Tuesday, March 10, 2015

လှည်းတန်းဆန္ဒပြမှုတွင် ဒိုင်းများ၊ ဒုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့သူများမှာ ရဲတပ်ဖွဲ့မှ အလိုရှိနေသော Anonymous - Burma ကျောင်းသားအဖွဲ့ ဖြစ်နေ

ယနေ့ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် ဒိုင်းများ၊ ဒုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့သူများမှာ ရဲတပ်ဖွဲ့မှ အလိုရှိနေသော Anonymous - Burma ကျောင်းသားအဖွဲ့ ဖြစ်နေကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ ဒီအချိန် ဒီကာလမှာ ဒီအဖွဲ့ ထွက်လာတော့မယ် ဆိုတာ မှန်းထားပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတယ် ဆိုတာရဲ့နောက်မှာ မျက်နှာဖုံးစွပ် အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ၊ ပါဝင်တဲ့သူတွေရဲ့ ကိုယ်ခန္ဒာတွေ အားလုံး တူညီနေပါတယ်။ ထွက်လာတဲ့ပုံစံ၊ ပြန်ထွက်မယ့် ပုံစံ အားလုံး တူပါတယ်။ ဒီကနေ့ လူစုကွဲရေးကိုပဲ ဦးတည်လိုက်လို့ ရဲတပ်ဖွဲ့က လွှတ်ပေးလိုက်တယ် ထင်ပါတယ်။

Anonymous - Burma ကျောင်းသားအဖွဲ့ပါပဲ ။ သေချာပါတယ်” ဟု ကျောင်းသားများနှင့် နီးစပ်သူ ကိုနိုင်အောင်က ပြောသည်။
Anonymous - Burma ကျောင်းသားအဖွဲ့သည် ယနေ့ နေ့လည်ပိုင်း လှည်းတန်းလမ်းဆုံ၌ ဆန္ဒပြမှုတွင် ဗကသ ခေါင်းဆောင် ကျော်ကိုကိုနှင့် ပေါင်း၍ လှုပ်ရှားဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Anonymous - Burma ကျောင်းသားအဖွဲ့မှ တစ်ဦးကို ဖမ်းဆီးရမိခဲ့သော် လည်း လူစုခွဲရန်အတွက် ဖမ်းမိထားသော ကျောင်းသားကို ပြန်လွှတ်ပေး ခဲ့ရကြောင်း သိရှိရသည်။
Anonymous - Burma ကျောင်းသားအဖွဲ့သည် ကျောင်းသားများအား နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပါက ရန်ကုန်ရှိ အစိုးရရုံးအဆောက်အဦများအား မီးရှို့ခြင်း၊ တိုက်ခိုက်ခြင်းများ ပြုလုပ်ရန် ကြေညာထားသော အဖွဲ့လည်း ဖြစ်သည်။
Myanmar Liberal Nationalist

No comments:

Post a Comment