Wednesday, January 7, 2015

အိုဘားမားခရီးစဉ်မတိုင်မီ အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်၌ တိုက်ပွဲများ ပြင်းထန်လာ

နှစ်နိုင်ငံ နယ်စပ်ဒေသတွင် အိန္ဒိယက အရပ်သားလေးဦးကို သတ်ဖြတ်ခဲ့ကြောင်း ပါကစ္စတန်က စွပ်စွဲလိုက်ပြီး နယ်ခြားစောင့်တစ်ဦး သေဆုံးခဲ့သည်ဟု အိန္ဒိယအစိုးရကလည်း ပြောကြားခဲ့ရာ အမေရိကန်သမ္မတ အိုဘားမား အလည်အပတ်ခရီးစဉ်မတိုင် မီ နျူကလီးယားအင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

အိန္ဒိယမြေပေါ်တွင် တိုက် ခိုက်မှုပြုလုပ်ရန် စီစဉ်နေသော ပါကစ္စတန်နိုင်ငံသားလေးဦးကို သတ်ဖြတ် လိုက်သည်ဟု အိန္ဒိယ အစိုးရက ပြောကြားသည်။



အိန္ဒိယနိုင်ငံဘက်မှ ပစ်ခတ်မှုကြောင့် အရပ်သားလေးဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က အတည်ပြုပြောသည်။

၁၂၅ မိုင် ရှည်လျားသည့် နယ်စပ်တစ်လျှောက် ချထားသော စခန်း ၆၀ ခန့်ကို စက်သေနတ်နှင့် မော်တာများဖြင့် ပစ်ခတ်မှုခဲ့၍ ၎င်းတို့ဘက်က တုံ့ပြန်ခဲ့သည်ဟု အိန္ဒိယနယ်စပ် လုံခြုံရေးတပ်ဖွဲ့ အရာရှိကြီးတစ်ဦးကပြောသည်။

တနင်္လာနေ့က ဖြစ်ပျက်မှု များမှာ ဂျမ်မူနှင့် ကတ်ရှ်မီးယား ဒေသ နိုင်ငံတကာနယ်စပ် အနပ် ဆမ်ဘား ခရိုင်တွင် ဖြစ်ပေါ်ခဲ့ပြီး နှစ်သစ်ကူး အကြိုနေ့ကလည်း အိန္ဒိယတပ်ဖွဲ့များ၏ ပစ်ခတ်မှု ကြောင့် ပါကစ္စတန်တပ်ဖွဲ့ဝင် နှစ် ဦး သေဆုံးခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

နှစ်နိုင်ငံကြား တိုက်ခိုက်မှု များ မြင့်တက်လာ၍ ဇန်န၀ါရီ နှောင်းပိုင်း၌ ကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနှင့် သမ္မတ အို ဘားမား၏ အလည်အပတ်ခရီး စဉ်များမတိုင်မီ စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ ရှောင်လွှဲနိုင်ရေး အိန္ဒိယနိုင်ငံတစ်ဝန်း လုံခြုံရေးအ သင့်ရှိမှုကို မြှင့်တင်ထားသည်။

အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒ ရာမိုဒီက ငြိမ်းချမ်းရေး ဆွေးနွေး မှုများကို သြဂုတ်လအတွင်း ရပ် တန့်လိုက်ချိန်မှစ၍ တင်းမာမှုများ မြင့်တက်လာခဲ့သည်။

ယခင်က ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့သော နယ်စပ်တစ်လျှောက် ကျေးရွာများ၌ လက်နက်ကြီးများဖြင့် ကြိုးကြားကြိုးကြား ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

—Ref: Reuters
7Day Daily

No comments:

Post a Comment