Sunday, January 11, 2015

အမှုစစ်ဆေးစဉ် ရိုက်နှက် နှိပ်စက်မှုများကို တိုင်ကြားပါက အရေးယူပေးမည်ဟုဆို


ရဲစခန်းများတွင် အမှုစစ် ဆေးသည့်အခါ ရိုက်နှက်နှိပ်စက် မှုရှိ၊ မရှိ တိုက်ရိုက်ကြည့်ရှုနိုင်ရန် စီစီတီဗီများ တပ်ဆင်ထားပြီး တိုင်ကြားလာပါက စစ်ဆေးအ ရေးယူမည်ဟု နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှသတင်းရရှိသည်။

သို့ရာတွင် အမှုစစ်ဆေး သည့် စီစီတီဗီမှတ်တမ်းများကို လာရောက် တောင်းခံကြည့်ရှု သည့် တရားခံမိသားစုအရေအ တွက်မှာ နည်းပါးနေသေးကြောင်း အမှုစစ် ရဲအရာရှိတစ်ဦးက ဆို သည်။

‘‘တရားခံတွေ နှိပ်စက်ခံရ တယ်။ ညှဉ်းပန်းခံရတယ်။ ဒါတွေ က အများကြီးဖြစ်ပါတယ်။ တစ် ခါတလေ တိုင်ကြားမှုတွေမှာ မှန် ကန်တာရှိသလို၊ မမှန်ကန်တာ တွေလည်း ရှိပါတယ်။ ဒါကြောင့် စီစီတီဗီ တပ်ထားတယ်။ အမှုစစ် တဲ့အခါ ဆွေမျိုးသားချင်းတွေ လာကြည့်လို့ရတယ်’’ဟု နေပြည် တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ကြီးကိုကိုအောင်က ပြောသည်။


ရိုက်နှက်စစ်ဆေးမှုရှိသည် ဟု တိုင်ကြားလာပါကလည်း မှတ်တမ်းတင်ထားသော စီစီတီ ဗီမှတစ်ဆင့် ပြန်လည်ပြသ စစ် ဆေးကာ အရေးယူမှုများပြုလုပ် ပေးနေကြောင်း ရဲမှူးကြီးကိုကို အောင်က ပြောသည်။

‘‘ဒီလိုမျိုး ဖြစ်စဉ်တွေက ရဲ ၀န်ထမ်းနဲ့ တရားခံတွေကြားမှာ မကြာခဏဖြစ်တဲ့ ပြဿနာမျိုးပါ။ အခုလိုမျိုး ရဲစခန်းတွေဘက်က လုပ်လာတာဆိုရင်တော့ ၀န်ခံရ အောင်နှိပ်စက်တာတွေ အရင်က ထက် နည်းပါးသွားနိုင်တယ်’’ဟု ရှေ့နေဦးတင်သန်းဦးက ပြောသည်။

ရဲဝန်ထမ်းများအနေဖြင့် ပြစ် မှု အသားပေးကိုင်တွယ်ပါက လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ တ ရားခံကို အသားပေး ကိုင်တွယ်ပါ က ပြစ်မှုတွင် အားနည်းခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ယင်းနည်း လမ်းနှစ်ခုအကြား လိမ္မာပါးနပ်စွာ ကိုင်တွယ်စစ်ဆေးနိုင်ရန် လိုအပ် သည်ဟု ဦးတင်သန်းဦးက သုံး သပ်သည်။

ရဲစခန်းများက တရားခံများ လူ့အခွင့်အရေး အပြည့်အ၀ ရရှိ စေရန် လုပ်ဆောင် လာသော် လည်း ရဲစခန်းများနှင့် စွပ်စွဲခံရ သူများကြားတွင် အငြင်းပွားနေ ဆဲဖြစ်ကြောင်း ပျဉ်းမနားတရား ရုံးတွင် လာရောက် အမှုရင်ဆိုင် သည့် မိသားစုဝင်တစ်ဦးက ပြော သည်။

‘‘စီစီတီဗီကနေ အမှုစစ်နေ ရင် ကြည့်လို့ရတာ။ ပြန်တောင်း ကြည့်လို့ရတာတွေတော့ မသိ ဘူး။ အရင်တုန်းကဆို အမှုစစ်ရင် နှိပ်စက်ပြီး ၀န်ခံအောင် လုပ်တာ မျိုးတွေရှိတယ်’’ဟု ပျဉ်းမနား တရားရုံးတွင် အမှုစစ်ဆေးခံနေရ သူ တစ်ဦး၏ မိခင်ကပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ မြို့ နယ် ရဲစခန်းများတွင် ၂၀၁၂ ခုနှစ် ကတည်းက စီစီတီဗီ တပ်ဆင် အသုံးပြုနေပြီး လျှပ်စစ်မီးမရရှိ သော နေရာများတွင်သာ တပ် ဆင်ရန် ကျန်ရှိတော့သည်ဟု သိ ရသည်။

7Day Daily

No comments:

Post a Comment