Sunday, February 1, 2015

ပုသိမ် သပိတ်မှောက်ကျောင်းသူကို ကျောင်းကဆင့်ခေါ်



သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ အထက်တန်းကျောင်းသူတဦးကို ပုသိမ် အထက (၁) ကျောင်းဆရာဆရာမတွေက ကျောင်းခေါ်ချိန်မပြည့်တဲ့အတွက် ကျောင်းကနေ ထုတ်ပစ်ဖို့ အိမ်မှာ လာရောက်ပြီး လက်မှတ်ထိုးခိုင်းတယ်လို့ မိဘဖြစ်သူက ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရေး ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ် ၀င်တန်း စာမေးပွဲဖြေဆိုမယ့် ကျောင်းသူမချောစုစံရဲ့အိမ်ကို ဆရာဆရာမ ၅ ဦးက လာရောက်ပြီး လက်မှတ် ထိုးခိုင်းတယ်လို့ ဖခင် ဦးအောင်ကျော်သူက ပြောပါတယ်။

“ချောစုစံကို ကျောင်းခေါ်ချိန်လည်း မပြည့်ဘူး၊ အဲဒါ တခါတည်း ကျောင်းထုတ် လိုက်မယ်တဲ့။ အိမ်မှာတင် လက်မှတ်ထိုးခိုင်းတယ်။ ဒါကို ကျနော် မထိုးပေးဘူး။ လက်မှတ်ထိုးတာ ကျနော့်သဘောတခုတည်းမဟုတ်ဘူး၊ သူ့အမေနဲ့ တိုင်ပင်ပြီးမှ ဒါကို ပြောလို့ရမယ်လို့ ပြောတယ်။ တယောက်တည်း သဘောထားနဲ့ လုပ်လို့မရ ဘူးလားလို့ ပြန်မေးသေးတယ်။ ဒါဆို ဆရာကြီးရုံးခန်းကို ဆက်ဆက်လာခဲ့ပါဆိုပြီး ပြောသွားတယ်။”
အဲဒီနေ့ ကျောင်းအုပ်ကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ စာမေးပွဲဖြေဆိုဖို့ ရက်နီး ကပ်နေပြီဖြစ်တဲ့အတွက် ခေါ်ယူတွေ့ဆုံတာလို့ ကျောင်းအုပ်က ပြောကြောင်း အတူလိုက်ပါတွေ့ဆုံခဲ့တဲ့ သပိတ်စစ်ကြောင်း ကော်မတီဝင် ကိုအောင်ခန့်ဇော်က ပြောပါတယ်။

“ကျောင်းကခေါ်တာမှန်တယ်။ အဲ့တာသိလို့ ကျနော်တို့ လိုက်လာတာပါ။ ကျနော်တို့ရောက်တဲ့ အချိန်မှာ ကျောင်းအုပ်ဆရာပြောတာကတော့ ဒီဇန်နဝါရီ လအတွင်းမှာ ကျောင်း ၄ ရက်ပဲ တက်ထားတယ်။ အဲ့ဒီအတွက် ဘာဖြစ်လို့လဲ၊ ဘော်ဒါတက်နေလို့လား၊ ဘာကြောင့် ပျက်လဲ ဆိုတာ သူ့မိဘ နဲ့ မေးချင်လို့ ခေါ်တာဆိုပြီး ပြောပါတယ်။”

ဒါ့အပြင် ကျောင်းအနေနဲ့ သပိတ်စစ်ကြောင်းမှာ မချောစုစံ ပါဝင်တာကို ဖိအားေ ပးမှာ မဟုက်သလို ကျောင်းကနေထုတ်မှာမဟုတ်ဘူးလို့ ကျောင်းအုပ်က အားမ ခံပေးထားကြောင်း ကိုအောင်ခန့်ဇော်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ကြီးနဲ့ ကျောင်းဆရာ၊ မတွေကို ဒီဗွီဘီက အတည်ပြုမေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

မချောစုစံလို တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား/သူအများစုဟာလည်း ခုလိုချိန်မှာ ကျောင်းချိန် အပြည်အ၀ တက်ရောက်သူ နည်းပါးတယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။

အစိုးရ၊ လွှတ်တော်တို့နဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံနေတဲ့ ကျောင်းသားခေါင်းေ ဆာင်တွေ ကတော့ ဒီမိုကရေစီပညာရေး သပိတ်မှာ ပါဝင်တဲ့သူတွေကို အရေးယူတာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။
DVB

No comments:

Post a Comment