Thursday, January 29, 2015

သပိတ်မှောက်ကျောင်းသားများ ရန်ကုန်မြို့တွင် ဥပဒေမဲ့ဆန္ဒပြခြင်း၊ သပိတ်စခန်းဖွင့်ခြင်းများ လုပ်ဆောင်လျှင် အရေးယူမည်ဟုဆို


သပိတ်မှောက်ကျောင်းသားများ ရန် ကုန်မြို့တွင် ဥပဒေမဲ့ဆန္ဒပြခြင်း၊ သပိတ်စခန်း ဖွင့်ခြင်းများ ဆောင်ရွက်လျှင် တည်ဆဲဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဟု ရန်ကုန်တိုင်းဒေသကြီး ခရိုင်ရဲမှူးကြီးက ပြောကြားလိုက်သည်။

''တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန် ချက်နဲ့အညီ ပြီးတော့ ငါတို့ကတော့ တရားဝင် စီတန်း လှည့်လည်ခွင့်ပြုချက် ရှိ၊ မရှိ မေးမယ်။ မရှိဘူးဆိုရင် ဥပဒေနဲ့ အညီ ဆောင်ရွက်မယ်။ ဥပဒေ ရှိနေတာပဲလေ။ ကျောင်းသားတွေ ရန် ကုန်မှာ သပိတ်စခန်းဖွင့်တာတွေ၊ ဆန္ဒပြတာ တွေလုပ်မယ်ဆိုရင် တည်ဆဲဥပဒေအရ တရား ဝင် ဖြစ်ရမယ်။ တရားဥပဒေနဲ့ ကျောင်းသား တွေလုပ်ရပ် ဆန့်ကျင်ရင်တော့ ရဲလုပ်ထုံးလုပ် နည်းတွေနဲ့အညီ ဆောင်ရွက်မယ်''ဟု ပြော သည်။



ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့အနေဖြင့် ကျောင်းသားသပိတ်များ နှင့်ပတ်သက်၍ ညင်သာစွာကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲ မှူးများကို ဇန်နဝါရီ ၂၇ရက်တွင် ရန်ကုန် တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံ ရေးအစည်းအဝေးတွင် အထူးမှာကြား ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် အမျိုးသားပညာ ရေးဥပဒေကြမ်းကို သပိတ်မှောက်သော မြန်မာနိုင်ငံအတွင်းရှိ သပိတ်မှောက် ကျောင်းသားများသည် ရန်ကုန်မြို့သို့ ဆုံရပ်အဖြစ် ချီတက်လာပြီး ¤င်းတို့ဖြတ် သန်းရာမြို့နယ်တိုင်းတွင် ပြည်သူများက ပူးပေါင်းပါဝင်လျက်ရှိကာ ဇန်နဝါရီ ၂၈ရက်တွင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆန္ဒပြ ကျောင်းသားခေါင်းဆောင် ကိုရဲဇာနည်ထွန်းက ''ကျွန်တော်တို့က ရန်ကုန်ရောက်လဲ ခွင့်ပြုမိန့် တင်သွား မှာမဟုတ်ဘူး။ လက်ရှိ တည်ဆဲဥပဒေ အရပဲအရေးယူ ကျွန်တော်တို့ကတော့ နောက်ဆုတ်မှာမဟုတ်ပါဘူး။ ဆက်ပြီး ချီတက်မှာပါ။ သူတို့ဖမ်းမယ်ဆိုရင်လဲ ကျွန်တော်တို့က ရင်ဆိုင်ဖို့အသင့်ပါ'' ဟု ပြောသည်။

ကျောင်းသားသပိတ်နှင့် ပတ်သက် ၍ အကြမ်းဖက်သည့်ပုံစံမျိုးနှင့် တားဆီး ပိတ်ပင်ရန်မသင့်ဘဲ ညှိနှိုင်းဆွေးနွေးမှု များနှင့်သာ အဖြေရှာသင့်ကြောင်း၊ ပညာ ရေးနယ်ပယ်မှ တာဝန်ရှိသူများနှင့်သာ ညှိနှိုင်း ဆွေးနွေးသင့်ကြောင်းလည်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သမိုင်း ကထိကဆရာမတစ်ဦးက ပြောသည်။
''တကယ်တွေ့သင့်တာ ပညာရေး နယ်ပယ်က ပြည်ထောင်စုဝန်ကြီးတွေပါ။ အခုက မဆိုင်တဲ့ဝန်ကြီးတွေနဲ့တွေ့တယ် ဆိုတာ စဉ်းစားစရာဖြစ်တယ်''ဟုပြော သည်။

အစိုးရ၏ကမ်းလှမ်းချက်အရ ဇန် နဝါရီ၂၈ရက်တွင် သမ္မတရုံးပြည်ထောင် စုဝန်ကြီးဦးအောင်မင်းနဲ့ ကျောင်းသား ကိုယ်စားလှယ်နှစ်ဦးဖြစ်သော ကိုနန္ဒ စစ်အောင်နှင့် ကိုအောင်မှိုင်းဆန်းတို့ တွေ့ဆုံခဲ့ကြသည်။

အမျိုးသားပညာရေးဥပဒေကြမ်း ကို ယမန်နှစ် နိုဝင်ဘာလတွင် တက္က သိုလ်အသီးသီးရှိ ကျောင်းသားများ လေး ရက်တိုင်တိုင် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အဆိုပါဥပဒေကို ရက်ပေါင်း၆ဝအတွင်း ဖြေရှင်းပေးရန် ကြေညာချက်ထုတ်ပြန် ပြီး သက်ဆိုင်ရာအစိုးရထံ တောင်းဆိုခဲ့ ကြသော်လည်း သက်ဆိုင်ရာမှ ဆွေးနွေး မှုမရှိသောကြောင့် ၂ဝ၁၅ခုနှစ် ဇန်နဝါ ရီ ၂ဝရက်တွင် မန္တလေးမြို့ရှိ အိမ်တော် ရာဘုရားဝင်းမှ စတင်ပြီး ရန်ကုန်သို့ ဆန္ဒပြချီတက်လျက်ရှိသည်။

ဓါတ်ပုံ - AFP,
/အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေသော မြန်မာကျောင်းသား လူငယ်များ မန္တလေးတွင် ဇန်နဝါရီ ၂ဝရက်က ဆန္ဒပြကြစဉ်။ /

‪TheYangonTimes‬
Yangon Media Group

No comments:

Post a Comment