Wednesday, February 25, 2015

ကိုးကန့်တိုက်ပွဲကြောင့် တရုတ်နယ်စပ်သို့ တိမ်းရှောင်သွားသော ဒုက္ခသည်အချို့ နေရပ်ပြန်လာ


 ကိုးကန့်ဒေသတွင် အစိုးရတပ်နှင့် ဖုန်ကြားရှင်၏ ကိုးကန့် တပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်စဉ် တရုတ်နယ်စပ်သို့ တိမ်းရှောင်သွားသော ဒေသခံအချို့ ယခုရက်ပိုင်းအတွင်း လောက်ကိုင်ဒေသသို့ ပြန်လည်ဝင်ရောက်လာကြောင်း စစ်ရှောင်ဒုက္ခသည်များက ပြောသည်။

‘‘ပြန်တာက စနေနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)ကတည်းက ပြန် တာပေါ့။ မြန်မာ လေးရာ၊ ငါးရာ လောက်ပေါ့။ ကြံခုတ်တယ် သူတို့ က။ ဒီနေ့ (ဖေဖော်ဝါရီ ၂၄)ရက်လည်း နည်းနည်းပါးပါးပြန်ကြတယ်။ ကျွန်တော်တို့ကတော့ မပြန်ဘူး။ အခြေအနေက ဘာမှန်းမသိဘူးလေ။ လူကတော့ သုံးလေးထောင်ကျော်ရှိတုန်းပဲ’’ဟု တရုတ်မြန်မာနယ်စပ် နယ်ခြားမှတ်တိုင်အမှတ် ၁၂၅ တွင် ခိုလှုံနေသည့် ကိုးကန့် ဒေသခံ ကိုရန်က ဖုန်းမှတစ်ဆင့် ပြောကြားသည်။



အစိုးရထုတ်ပြန်သည့် သ တင်းတွင်လည်း လောက်ကိုင်မြို့ အတွင်း တည်ငြိမ်အေးချမ်းစပြု လာ၍ တစ်ဖက်နိုင်ငံနယ်စပ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည့် ပြည် သူများအနက် အိမ်ထောင်စု ၁၅၅ စု၊ လူဦးရေ ၅၃၉ ဦးနှင့် ရွှေ့ပြောင်းလုပ်သား ၂၅၇ ဦး၊ စုစုပေါင်း ၇၉၆ဦး လောက်ကိုင်မြို့အတွင်း ပြန် လည်ဝင်ရောက်နေထိုင်နေကြောင်း ဖော်ပြထားသည်။


နယ်စပ်ဒေသနယ်ခြားမှတ် တိုင်များတွင် ခိုလှုံနေရသည့် ကိုး ကန့်ဒေသခံများအား တရုတ်နိုင်ငံ ဘက်က အစားအသောက်နှင့် အ ၀တ်အထည်များ လာရောက်ကူ ညီသော်လည်း ဒုက္ခသည်အရေအ တွက်များ၍ အခက်အခဲရှိကြောင်းသိရသည်။

ကိုးကန့်တိုက်ပွဲကြောင့် မြန် မာဘက်ခြမ်းမှ ဒုက္ခသည် လေး သောင်းကျော် တရုတ်နိုင်ငံဘက် သို့ ၀င်ရောက်ခိုလှုံနေပြီး လေး ထောင်ခန့်မှာ တရုတ်-မြန်မာနယ်စပ်မျဉ်းအနီး နယ်ခြားမှတ်တိုင်များ၌ ခိုလှုံနေရဆဲ ဖြစ်သည်။ ထို့ပြင် လောက်ကိုင်ဒေသခံမဟုတ်သည့် ရွှေ့ပြောင်းလုပ်သား ဦးရေသောင်းချီ ရန်ကုန်၊ မန္တလေးနှင့် လားရှိုးမြို့များသို့ ထွက်ပြေး တိမ်းရှောင်နေကြသည်။ လက်ရှိတွင် ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေးကြေညာ ထားပြီး ပြစ်မှုကျူးလွန်သူများကို တပ်မတော်က စစ်ခုံရုံးဖွဲ့၍ ပြစ်ဒဏ်ချမှတ်နိုင်သည်။

7 Day Daily

No comments:

Post a Comment