Monday, February 2, 2015

2.2.2015 မှ 8.2.2015 ထိ ၇ ရက် သားသမီး ဟောစာတမ်း

တနင်္ဂနွေ                                              
ရည်ရွယ်ချက် များနေမည်။ စိတ်လေနေမည်။ ဆုံးဖြတ်ချက်တွေ အမျိုးမျိုး ချဖြစ်မည်။ သူများစကားထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အကောင်အထည် ဖော်ဖြစ်မည်။ အရာရာ တပိုင်းတစ တွေနှင့် ရပ်တန့်မနေဖို့ ကြိုးစားပါ။ပြီးပြတ်အောင် ဆောင်ရွက်ပါ။ မြွှေ မသေ ဒုတ်မကျိုး မဖြစ်စေပါနှင့်။ အားလုံးတော့ ဆုံးဖြတ်နိုင်သော်လည်း အချစ်ရေး အတွက် သင့် ရင်တွေလေးနေပေလိမ့်မည်။ အချစ်ရေးမှာ သင်မပြတ်သားနိုင်ပါ။ ရည်ရွယ်တာ ၁ယောက် ဖြစ်နေတာက ၁ယောက် ဖြစ်နေမည်။ နောက်ပြီး ကိုယ်ချစ်တဲ့သူကို မိဘတို့က သဘောမတူ ဖြစ်မည်။ အလုပ်ကိစ္စ အားလုံးအဆင်ပြေပါမည်။ ချစ်သူထံက လက်ဆောင်လာမည်။
အကျိုးပေးဂဏန်း - ၇၊ ၅၊ ၆။

