Saturday, February 14, 2015

ငွေကျပ် သိန်းသုံးသောင်းကျော် ရင်းနှီးမြှုပ်နှံ၍ POKKA အချိုရည် စက်ရုံတစ်ရုံ တည်ဆောက်မည်


ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ စက်မှုဇုန် အတွင်း၌ကောင်းထက် (မြန်မာ) ကုမ္ပဏီလီမိ တက် မှ ငွေကျပ်သိန်း သုံးသောင်းကျော် ရင်းနှီးမြှုပ်နှံ၍ POKKA အချိုရည် စက်ရုံတစ်ရုံကို ဧပြီလတွင် စတင် တည်ေ ဆာက်မည် ဖြစ်ကြောင်း ကောင်းထက် (မြန်မာ) ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးမင်းဗညားစန်းက ပြောသည်။
အဆိုပါ POKKA အချိုရည်စက်ရုံကို မြေ ၁ဝ ဧကတွင် ဆောက်လုပ်မည်ဖြစ်ပြီး ဒီဇင်ဘာလတွင် အပြီး တည်ဆောက် သွားမည် ဖြစ်ကာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် စတင် ထုတ်လုပ်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
POKKA အချိုရည်ကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ခြင်းမှာ နိုင်ငံတကာ အရည်အသွေးမီ POKKA အမှတ်တံဆိပ် အချိုရည်မျိုးစုံကို ပြည်တွင်း၌ ဈေးနှုန်း ချိုသာစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သောကြောင့် အချိုရည်တစ်ဘူး လျှင် ငွေကျပ် ၃ဝဝ ၊ ၄ဝဝ နှုန်းဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် စတင် ထုတ်လုပ်နိုင်မည် ဖြစ်သော POKKA အချိုရည်ကို ကနဦးအနေဖြင့် တစ်ရက်လျှင် ၅ဝဝ မီလီလီတာဆံ့ ပလတ်စတစ် ဘူးပေါင်း ငါးသိန်းကျော်နှင့် ၃၃ဝ မီလီလီတာဆံ့ သံဘူးပေါင်း ခုနစ်သိန်းကျော် ထုတ်လုပ် မည်ဖြစ်ပြီး အချိုရည် ထုတ်လုပ်ရာတွင်လည်း အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းများကို ပြည်ပနိုင်ငံများမှ တင်သွင်း ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။
MWD

No comments:

Post a Comment