Thursday, February 12, 2015

သပိတ်မှောက်ကျောင်းသားများ ရန်ကုန်သို့ ရောက်ရှိလာပါကဖြိုခွင်း ရန် အစီအစဉ်မရှိဟုဆို



သပိတ်မှောက်ကျောင်းသား များ ရန်ကုန်သို့ရောက်ရှိလာပါက ဖြို ခွင်းရန် အစီအစဉ်မရှိဟု ကမာရွတ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ရန်ကုန်တိုင်းမ်သို့ ပြောသည်။
''သူတို့အဖွဲ့တွေလာလို့ရှိရင် ငါ တို့ ဘာမှမလုပ်ဘူး။ လုပ်ဖို့လဲမရှိဘူး။ သူတို့ဘာသာသူတို့ ဆန္ဒထုတ်ဖော်တာ ဒါဟာဖြစ်ရိုးဖြစ်စဉ်ပဲ''ဟု ရဲမှူးကပြော သည်။
သပိတ်မှောက်ကျောင်းသားများ ရန်ကုန်သို့ ရောက်ရှိလာလျှင်လည်း ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လုံခြုံရေး ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ပေး ခြင်း၊ လမ်းရှင်းပေးခြင်းများ ပြုလုပ် ပေးဖွယ်ရှိကြောင်း ၄င်းကဆိုသည်။
သို့သော် ကျောင်းသားများအနေဖြင့် ရန်ကုန်တွင်ဆန္ဒပြမည်ဆိုပါက ခွင့်ပြု ချက်တင်ရမည်ဖြစ်ပြီး ခွင့်ပြုချက် မတင်ပါက ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် အရေးယူခံရခြင်း၊ မှတ်တမ်းတင်ထား မှုများရှိကြောင်း ၄င်းကဆက်လက် ပြောသည်။
''မှတ်တမ်းတွေကြည့်ပြီး ဘယ် ကျောင်းသားတွေ ဘယ်တုန်းက ဘယ် ဥပဒေတွေ ချိုးဖောက်ခဲ့တယ်ဆိုတာ ပြန်တူးဆွပြီး အရေးယူလို့ရတယ်''ဟု ရဲမှူးဇော်ဝင်းက ရှင်းပြသည်။
ကျောင်းသားများအနေဖြင့် ရန် ကုန်တွင် ဆန္ဒပြမည်ဆိုပါက တည်ဆဲ ဥပဒေနှင့် အညီ ဆောင်ရွက်စေလိုပြီး ခွင့်ပြုချက်တင်မည်ဆိုပါကလည်း တစ် နည်းနည်းဖြင့် ခွင့်ပြုပေးနိုင်မည်ဖြစ် ကြောင်း ရဲမှူးကဆက်လက်ပြောသည်။
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည် ထွန်းက ''ကျွန်တော်တို့ ရန်ကုန်ရောက် ရင်လဲ ခွင့်ပြုချက်တင်မှာမဟုတ်ပါဘူး'' ဟု ပြောသည်။
အစိုးရအနေဖြင့် သပိတ်မှောက် ကျောင်းသားများကို လက်ရှိတည်ဆဲ ဥပဒေနှင့် အရေးယူမည်ဆိုပါက ကျောင်းသားများအနေဖြင့် ဆက်လက် ရင်ဆိုင် သွားမည်ဖြစ်ကြောင်း ကိုရဲဇာ နည်ထွန်းက ဆိုသည်။
၎င်းကော်မတီဝင်မဖြိုးဖြိုးအောင် က ''သေချာတယ်။ ကျွန်မတို့ကျောင်း သားတွေက ဘယ်တော့မှ အကြမ်း မဖက်ဘူး''ဟုပြောသည်။
ကျောင်းသားများအနေဖြင့် ၄င်းတို့လိုချင်သည့် အချက်များကိုသာ တောင်းဆိုနေခြင်းဖြစ်ပြီး အစိုးရအနေ ဖြင့် အကြမ်းဖက်မှုများ မပြုလုပ်စေ လိုကြောင်း ၄င်းကဆိုသည်။
သပိတ်မှောက်ကျောင်းသားများ မန္တလေးမှ ရန်ကုန်သို့ ချီတက်လာ စဉ် တောင်သာမြို့နှင့် ဝဲလောင်မြို့များ တွင် လုံခြုံရေးများနှင့်ရင်ဆိုင်ခဲ့ရသည် ဟု မဖြိုးဖြိုးအောင်က ပြောသည်။
ဝဲလောင်မြို့၌ သပိတ်စစ်ကြောင်း တွင်ပါဝင်သူ NNER အဖွဲ့ဝင်တစ်ဦး အား လုံခြုံရေးများက ဖမ်းဆီးရန် ကား ပေါ်မှဆွဲချသည့် အပြုအမူများ၊ ဖမ်း ဆီးမည့် အပြုအမူများဖြင့် ကြမ်းကြမ်း တမ်းတမ်း တုံ့ပြန်မှုများရှိခဲ့ကြောင်း ၄င်းကဆိုသည်။
TheYangonTimes

No comments:

Post a Comment