Sunday, February 1, 2015

ရွှေမှော်အလုပ်သမား ၁၂၀ ကျော်အား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်



ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ မှော်ဒေသများတွင်လုပ်ကိုင်နေသော မှော် အလုပ်သမားများအား ဇန်နဝါရီ လ ၁၆ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် လာရောက် စုဆောင်းသွား ကြောင်း သိရ သည်။
“နယ်ကနေလာရောက်အလုပ်လုပ်ကိုင်သူများတယ်၊ ဒီဒေသမှာတော့ မှော် လုပ်ငန်း ၈ ခုလောက်ေ တာ့ရှိ တယ်။ ဒီမှော်တွင်းက ကျား/မ ၇၅ ယောက်ေ လာက်ခေါ် သွားတယ်”ဟု အောင်ဘာမှော်မှ အလုပ်သမား တစ်ဦးက ပြော သည်။

အဆိုပါ အဖွဲ့အနေဖြင့် ဒေသအတွင်းမှ မှော်သူ/မှော်သား စုစုပေါင်း ၁၂၅ ဦးအား လူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း မှော်လုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။
“ဒီမှာလည်း လုပ်ငန်းအဆင်ပြေအောင်လုပ်နေရတယ်၊ လူသစ်ဆိုလည်း မူးယစ်ေ ဆးဝါးသုံးစွဲတယ်ဆိုပြီး အကြောင်းပြစုလိုက်နဲ့ ခေါင်းစ ဉ်အမျိုးမျိုး ကိုပြနေတာပဲ။ ဆက်ကြေးကလည်း မလွတ်ဘူး၊ အလုပ်သမား တွေနဲ့ အလုပ် လုပ်ရ တယ်ကို မရှိဘူး၊ ရှောင်ခိုင်းနေရတယ်”ဟု ဝေကျင်ရွှေမှော်မှေ ဒသခံ မှော်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ယခုလို KIA အဖွဲ့အနေဖြင့် မှော်ဒေသများတွင် လူသစ်စုဆောင်းမှုများ မကြာ ခဏ ပြလုပ်လာပြီး ဆက်ကြေးများလည်း အဆက်မပြတ်တောင်း ခံမှုများ ကြောင့် ဒေသ ခံ လုပ်ငန်းရှင်များမှာလည်း လုပ်သား အခက်အခဲ၊ ငွေရေး ကြေးရေး အခက်အ ခဲများ ကိုရင်ဆိုင်နေ ရကြောင်းနှင့် ဒေသခံတိုင်းရင်းသား တို့၏ ငြိမ်းချမ်းရေးမျှော် လင့်ချက် အရောင်မှာလည်း မှေးမှိန်နေ အုံးမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ခံကျောင်း ဆရာ တစ်ဦးက ပြောကြား သွားခဲ့သည်။
ကျော်ဇေယျ(တနိုင်း)

No comments:

Post a Comment