Thursday, February 12, 2015

မြန်မာနှင့်နယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် စိုးရိမ်ကြောင်းနှင့် နယ်စပ်တည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်အစိုးရက တိုက်တွန်း

တရုတ်နယ်စပ်တွင် မြန်မာ အစိုးရတပ် မတော်နှင့်သူပုန်တို့အကြား တိုက်ပွဲများအတွက် စိုးရိမ်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့ပြီး တိုက်ပွဲများကြောင့် ဒေသခံများ တရုတ်ပိုင်နက်အတွင်း ထွက်ပြေးဝင်ရောက် လာသဖြင့် နယ်စပ်တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းရန် တရုတ်က မြန်မာကို တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟွာချွန်ယင်က“မြန်မာအခြေအနေကို တရုတ်က စိုးရိမ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်း လုံခြုံရေးမတည်ငြိမ်တာကြောင့် မြန်မာနယ်စပ်က ဒေသခံတွေ တရုတ်ပိုင်နက်ထဲကို ဝင်ခဲ့ပါတယ်။ သူတို့ကို စောင့်ရှောက်ထား ပါတယ်။ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ ဖြစ်ပေါ်တိုးတက်မှုကို တရုတ်က အနီးကပ်ဆက်လက် စောင့်ကြည့်သွားမှာပါ” ဟု ဖေဖော်ဝါရီ ၁ဝ ရက် နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

နယ်စပ်တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုးပမ်းဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း သူကထပ်မံပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားမှုအတွက် နှစ်ဖက်စလုံးမှ ငြိမ်းချမ်းသော ဆွေးနွေးမှုများဖြင့် ကွဲလွဲမှုများကို ဖြေရှင်းမည်ဟု မျှော်လင့် ကြောင်း၊ တိုက်ပွဲများ အရှိန်မြင့်တက်လာပြီး နယ်စပ် တည်ငြိမ်ရေး ကို ထိခိုက်မလာစေရန် ဟန့်တားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ် နယ်စပ် လုံခြုံရေးနှင့် တည်ငြိမ်မှုကို မထိခိုက်စေရန် ကာကွယ်ရ မည်ဖြစ် ကြောင်း ဟွာချွန်ယင်က ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်း စု Myanmar National Democratic Alliance Army (MNDAA) နှင့် မြန်မာ့တပ်မတော်တို့ကြား ၂ဝဝ၉ ခုနှစ်က တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ်က ဒုက္ခသည် ၃ဝ,ဝဝဝ ကျော်သည် တရုတ်အနောက်တောင်ဘက်သို့ သွားရောက် ခို လှုံခဲ့ကြသဖြင့် တရုတ်အစိုးရက ဒေါသထွက်ခဲ့သည်။

No comments:

Post a Comment