Sunday, February 1, 2015

ဘရာဇီးတွင် နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ် ရင်ဆိုင်နေရ






ဘရာဇီးနိုင်ငံရဲ့ နေရာအတော်များများမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ် ရင်ဆိုင်နေကြရပါတယ်။
မိုးခေါင်မှုကြောင့် ရီယိုဒီ ဂျနေရိုပြည်နယ်က လယ်သမားတွေဟာ သူတို့ရဲ့ ကောက်ပဲသီးနှံတွေ၊ လယ်ယာသုံး တိရစ္ဆာန်တွေနဲ့ ကုန်ထုတ်လုပ်မှုတွေ အကြီးအကျယ် ဆုံးရှုံးနေကြပါတယ်။
ပြည်နယ်ကို ဖြတ်စီးနေတဲ့ မြစ်ဟာလည်း ပျမ်းမျှထက် ၁.၂ မီတာ မြစ်ရေ မျက်နှာပြင် ပိုနိမ့်ခဲ့လို့ နှစ် ၆၀ အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။

အကျိုးဆက်အနေနဲ့ တိရစ္ဆာန်တွေရောဈ ကောက်ပဲသီးနှံတွေ သေဆုံးနေပြီး စိုက်ပျိုးမွေးမြူရေးနဲ့ ထုတ်လုပ်ရေးပါ ထိခိုက်ခဲ့ပါတယ်။
ရီယိုဒီ ဂျနေရိုပြည်နယ် အစ်တယ်လ်ဗာ စည်ပင်ဒေသအတွက် ကျန်ခဲ့တဲ့ ၃နှစ် အတွင်း မိုးရေ လုံလောက်အောင် မရခဲ့ဘူးလို့ စိုက်ပျိုးရေးအတွင်းရေးမှူးက ပြောပါတယ်။
ပြည်နယ်ရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတွေက ရေအကျပ်အတည်းကို ထိန်းချုပ်ဖို့ အရေးပေါ် အစီအစဉ် အစိတ်အပိုင်းအနေနဲ့ အသေးစားထုတ်လုပ်သူ အယောက် ၁၃၀၀၀ ကို ကူညီဖို့နဲ့ ရေထိန်းသိမ်းရေး စီမံကိန်းတွေ တိုးချဲ့ရေး အတွက် အမေရိကန်ဒေါ်လာ ၈.၅၇ သန်း ရန်ပုံငွေ ထုတ်ပေးမယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက ကြေညာထားပါတယ်။
ဓာတ်ပုံ – ရိုက်တာ

No comments:

Post a Comment