Thursday, January 1, 2015

အပြာကားများတွင် အကာအကွယ် မသုံးပဲ သရုပ်ဆောင်ခဲ့သူ အိတ်ခ်ျအိုင်ဗီပိုး တွေ့ ရှိ၍ ပါတနာများ ထိတ်လန့်


အမေရိကန် အပြာကား ဇာတ်ဆောင် တစ်ဦးသည် လိင်ဆက်ဆံခန်း များတွင် အကာအကွယ် မသုံးဘဲ သရုပ်ဆောင် ခဲ့ပြီး ယခုအ ခါ အိတ်ခ်ျအိုင်ဗီပိုး စမ်းသပ် တွေ့ ရှိသဖြင့် ကယ်လီဖိုးနီးယား ပြည်သူ့ ကျန်းမာရေး အရာရှိများက ဒီဇင်ဘာ ၂၉ ရက်တွင် ကျန်းမာရေး သတိပေးချက် ထုတ်ပြန် လိုက်ရသည့် အပြင် တွဲဖက် သရုပ်ဆောင်သူ များနှင့် သူ၏ အဖော်များ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။



ယင်းသရုပ်ဆောင် မင်းသားသည် အပြာကား နှစ်ကားတွင် အခြား သရုပ်ဆောင် များနှင့်အတူ သရုပ်ဆောင် ခဲ့ကြောင်း၊ ထိုသို့ လိင်ခန်းများ ရိုက်ချိန်က အကာ အကွယ် မသုံးခဲ့ကြောင်း၊ ပထမ ရုပ်ရှင် မရိုက်ကူးမီကသွေးအဖြေ စစ်သော်လည်းရောဂါပိုး မတွေ့ ဘဲ နောက်ပိုင်း တွင်မှ စစ်ဆေးတွေ့  ရှိခြင်းဖြစ်ကြောင်းပြည် သူ့ ကျန်းမာရေး ဌာနက ပြောသည်။ သို့ဖြစ်ရာ ယင်းနှင့် အတူ သရုပ်ဆောင်ခဲ့သည့် ရောဂါပိုး မရှိသေးသူ သရုပ်ဆောင် အချို့မှာလည်း ထိတ်လန့် တကြားဖြစ် ခဲ့ရသည်။
“ဒုတိယ အပြာကား ရိုက်ချိန်မှာ သူရောဂါ ပိုးရှိတဲ့ လက္ခဏာတွေ တွေ့ ရတာပါ။

 ဆေးရုံကို သူက သွားပြတော့မှ ရောဂါရှိပြီ ဆိုတာ သိလိုက်ရ တာပါ”ဟု ကျန်း မာရေး အသိပေးချက်တွင် ဖော်ပြ ထားသည်။
ကျန်းမာရေး သွေးစစ်ချက် အရ ကားရိုက်ကူး ရာတွင် ပါဝင်သည့် သရုပ်ဆောင် တစ်ဦးထံမှ ဒုတိယ သရုပ်ဆောင် ထံသို့ တစ်ဆင့် ရောဂါ ကူးစက် သွားခြင်းဖြ စ်နိုင်ကြောင်း၊ ပထမ ကားရိုက်ပြီး ချိန်တွင် ရောဂါ ကူးသွားခြင်း ဖြစ်နိုင်ကြောင်း ယင်းဌာန၏ သတိပေးချက်တွင် ဖော်ပြ ထားသည်။

သို့ သော်လည်း ယင်းသို့ ရောဂါပိုး ကူးသူ မင်းသား များသည် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မည်သည့် ကုမ္ပဏီက ရိုက်ကူးသည့် အပြာ ဇာတ်ကားတွင် ယခုကဲ့ သို့ ရောဂါပိုး ကူးကြခြင်း ဆိုသည်ကို ဌာနက ထုတ်ပြန် ပြောခြင်း မရှိပေ။

ဖိုးသူတော်(www.phothutaw.com)
Credit : Mizzima

No comments:

Post a Comment