Friday, January 30, 2015

မန္တလေးမြို့ ရပ်ကွက်များတွင် လေလွင့်ခွေးကိုက်မှု များပြားလာ

ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာရှိ လေလွင့်ခွေးများ စောင့်ရှောက်ထားသည့် ဂေဟာကိုတွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ကျော်စိုးပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာရှိ လေလွင့်ခွေးများ စောင့်ရှောက်ထားသည့် ဂေဟာကိုတွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ကျော်စိုး
မန္တလေးမြို့ရှိ ရပ်ကွက်နှင့် လမ်းများတွင် လေလွင့်ခွေးများ များပြားလာပြီး အုပ်စု ဖြင့် လိုက်လံ
ဆွဲတတ်သောကြောင့် ခွေးများကို မြင်လျှင်ကြောက်နေရကြောင်း ညပိုင်း အလုပ် မှပြန်လာသူ
များနှင့် ဆိုင်ကယ်တက္ကစီသမား များက ပြောသည်။ ရပ်ကွက်များထဲတွင် ညပိုင်းဆိုင်ကယ်ဖြင့်
အလုပ်ကပြန်လာလျှင် ခွေးအကောင်ရေ အများအပြားနောက်က လိုက်လံဆွဲခြင်း များဖြစ်ပေါ်
လျက်ရှိကြောင်း ညပိုင်းအလုပ်က ပြန်လာသူ ကိုဝေလင်းက ပြောသည်။

"ညပိုင်းတွေမှာ နေ့တိုင်းနီးပါးကြုံတွေ့ ရပါတယ်။ လိုက်ပြီးကိုက်ရင် ခွေးအကောင်ရေ က များတယ်။
ဆိုင်ကယ်နဲ့ဆိုတော့ အန္တရာယ် ဖြစ်မှာစိုးတယ်။ ခြေထောက်ကို လိုက်ပြီးဆွဲ တော့ ခြေထောက်ကို
အပေါ်တင်ရတော့ ဆိုင်ကယ်မှောက်မှာတွေ စိုးရိမ်ရတယ်" ဟု ၎င်းကပြောသည်။

လမ်းများတွင်လည်း အုပ်စုလိုက် နောက်က လိုက်လာပြီး ဆွဲသောကြောင့်အန္တရာယ်များ ကြောင်း၊
ပြီးခဲ့သည့်နှစ်ကစပြီး ခွေးများကိုမြင်လျှင် သတိထားပြီး ဆိုင်ကယ် စီးရကြောင်း ဆိုင်ကယ်တက္ကစီ
သမား ကိုမိုးသူက ပြောသည်။ "ညပိုင်းတွေမှာ ခရီးသည်ရလို့ လိုက်ပြီး ပို့ရင် နောက်ကနေ လိုက်
လာပြီးဆွဲတယ်။ ဆွဲတော့ခြေထောက်နဲ့ကန်တော့ ဆိုင်ကယ်လဲ မှာသတိထားရတယ်။ 
တစ်ယောက်တည်း ဆိုရင် ပိုပြီးကြောက်ရတယ်။ ညပိုင်း ခရီးသည်ပို့ရင် ခွေးမြင်တာနဲ့ အဝေးကနေ
ရှောင်ပြီးမောင်းရတယ်" ဟု ၎င်းပြောသည်။

ညပိုင်းများတွင် လေလွင့်ခွေးများသည် အချင်းချင်းကိုက်ကြခြင်း၊ ဆူညံစွာဟောင် ခြင်းများကြောင့်
ကောင်းစွာအိပ်မရကြောင်း၊ အနီးအနားရှိ အိမ်များတွင် ခွေးများမွေးထား လျှင် ပို၍ဆိုးဝါးကြောင်း 
ချမ်းမြသာစည် မြို့နယ်၊ တောင်ရွာသစ်ရပ်ကွက်နေ ဒေါ်နန်း သူဇာက ပြောသည်။

"ညတွေမှာ ဟောင်တာ ပိုပြီးဆိုးတယ်။ အိပ်နေတာတောင် လန့်ပြီးနိုးတယ်။ အိမ်နား က ခွေးသေး
သေးတွေ မွေးထားတော့ ပိုဆိုး တယ်။ လူရိပ်မြင်တာနဲ့ တစ်ညလုံးဟောင် နေတော့တာပဲ" ဟု 
၎င်းကပြောသည်။

