Sunday, February 1, 2015

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လေးပွင့် ဆိုင်ဆွေးနွေးနေ


ကျောင်းသားကိုယ်စားလှယ်များနှင့် အစိုးရ သဘောတူညီထားသည့်အတိုင်း အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၁) ရက် နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ စတင်ပြုလုပ်နေကြောင်းသိရသည်။ ယင်းလေးပွင့်ဆိုင်တွေ့ဆုံပွဲတွင် အစိုးရ ဘက်မှ သမ္မတရုံးဝန်ကြီးဦးအောင်မင်းနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်ခင်စန်းရီတို့ဦးဆောင်ပါဝင်ဆွေးနွေးလျက် ရှိသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်မှကိုယ်စားလှယ်များတက်ရောက်ပြီး NNER ဘက်မှ ဒေါက်တာသိန်းလွင် ဦးဆောင်သော အဖွဲ့နှင့် ကျောင်းသား ကိုယ်စားလှယ်ဘက်မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးလျက်ရှိသည်။

နံနက်ပိုင်းဆွေးနွေးပွဲ၌ အမျိုးသားပညာရေး ဥပဒေကို ဥပဒေကြမ်းအဖြစ် လွှတ်တော်သို့ ပြန်လည်တင်သွင်းရန် ဆွေးနွေးခဲ့ကြောင်းသိရပြီး ယင်းသို့ ပြန်လည်တင်သွင်းရာ၌ သပိတ်မှောက် ကျောင်းသားများ ဘက်မှ တောင်းဆို ထားသော အချက် ၁၁ ချက်ကိုလည်း ဥပဒေကြမ်းတွင် ထည့်သွင်းေ ဆွးနွေးေ ပးနိုင်ရန် အဓိကဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း ကျောင်းသားကိုယ်စား လှယ်ဘက်မှ တာဝန်ရှိသူများက ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။
Eleven Media Group


No comments:

Post a Comment