Friday, January 23, 2015

ကချင်ဆရာမနှစ်ဦးအသတ်ခံရမှု မြစ်ကြီးနားလူငယ်များဆန္ဒပြ


ကချင်နှစ်ခြင်းအသင်း တော် (KBC) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးအသတ်ခံ ရမှုကို အဖြစ်မှန် ဖော်ထုတ်ရန် ဇန် န၀ါရီ ၂၂ ရက်က မြစ်ကြီးနားမြို့ တွင် လူငယ်များ ဦးဆောင်၍ အင်အား နှစ်ထောင် ခန့်ဖြင့် ဆန္ဒဖော် ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။မြစ်ကြီးနားမြို့ ကျွန်းပင်သာ ရပ်ကွက်ရှိ ဂိုက်စ် ဘုရားရှိခိုး ကျောင်းမှစတင်၍ ရှဒေါင်ကျေး ရွာဘုရားကျောင်းဝင်းအထိ ဆိုင်းဘုတ်နှင့် ဗီနိုင်းများ ကိုင်ဆောင်ကာအဖြစ်မှန်ဖော်ထုတ်ပေးရန် လမ်း လျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။‘‘အဓိက ရည်ရွယ်ချက်က ဒီ လိုအကြမ်းဖက်မှုတွေကို တုံ့ပြန် နေတဲ့ အချိန်မှာ ဂုဏ်သိက္ခာရှိရှိနဲ့ အမှန်တရား ပေါ်ဖို့ပါ။ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်’’ဟု မြစ်ကြီး နားဇုန်နယ် လူငယ်တာဝန်ခံ ကိုလုံအောင်က ပြောသည်။


သေဆုံးသွားသော ကျောင်း ဆရာမနှစ်ဦး၏ အလောင်းကို KBC ဦးစီး၍ မူဆယ်မှ မြစ်ကြီး နားသို့ ဇန်န၀ါရီ ၂၂ ရက်တွင် သယ် ဆောင်လာနေကြောင်း သတင်း ရရှိသည်။ ရုပ်အလောင်းများမှာ မြစ်ကြီးနားမြို့သို့ ဇန်န၀ါရီ ၂၂ ရက် ညဥ့်အချိန်တွင် ရောက်ရှိမည်ဖြစ်ပြီး ဒေသခံထောင် ဂဏန်းက ရှဒေါင်ဘုရားကျောင်း၌ စောင့်ဆိုင်းနေကြကြောင်း ဒေသ ခံများက ပြောသည်။

ကချင်နှစ်ခြင်းအသင်းတော် ကလည်း စေတနာ့ဝန်ထမ်းဆရာမ နှစ်ဦးအတွက် အသုဘအခမ်းအ နားနှင့် ဆုတောင်းပွဲတွင် ပါဝင် ကြရန် ဇန်န၀ါရီ ၂၂ ရက်ကထုတ် ပြန်ခဲ့သည်။


7Day Daily

No comments:

Post a Comment