Tuesday, March 10, 2015

ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ခြေကုပ်ယူထားသည့်နေရာများအား တပ်မတော် စစ်ကြောင်းများက ဆက်လက်တိုက်ခိုက်ချေမှုန်း


ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ခြေကုပ်ယူထားသည့် လုံထန် ကျေးရွာအနီး ပွိုင့်-၁၇၅၃ တောင်ကုန်းနှင့် အနီးပတ်ဝန်းကျင်တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက တိုက်ခိုက် ချေမှုန်းလျက်ရှိရာ မတ်(၉)ရက်နေ့တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် လေကြောင်း ပစ်ကူ ၄ ကြိမ်ရယူ၍ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ များပြင်းထန်စွာဖြစ်ပွားခဲ့ကာ သောင်းကျန်းသူတို့၏ အခြေပြု တောင်ကုန်းအချို့အား သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင် အမှတ်(၁၁၉)၏တောင်ဘက် စီကော်လျံကျေးရွာ အနီး ပွိုင့်-၂၂၀၂ တောင်ကုန်းအပါအဝင် ပတ်ဝန်းကျင်တစ်ဝိုက် ရှိ တောင်ကုန်းများတွင် ခြေကုပ်ယူထားသည့် ကိုးကန့်သောင်းကျန်းသူ အင်အားစုများအား ယနေ့နံနက်ပိုင်းမှစတင်၍ တပ်မတော်စစ်ကြောင်းများက လက်နက်ကြီးပစ်ကူရယူ ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ချေမှုန်းခဲ့ရာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၎င်းပတ်ဝန်းကျင် တစ်ဝိုက် အား စိုးမိုးထားသည့် သောင်းကျန်းသူအခြေပြုတောင်ကုန်းအချို့အား သိမ်းပိုက်ရရှိခဲ့သည်။ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက ၎င်းပတ်ဝန်းကျင်တစ်ဝိုက် နယ်မြေ ရှင်းလင်းခြင်း များ ဆောင်ရွက်လျက်ရှိသည်။
အထက်ပါတိုက်ပွဲဖြစ်စဉ်များတွင် တပ်မတော်မှစစ်သည်(၂)ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ည်။ ဒဏ်ရာရစစ်သည်များအား တပ်မတော်ဆေးရုံများသို့ပို့ဆောင်၍ ဆေးကုသမှု ခံယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar

No comments:

Post a Comment