Tuesday, January 20, 2015

ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြစ်မယ့် Food Fair ပွဲတော် စတော့မယ်

Photo: ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြစ်မယ့် Food Fair ပွဲတော် စတော့မယ်
Tuesday, January 20, 2015 

အစားအစာဆိုတဲ့ လူသားတိုင်းရဲ့ သည်းခြေကြိုက်ဖြစ်ပြီးအရသာရှိတဲ့၊ထူးခြားဆန်းပြားတဲ့အစားအသောက်
တွေကြိုက်တတ်သူတွေအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်းစားသောက်ဆိုင် လမ်းညွှန်ဖြစ်တဲ့ MyLannက အကြီးမားဆုံး Food Fair ကို ဇန်နဝါရီ ၂၄ရက်ကျရင် ပြည်သူ့ရင်ပြင်မှာ ကျင်းပပါတော့မယ်။

ဆိုင်ခန်းပေါင်း ၁ဝဝကျော်ပါဝင်ပြီး အမျိုးအစားစုံလင်လှတဲ့ အစားအသောက်ပွဲတော်မှာ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ အားတီ၊ ဉာဏ်လင်းအောင်တို့ရဲ့ ဖျော်ဖြေမှုနဲ့အတူ ယူရေနီယံအကအဖွဲ့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ကြမှာပါ။ နှစ်ရက်ကြာကျင်းပမယ့် ဒီပွဲတော်မှာ ခင်လှိုင်နဲ့ဒိန်းဒေါင်တို့ရဲ့ တင်ဆက်မှုနဲ့အတူ ကံစမ်း မဲအဖြစ် Honda Fitတစ်စီး၊ Samsung Note 4 ၁ဝလုံး၊ Huawei Ascend Mate 7 ၁ဝလုံးအပြင် အခြားဆု မဲတွေလည်း မဲဖောက်ပေမှာမို့ လက်မှတ်ရောင်းရငွေရဲ့ ၁ဝရာခိုင်နှုန်းကို မိဘမဲ့နဲ့ သက်ကြီးရွယ်အိုတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

Food Fair ကျင်းပရတာက စားသောက်ဆိုင်တွေနဲ့ စားသုံးသူတွေကြား ပျော်ရွှင်မှုနဲ့ အထိအတွေ့ရှိစေဖို့။ စားသောက်ပွဲတော်မှာ အားလုံး ပျော်ပျော်ပါးပါး စားသောက်နိုင်ဖို့ အခုလို စီစဉ်တာလို့ MyLann ရဲ့ Brand Ambassador အောင်မင်းခန့်က ဆိုပါတယ်။ စားဖို့ချည်းသက်သက်မဟုတ်ဘဲ ဘဝအမောတွေပြေစေမယ့်
ဖျော်ဖြေမှုတွေလည်း ပါတယ်လို့ ပြောပါတယ်။

ခင်လှိုင်၊ ဒိန်းဒေါင်တို့နဲ့အတူ အစီအစဉ်တင်ဆက်သူအဖြစ် ကမ်းလှမ်းလို့ ပါဝင်လာတဲ့ သရုပ်ဆောင် ပွင့်က ကိုယ်တိုင်လည်း အစားအစာကို ဝါသနာပါပြီး ပျော်ပျော်ပါးပါး လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ အစာလည်း
ဆေး၊ ဆေးလည်းအစာဆိုသလို သင့်တင့်အောင်စားရင် ကျန်းမာရေးလည်း အထောက်အကူ ပြုတာမို့ ပွဲတော်ကိုလာကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Food Fair အတွက် ပြည်သူ့ရင်ပြင်ဝင်ခွင့် အခမဲ့သတ်မှတ်ထားပြီး သရုပ်ဆောင်ခင်လှိုင်က ပရိသတ်ကြား လူသိများတဲ့ ဂေးတို့ရဲ့မာယာဇာတ်ကားထဲက ဇာတ်ရုပ်အတိုင်း ပြင်ဆင်ပြီး တင်ဆက်မှာဖြစ်ပါတယ်။ မုန့်မျိုးစုံပါဝင်ဖို့ မျှော်လင့်ထားသလို ကချင်ပြည်နယ်က ကြက်ဥကစော်၊ မြောင်းမြက ကြာဆံနဲ့လုပ်တဲ့ ကြက်ဥမရွေးလိုမုန့်မျိုး ရောင်းမယ်ဆိုရင် မိန်းမဝတ်ကြီးနဲ့ သွားစားမှာပါလို့ ခင်လှိုင်က ပြောပါတယ်။

kamayutmedia

No comments:

Post a Comment