Thursday, March 26, 2015

အာဆီယံနိုင်ငံများစုပေါင်းပြီး တစ်ခုတည်းသော လေကြောင်း ဈေးကွက် ဖော်ဆောင်ရန်စီစဉ်



လေယာဉ်မှူး (Pilot) များ၏ လိုင်စင် ကိစ္စရပ်များ၊ လေကြောင်းလိုင်း အသိအ မှတ်ပြုလက်မှတ်(AOC)ဆိုင်ရာ ကိစ္စရပ် များတွင် ပိုမိုကောင်းမွန်သည့် အခြေအနေ ဖြစ်လာစေရန် အာဆီယံ၏ တစ်ခုတည်း သော လေကြောင်းဈေးကွက် ဖော်ဆောင် သွားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ အာဆီယံတစ်ခုတည်းသော ဈေးကွက်ဖြစ်လာလျှင် အဖွဲ့ဝင်နိုင်ငံ တစ် နိုင်ငံမှ ထုတ်ပေးထားသည့် လေယာဉ်မှူး လိုင်စင်များ၊ AOCများ၊ တခြားလေကြောင်း လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြု လက်မှတ် များကို တခြားအဖွဲ့ဝင် တစ်နိုင်ငံက ထပ်မံ စစ်ဆေးခြင်း မပြုလုပ်တော့ဘဲ အသိအမှတ် ပြုသွားမည် ဖြစ်ရာ လေကြောင်းပို့ဆောင် ရေးလုပ်ငန်းတွင် အကျိုးကျေးဇူးများ ရရှိ လာတော့မည် ဖြစ်သည်။
''ဘယ်နိုင်ငံသွားဖြေဖြေ မေးခွန်းပုံစံ ကတူမယ်၊ စစ်ဆေးပုံကလဲ ဒီအတိုင်းပဲ စစ် ဆေးမယ်၊ ကျန်းမာရေးဆိုလဲ မြန်မာနိုင်ငံက လေကြောင်းဆရာဝန် စစ်ထားတဲ့အဖြေကို လက်ခံမယ်၊ ဘာမှထပ်မမေးတော့ဘူး။ တစ် နိုင်ငံတည်း၊ တစ်စုတည်း၊ တစ်ခုတည်းအဖြစ် ဆောင်ရွက်မှာဖြစ်တဲ့အတွက် ပိုကောင်းတဲ့ အခွင့်အရေးအဖြစ် အကျိုးရှိမှာ ဖြစ်ပါတယ်'' ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေ ထွန်းက ပြောသည်။
နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေး ကဏ္ဍတွင် လေကြောင်းလိုင်း အသိအမှတ် ပြုလက်မှတ် ဗဥဃ မှာ အလွန်အရေးပါပြီး လတ်တလောတွင် ဗဥဃ ထုတ်ပေးသည့် လုပ်ထုံးလုပ်နည်းနှင့် စံချိန်စံညွှန်းများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အနည်းငယ် ကွဲပြားနေသော်လည်း အာဆီယံတစ်ခုတည်း သော လေကြောင်းပို့ဆောင်ရေးဈေးကွက် ဖြစ်ပေါ်လာပါက အာဆီယံအဖွဲ့ဝင် နိုင်ငံ များအကြား တစ်ပြေးညီ ချမှတ်ကျင့်သုံးနိုင် ရေးအတွက် ညှိနှိုင်းဆောင်ရွက်မည်ဟုလည်း သိရသည်။
လက်ရှိတွင် လေယာဉ်မှူးများ အတွက် ပျံသန်းချိန် နာရီသတ်မှတ်ချက်၊ ကျန်းမာ ရေး၊ အင်္ဂလိပ်စာအရည်အချင်း၊ လေကြောင်း ဘာသာရပ် စစ်ဆေးမှုများ သင်တန်း အောင် မြင်ရန် အားလုံးသည် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် (International Civil Aviation of Organization) ၏ စံ သတ်မှတ်ချက်များ အတိုင်းဖြစ်အောင် သတ် မှတ်၍ လိုင်စင် ထုတ်ပေးလျက်ရှိသည်။
Yangon Media Group

No comments:

Post a Comment