လေလွင့်ခွေးများ ပပျောက်လျော့နည်း သွားအောင် လုပ်ဆောင်ရန် အဓိကတာဝန်ရှိ သူမှာ အစိုးရ
၏တာဝန်ဖြစ်ပြီး ယခင်က လေလွင့်ခွေးများကို အဆိပ်ပစ်ကာ ရှင်းလင်း မှုများ ရှိသော်လည်း
နောက်ပိုင်းတွင် အဆိပ် ပစ်ခြင်းမရှိကြောင်း၊ အဆိပ်ပစ်လျှင် ပစ်မည့် ရပ်ကွက်များကို ကြိုတင်
အကြောင်းကြား သင့်ပြီး ညပစ်လျှင် မနက်မိုးမလင်းခင် လာရောက်သိမ်းသင့်ကြောင်း တိရစ္ဆာန်
ဆရာဝန်တစ်ဦးက ပြောသည်။

"အဆိပ်ပစ်ပြီးမရှင်းချင်ရင် အိပ်ဆေး ကျွေးပြီးဖမ်းမှ အဆင်ပြေမယ်။ဖမ်းရင်လည်း ခွေးတွေထားဖို့
ဂေဟာလိုအပ်ချက်တွေ ရှိတယ်။ နိုင်ငံတော်က လေလွင့်ခွေးများထိန်း သိမ်းရေးဂေဟာထားသင့်
တယ်။ လေလွင့် ခွေးတွေက ပြည်သူအတွက် ကောင်းကျိုးပြု တာမရှိပါဘူး။ ကျန်းမာရေးရှုထောင့်
ကနေ ကြည့်ရင်လည်း မကောင်းပါဘူး" ဟု ၎င်းက ပြောသည်။

လေလွင့်ခွေးများ များပြားလာခြင်းသည် ခွေးရူးပြန်ရောဂါပိုမိုပြန့်ပွားလာနိုင်ကြောင်း၊ လေလွင့်ခွေး
များက လိုက်လံဆွဲလျှင် မတော်မဆ ယာဉ်အန္တရာယ်ဖြစ်ပေါ်ပြီး အကိုက်ခံရလျှင် ခွေးရူးပြန်ရောဂါ
ကာကွယ် ဆေးထိုးသင့်ကြောင်း၊ ခွေးများကိုမွေးထား လျှင် မိမိခြံဝင်းအတွင်းသာ မွေးထားသင့်
ကြောင်း တိရစ္ဆာန်ဆရာဝန်ကပြောသည်။

"မြန်မာလူမျိုးတွေက ခွေးတွေကို အစာ ကျွေးတာ သနားကြင်နာတတ်လို့ကျွေးတာဖြစ် ပေမယ့် 
လမ်းသွားလမ်းလာတွေကိုကိုက်ရင် တာဝန်ယူပြီးဖြေရှင်းပေးရမယ်။ ကိုယ်ကျွေး ထားတဲ့ ခွေးက
ကိုက်ရင် ကျွေးထားတဲ့သူမှာ တာဝန်ရှိတယ်။ လမ်းတွေပေါ်မှာ ဘယ်လိုခွေး အမျိုးအစားမဆို ပိုင်
ရှင်မပါဘဲ အပြင်မှာ ရောက်နေရင် လေလွင့်ခွေး အမျိုးအစားသာ ဖြစ်တယ်။ နိုင်ငံတကာမှာလည်း 
အခုလို သတ်မှတ်ထားတယ်" ဟု ၎င်းကပြောသည်။

လေလွင့်ခွေးများ လိုက်လံဆွဲခြင်းကို အမြန်ဆုံးလုပ်ဆောင် ရှင်းလင်းနိုင်မှသာ ခွေးပြန်ရောဂါကို
လည်း ထိန်းချုပ်နိုင် ကြောင်း၊ ယာဉ်မတော်မဆမှုများ ဖြစ်ပေါ် လာနိုင်ကြောင်း၊ အစိုးရက လေလွင့်
ခွေး ဂေဟာများ အမြန်ဆုံး လုပ်ဆောင်ပေးသင့် ကြောင်း ၎င်းတို့ကသုံးသပ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်၊ မဲကင်းကုန်းရွာနှင့် ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းလေ
ဆိပ်အကျော်၊ ပြင်ဦးလွင်မြို့ ၀င်အနီး သီရီနန္ဒာလမ်းတွင် လေလွင့်ခွေး များကို ကယ်ဆယ်ထား
သော ခွေးဂေဟာများ ရှိကြောင်း သိရသည်။

No comments:

Post a Comment