ အထိ ပါဝင်တယ်။

ရေ - ၇၄.၆%
အသားဓာတ် - ၁၃.၁%
အဆီ - ၁၁.၂%
သတ္တုဓာတ်နဲ့ တခြားအင်ဇိုင်းဓာတ်များ - ၁.၁%

ငုံးဥမှာ သွေးလည်ပတ်မှု၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အစာအိမ်နဲ့ ဦးနှောက်တို့အတွက် ကောင်းကျိုးဖြစ်ထွန်းစေတယ်။ အောက်မှာဖော်ပြထားတဲ့ လူတွေအတွက် အထူးပင်လိုအပ်ပါတယ်။

ဖွံ့ဖြိုးဆဲကလေးသူငယ်များ
အရွယ်ရောက်ပြီးသူများ
ပုံမှန်အစားအစာတစ်ခုတည်းကိုသာ မှီခိုနေရသူများ
အားကစားသမားများနဲ့ ကာယလုပ်သားများ

(၃) နှစ်အောက်ကလေးများ - တစ်နေ့ (၂) လုံး

(၃) နှစ်မှ (၅) နှစ် - တစ်နေ့ (၃) လုံး

(၅) နှစ်မှ (၁၀) နှစ် - တစ်နေ့ (၄) လုံး

ငုံးဥကို ထွင်ထွင်ထူးထူးပြင်ဆင်နေစရာမလိုအပ်ပါဘူး။ မနက်စောစော ဘာမှမစားမီ အစိမ်းလိုက် စားပေးရပါမယ်။ ပိုမိုလွယ်ကူစွာ စားသုံးနိုင်အောင် ဒိန်ချဉ်၊ လီမွန်၊ လိမ္မာ်၊ ချယ်ရီ သို့မဟုတ် ပန်သီးအချိုရည်စသည့်တို့ကို ထည့်စားနိုင်ပါတယ်။ ချိုတဲ့ အရသာဖြစ်စေဖို့ သိကြား၊ ပျားရည် သို့မဟုတ် ချောကလက်အမုန့်လေးတွေနဲ့လည်း ရောစားနိုင်ပါတယ်။

Source: Hfs
Trend Myanmar

No comments:

Post a Comment