Thursday, March 26, 2015

န၀ဒေးတံတားအလွန်တွင် ကားတစီး ချောက်ထဲကျ



ပြည်မြို့ န၀ဒေးတံတားအလွန်မှာ ဒုတိယအကြိမ် ကားတစီး ချောက်ထဲ ကျ ပျက်စီးသွားခဲ့ပါတယ်။
မတ် ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ပြည်မြို့က ထွက်လာတဲ့ Fugi ဆပ်ပြာ ကုမ္ပဏီကားဟာ ဧရာဝတီမြစ်၊ န၀ဒေးတံတားအလွန်၊ ရွှေဘုံသာအုပ်စု၊ ထိပ်တန်းဓာတ်ဆီဆိုင် အနီး၊ မိုင်တိုင် ၅ ဖာလုံ နဲ့ ၆ ဖာလုံကြားမှာ ချောက်ထဲကျ ပျက်စီးခဲ့တာပါ။

ပြုတ်ကျခဲ့တဲ့ကားဟာ ဘော်ဒီနဲ့ကိုယ်ထည် ပျက်စီးသွားခဲ့ပြီး၊ ကားပေါ်မှာ လိုက်ပါလာတဲ့ လူ ၃ ဦးထဲက ယာဉ်မောင်းဖြစ်သူရဲ့ လက်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ကျန် ၂ ဦးကတော့ဒဏ်ရာအနည်းငယ်ပဲ ရရှိခဲ့ပါတယ်။
အဲဒီယာဉ်မောင်းဖြစ်သူကို ဥသျှစ်ပင်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်စည်းကမ်း အက်ဥပဒေ ပုဒ်မ ၂၁/၆၄ နဲ့ အရေးယူထားလို့ သိရပါတယ်။
န၀ဒေးတံတား အလွန် ကားလမ်းက လိမ်နေတာကြောင့် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့က လည်း RAV 4 စလွန်းကားတစီး ဒီချောက်ထဲကိုပဲ ထိုးကျခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
DVB

No comments:

Post a Comment