အထူးဟော - အဆင်တော့ပြေမည်။ သို့သော် ထစ်ငေါ့မှု့ ဖြစ်မည်။
ယတြာ - တနင်္ဂနွေနံနက်မှာအုန်းသီးဆံ (၆) ဆံကို ဘုရားကပ်လှူပါ။
တနင်္လာ
ဟိုလိုလို သည်လိုလို တွေ ဖြစ်နေတတ်ပါတယ်။ အရာရာ မသေချာ သလို ဖြစ်နေမည်။ on the road လမ်းပေါ်မှာဘဲ ရှိနေတတ်တယ်။ လမ်းအဆုံးထိ မလျှောက်ရဲ ဖြစ်နေတတ်တယ်။ ရဲရဲလျှောက် ပါ။  ပြတ်ပြတ်သားသား လုပ်ပါ။ သင်မုချ အောင်မြင်ပါလိမ့်မည်။ အတိုက်အခံ တွေ ကြုံမည်။ ကျော်လွှားနိုင်မည်။ ရည်ရွယ်ချက် ပန်းတိုင်မပျောက်စေနှင့်။ အပေါင်းအသင်းကောင်းရဲ့ အကူအညီရမည်။ ငွေလိမ် ၊ လူလိမ် ခံရတတ်တယ်။ သူများအရှုပ်ကိုယ့်အရှုပ် ဖြစ်မည်။ ရင် ၊ ဝမ်း ချူချာမည်။ မစိုးရိမ်ရပါ။ စာမေးပွဲတွေအောင်မြင်မည်။ အလုပ်အင်တာဗျူး တွေ အောင်မြင်မည်။ ပစ္စည်း ပျောက်တတ်တယ်။ သတိထားပါ။ မဆင်ခြင်ပါက မကြာမှီ အိမ်ထောင်ကျတတ်တယ်။
အကျိုးပေးဂဏန်း - ၂၊ ၄၊ ၃။
အထူးဟော - ကံကောင်းပါတော့မယ်။
ယတြာ - တနင်္လာနေ့တွင် ငါး(၁၅)ကောင်ကို ရေများများတွင်  ဝယ်လွှတ်ပါ။
အင်္ဂါ
ဒီတပတ်မှာတော့ သင်က ဆရာကြီးပါဘဲ ။ အရာရာ သင်စွမ်းဆောင် နိုင်ပါလိမ့်မည်။ မိသားစု အတွက်ရော ၊ သင့်ချစ်သူ အတွက်ပါ သင့်ရဲ့ ကြိုးစားမှု့ တွေ ပေါ်လွင်မှု့ ဖြစ်လာပါမည်။ စက် ၊ ယာ ၊ မြေ ၊ တိုက် ၊ ခန်း (သို့မဟုတ်) ငွေကြေးတို့ မုချဝင်လာမည်။ ခရီးဝေးယာယီ တွေရောက်မည်။ ထင်ပေါ်ကျော်ကြားမှု့ တစ်ခုဖြစ်မည်။ ချစ်သူထံမှ လက်ဆောင်လှလှ လေးရမည်။ ရည်ရွယ်ချက်များနေလျှင် တစ်ခုပြီးတစ်ခု လုပ်ပါ။ အောင်မြင်မည်။ စာမေးပွဲအောင်မြင်မည်။ ထူးချွန်မည်။ ရာထူးတက် ၊ လစာတိုးမည်။
အကျိုးပေးဂဏန်း - ၃၊ ၅၊ ၇။
အထူးဟော - အောင်မြင်သူ ဖြစ်လာမည်။
ယတြာ - အင်္ဂါနံနက်တွင် အုန်းဆွမ်း နှင့် ဘယာကြော် ၈ ခု ကပ်လှူပြီးဆုတောင်းလိုက်ပါ။
ဗုဒ္ဓဟူး
ခရီးဝေးသွားရခြင်း ၊ အိမ် ၊ တိုက်နေရာပြောင်းရခြင်းဖြစ်မည်။ စီးပွားရေး ကိုယ်ပိုင် (သို့) ရှယ်ယာ အကျိုးပေးမည်။ အချစ်ရေး မှာ ပြောင်းလဲမှု့ ဖြစ်မည်။ချစ်သူ ထံမှ ကြို တင်လက်ဆောင်ဝင်လာမည်။ လုပ်ငန်းပြောင်းလဲ မှု့ ဖြစ်မည်။ ကျောင်းသား ၊ ကျောင်းသူ တို့ မုချ စာမေးပွဲအောင်မြင်မည်။ ဆိုင်ကယ် ၊ ကား ဂရုစိုက် မောင်းပါ။ ခိုက်မိမှု့ အနည်းငယ် ဖြစ်မည်။ ပစ္စည်းပျောက် ငွေလိမ်ခံရမည်။ အဝေးမိတ်ဆွေ ကူညီမှု့ ရမည်။ အနီးမိတ်ဆွေ ညံ့မည်။ ရစရာငွေရမည်။ ကျန်းမာရေးကောင်းတယ်။
အကျိုးပေးဂဏန်း - ၅၊ ၇၊ ၆။
အထူးဟော - ကံကောင်းသည်။  
ယတြာ - ဗုဒ္ဓဟူးနေ့ တွင် မြတ်စွာဘုရားကို ရေတော်ကပ်လှူပါ။
