Sunday, February 1, 2015

၎ ပွင့်ဆိုင်ဆွေးနွေးပွဲ အချို့အချက်များ မပြေလည်၊ ဖေဖော်ဝါရီ ၃ ရက် ထပ်ဆွေးနွေးမည်





အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေ ဘက်က တင်ပြလာတဲ့ အချက် ၉ ချက်နဲ့ ပတ်သက်လို့ တချိ့အချက်တွေကို သဘောတူညီမှု မရရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့ ဆက်လက်ဆွေးနွေး မှာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က မူလ ပြောဆိုထားတဲ့အချက် ၁၁ ချက်ထဲ မှာ မပါတာတွေ ထပ်မံတင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲမှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် မျိုးမင်းဦးက ပြောပါတယ်။
ကျောင်းသား ကိုယ်စားလှယ်တွေ ထပ်မံတင်သွင်းတဲ့ အချက် ၉ ချက်ထဲက ညီတူညီမျှ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာ သတင်းထုတ်ပြန်ရေး၊ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှု စတဲ့ အချက်တွေကို သဘောတူပေမယ့် နံပါတ် ၅ ဖြစ်တဲ့ လက်ရှိ ဖွဲ့စည်းထားတဲ့ ကျောင်းသား၊ ဆရာများ သမဂ္ဂတွေရဲ့ တရားဝင်မှုကို လေးစားစွာ အသိအမှတ်ပြုရမယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့နေရာမှာ သဘောတူညီမှု မရခဲ့ဘူးလို့ ဆိုပါတယ်။
နံပါတ် ၆ အချက်ဖြစ်တဲ့ ပညာရေး မူဝါဒ ဥပဒေ နည်းဥပဒေများ ရေးဆွဲရာမှာ ဆရာနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ရေးဆိုတဲ့အချက်ကိုလည်း ၀န်ကြီး ဦးအောင်မင်းတို့ဘက်က မူအရ သဘောတူခဲ့ပါတယ်။

အချက် ၇ ဖြစ်တဲ့ ဒီမိုကရေစီ ပညာရေး သပိတ်မှာ ပါဝင်သူတွေကို အရေးမယူ ရဆိုတာနဲ့ ပက်သက်လို့ ဆက်နွေးရာမှာတော့ လက်ရှိ သပိတ်စစ်ကြောင်းကို ပုပ္ပါးအထိ တာဝန်ယူမှာဖြစ်ပြီး ကျန်တာကိုတော့ သမ္မတကို ပြောပေးမယ်လို့ ဦးအောင်မင်းက ဆိုပါတယ်။ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ စနေတဲ့အတွက် ကျောင်းသား သပိတ်စစ် ကြောင်းတွေ သပိတ်လှန်ပေးဖို့ အစိုးရဘက်က တောင်းဆိုထား ပါတယ်။
နံပါတ် ၈ အချက်ဖြစ်တဲ့ ရက်သုံးဆယ်အတွင်း ဆွေးနွေး ရရှိလာရမယ်ဆိုတာကို ဆောလျင်စွာဆိုတဲ့ စကားလုံးနဲ့ အစာထိုးပြီး သဘောတူခဲ့ကြပါတယ်။
နောက်ဆုံး နံပါတ် ၉ ဖြစ်တဲ့ လွှတ်တော်က အတည်ပြုရာမှာ ကျောင်းသာထု လိုးလာချက်နဲ့ ကိုက်ညီမှု ရရှိမယ် ဆိုတဲ့နေရာမှာ လွှတ်တော်က တိုက်တွန်းတယ် ဆိုတာနဲ့ အစားထိုးပြီး သဘောတူခဲ့ပါတယ်။
သဘောတူညီမှု ကျေကျေလည်လည် မရသေးတဲ့ အချက်တွေနဲ့ ပက်သက်လို့ လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့ နေပြည်တော်မှာ ဆက်ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။
ဆွေးနွေးပွဲ ရလဒ်နဲ့ ပက်သက်လို့ ကြေညာချက် ထုတ်ပြန်တဲ့အခါမှာ ဆွေးနွေးတဲ့ ၄ ဖွဲ့လုံး ပါဝင်ဖို့ သဘောတူခဲ့ကြ တယ်လို့ ဒီဗွီဘီသတင်းထောက် မျိုးမင်းဦးက ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်ကနေ ၂ ကြိမ်တိုင်တိုင် ဆွေးနွေး အတည်ပြု ပြဋ္ဌာန်း လိုက်တဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက် NNER နဲ့ သပိတ်ေ မှာက်ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီေ တွကနေ ကိုယ်စားလှယ် ၁၅ ဦးစီ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
DVB

No comments:

Post a Comment