Tuesday, February 10, 2015

မိုင်းရှူး-မိုင်းနောင်သွားကားလမ်းပေါ်တွင် ဝါးတားဂိတ်ပြုလုပ် ၍ ဖြတ်သန်း သွားလာနေသော ယာဉ်များအား SSPP/SSA အဖွဲ့မှ ဆက်ကြေးငွေကောက်ခံ


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဝမ်ဆော့ကျေးရွာအုပ်စု၊ လွယ်ထန်းကျေးရွာသို့ ဖေဖော်ဝါရီ ၉ ရက်နေ့ တွင် ရှမ်းပြည်တိုးတက်ရေး ပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့ ရောက်ရှိလာပြီး ယာဉ်များ အား ဆက်ကြေးများ လာရောက်ကောက်ခံ သွားကြောင်း ဒေသခံ ရွာသား တစ်ဦးထံမှ သိရသည်။
အဆိုပါ အဖွဲ့သည် ဝမ်ဆော့ကျေးရွာအုပ်စု၊ လွယ်ထန်းကျေးရွာသို့ ရောက်ရှိ လာပြီး မိုင်းရှူး-မိုင်းနောင် သွားကား လမ်းပေါ်တွင် ဝါးတား ဂိတ်ပြုလုပ်၍ ဖြတ်သန်းသွားလာလျက်ရှိသော ယာဉ်များအား တားဆီးကာ ဆက်ကြေး များ ကောက်ခံသွားခြင်းဖြစ်ကြောင်း မိုင်းရှူးမြို့ခံ ယာဉ်မောင်း တစ်ဦး ကပြော သည်။
“မိုင်းရှူးကနေ ခရီးသည်တင်လာတော့ လွယ်ထန်းကျေးရွာမှာကားကို တားတယ်၊ ပြီးတော့ ကားပေါ်မှာ မူးယစ် ဆေးဝါးပါလား မေးတယ် ပြီးတော့ ကားတစ်စီးကို ဆက်ကြေးငွေ ၂၀၀၀၀ တောင်းတယ်” ဟု ယာဉ်မောင်း တစ်ဦးက ပြောသည်။
SSPP/SSA အဖွဲ့သည် ကျေးရွာအုပ်စုနှင့် ကျေးရွာများတွင်လည်း ရိက္ခာများ၊ ဆက်ကြေးများ ကောက်ခံကြောင်း နှင့် ကားလမ်းပေါ်တွင်လည်း မကြာခဏ ဆက်ကြေးကောက်ခံလျက်ရှိကြောင်း ဒေသခံရွာသားတစ်ဦးက ပြော သည်။
“ရွာကိုရောက်လာပြီးတော့ ဝါးတားဂိတ်လုပ်တယ်၊ လာသမျှကားတွေကို ရပ်ခိုင်းတယ်၊ ဆက်ကြေး တောင်း တယ်၊ ပြီးတော့ အစိုးရဝန်ထမ်းတွေ ပါလားလိုက်ကြည့်တယ်၊ မူးယစ်ဆေးဝါး သယ်လာလား ကားသမား ကိုမေး တယ်၊ လာသမျှကားကို ဒီလိုပဲလုပ်နေတယ်”ဟု မျက်မြင်ဒေသခံရွာသား တစ်ဦးက ပြော သည်။
SSPP/SSA အဖွဲ့အနေဖြင့် ယခုလို ကျေးရွာများနှင့် အများပြည်သူသုံး ကားလမ်းပေါ်တွင်ဆက်ကြေး ကောက်ခံ နေခြင်းသည် ဒေသခံတိုင်းရင်း သားတို့၏ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို နှောင့် ယှက်ရာ ရောက်စေကြောင်း မိုင်းရှူးမြို့ခံကျောင်းဆရာတစ်ဦး ကပြောကြား သွားသည်။

No comments:

Post a Comment