ကြာသပတေး
သူများအပြော ထက် လက်တွေ့ သိရမှ ယုံပါ။ လူလိမ် ၊ ငွေလိမ် ခံရမည်။ လူယုံမထားရ။ လူပေါင်းမှားမယ်။ စကားပြောဆင်ခြင်ပါ။ စကားများရတတ်တယ်။ အတိုက်အခံ တွေများမည်။ မလိုသူ တွေ့မယ်။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ခရီးဝေးယာယီ တွေရောက်မည်။ ဆွေမျိုးသားချင်း အတွက် စိတ်ရှုပ်ရမည်။ မိခင် ၊ အမ ၊ အဒေါ် ကျန်းမာရေး ဂရုစိုက်ပါ။ လုပ်ငန်းများ တပိုင်းတစ ဖြင့် ရပ် တန့် နေတတ်တယ်။ အပူလောင်ခြင်း ၊ မီးလန့်ခြင်း ၊ ဆိုင်ကယ်ကား ခိုက်မိခြင်း တို့ ဖြစ်တတ်၍ ဂရုစိုက်ပါ။ အချစ်ရေး မှာ ယူခါနီး ပြဿနာ သေးဖွဲလေးတွေ ကြုံတတ်တယ်။
ကံကောင်းဂဏန်း - ၅၊ ၀၊ ၉။
အထူးဟော - အတိုက်အခံများတတ်တယ်။
ယတြာ - ကြာသပတေးနံနက်တွင် အောင်သပြေ ၁၉ ညွန့် ဘုရားကို ကပ်လှူပါ။
သောကြာ
ရည်ရွယ်ချက် များနေတယ်။ တစ်ခုပြီး မှ တစ်ခု လုပ်ပါ။ အောင်မြင်ပါတယ်။ လုပ်ငန်း အဆင်ပြေပါတယ်။ စာမေးပွဲ အောင်မြင်မည်။ စိတ်လေနေတယ်။ စာကြည့်ရင်း စိတ်မငြိမ် ပါ။ ငွေကြေး (သို့မဟုတ်) ပစ္စည်းကိစ္စ ဖြင့် စကားပြောရမည်။ ခရီးယာယီ ၊ ခရီးဝေးတွေ ရောက်မည်။ လမ်းခရီးအန္တရာယ် မရှိပါ။  စက် ၊ မြေ ၊ ရွှေ ၀င်ထွက် မှု့ ဖြစ်မည်။ စီးပွးရေး စပ်တူ မလုပ်ရ။ လူပေါင်းမှားမယ်။ ခြေ၊ လက်ခိုက်မိတတ်၍ ဂရုစိုက်ပါ။ အချစ်ရေးမှာ မိဘသဘောမတူ ပြဿနာတက် မယ်။ သို့သော် မိဘပေးစားသူကို ယူဖြစ်မည်။
ကံကောင်းဂဏန်း - ၆၊ ၈၊ ၁။
အထူးဟော - အောင်မြင်မယ်။
 ယတြာ - သောကြာနေ့နံနက်တွင် မြောက်အရပ်ရှိလမ်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။
စနေ
ဤတပတ် စနေသားသမီး တို့မုချ ကံကောင်းပါတယ်။ ငွေဝင်မည်။ အလုပ်အဆင်ပြေမည်။ အချစ်ရေး အဆင်ပြေမည်။ လက်ထပ်မင်္ဂလာ အောင်မြင်မည်။ စာမေးပွဲ ဖြေဆိုသော ကျောင်းသား ၊ သူတို့ အတွက် အထူးအောင်မြင်မှု့ရမည်။ အကူအညီ ပေးသူပေါ်မည်။ ချုချာသော သူများကျန်းမာလာမည်။ လုပ်ငန်းလုပ်ကိုင်ရန် စီစဉ် သူများ လုပ်ဖြစ်မည်။ အောင်မြင်မည်။ အိမ် ၊ မြေ တိုက်တာ အဆောက်အဦး တို့လည်းအောင်မြင်မည်။ ခရီးဝေးတွေသွားရတတ်တယ်။ အန္တရာယ် မရှိပါ။ အင်တာဗျူး ဖြေမည့်သူများ မုချအောင်မြင်ပြီး အလုပ်ရမည်။ over time တွေလည်းရမည်။ မိဘသားချင်း အတွက်လည်း အကျိုးဆောင်မှု့ အောင်မြင်မည်။
အကျိုးပေးဂဏန်း - ၇၊ ၉၊ ၁။
အထူးဟော - အောင်မြင်ပါတယ်။
ယတြာ - စနေနေ့နံနက်တွင် ပွင့်နေသောထီးနီ (၇) လက်ကို ကပ်လှူလိုက်ပါ။ ဆုတောင်းပါ။ အောင်မြင်ပါတယ်။ 

No comments:

Post a Comment