Thursday, March 26, 2015

တပ်မတော်နေ့တွင် ဖွင့်လှစ်မည့် မြေနီကုန်း ခုံးကျော်တံတားအား ဒီမိုကရေစီအရေးကြိုးပမ်းသူများနှင့် သပိတ်ကျောင်းသားများ ရာသက်ပန် သွားလာမည် မဟုတ်



၂၀၁၄ စက်တင်ဘာ ၆ ရက်နေ့မှ စတင်ကာ ရှစ်လကြာ စီမံကိန်းဖြင့် ဆောက်လုပ်ခဲ့သော မြေနီကုန်း ခုံးကျော်တံတားမှာ ယခုအခါ ၉၉ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည် ။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သည် ။
မြေနီကုန်း ခုံးကျော်တံတားစီမံကိန်းအတွက် ကျပ်ငွေ ၁၆ ဘီလီယံကျော် ကုန်ကျမှုသည် နိုင်ငံဘဏ္ဍာအား ဖြုန်းတီးရာရောက်ကြောင်း ၈၈မျိုးဆက်ေ ကျာင်းသားများမှ ဆိုသည် ။

"သူတို့တွေ နိုင်ငံခြားတွေသွားတော့ သူများနိုင်ငံက ခုံးကျော်တံတားတွေ ကြည့်ပြီး အားကျနေကြတာ..ခုံးကျော်တံတားတွေကို နိုင်ငံတိုးတက်မှု ပြယုဂ်လို့
ထင်နေကြတာ..ခုံးကျော်တံတားဆောက်လည်း တံတားပေါ်သာ ကားချောင်မယ် ကျန်တဲ့နေရာက ကြပ်နေဦးမှာပဲ ရေတိုဖြေရှင်းမှုတွေ တော်သင့်ပြီ " ဟု ပြောသည် ။
ဗ.က.သ အဖွဲ့ကမူ မတ်လ ၂၇ ရက်နေ့သည် ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်တယ်...စစ်တပ်က အပိုင်စီးယူပြီး စစ်တပ်မွေးနေ့လုပ်ပစ်တယ်..ဒီခုံးကျော်က စစ်တပ်က ဆောက်တာမို့လား ဘာလို့ ၂၇ မှ ဖွင့်တာလဲ မရိုးဘူး ပြည်သူ့ဘဏ္ဍာကိုခိုးပြီးဆောက်တဲ့
ခုံးကျော်တံတားကို သူတို့ဆောက်ပေးတဲ့ တံတားလိုလုပ်ပြီး ပနာယူကြမယ်..ဒါကြောင့် ဒီတံတားကို ကျနော်တို့ အသိအမှတ်မပြုပါဘူး.. ကျနော်တို့ ကျောင်းသားတွေ ရာသက်ပန် ဒီတံတားကို
အသုံးမပြုဘူးလို့ ပြောချင်ပါတယ် ဟု ဆိုသည် ။
anonymous - burma အဖွဲ့ကမူ မြေနီကုန်း ခုံးကျော်တံတားပေါ်တွင် ဖွင့်လှစ်တဲ့နေ့မှစ၍ ရက်သတ္တတစ်ပတ်အတွင်း စစ်အစိုးရ ချက်ချင်းဖြုတ်ချ... စစ်ကျွန်ပညာရေး အလိုမရှိ ...တိုင်းရင်းသားတွေ သတ်တဲ့ စစ်တပ် အလိုမရှိ..စသည့် စာသားများအား မှုတ်ဆေး အနက်ရောင်နှင့် အနီရောင် သုံးစွဲကာ ရေးဆွဲမည်ဟု ဆိုရှယ်မီဒီယာတွင် ကြေညာထားသည် ။
မြေနီကုန်း ခုံးကျော်တံတားအား တပ်မတော်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သောကြောင့် ယင်းတံတားအား ရာသက်ပန် ဖြတ်သန်းသွားလာခြင်းမပြုရန် ကိုမြအေးနှင့် ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ် လှုပ်ရှားသူများ ၊လှုမှုကွန်ရက်အဖွဲ့အစည်းများမှ ဧပြီလ ၁ ရက်နေ့တွင်Campaign တစ်ခု ပြုလုပ်ကာ ရန်ကုန်ပြည်သူလူထုအား စည်းရုံးမည်ဟု သိရှိရသည် ။
Hlaing Bwar
MEG

1 comment:

  1. ဟားဟား ဒီမြေနီကုန်းဂုံးကျော်တံတားကလူသွားလမ်းစစ်ဖြစ်သွားပြီ။ကျောင်းသားအချင်းချင်းသတ်တဲ့ ကောင်တွေ၊ခွေးကုလားတွေ၊ခွေးကုလားပေးစာကမ်းစာစားပြီးနိုင်ငံရေးလုပ်စားနေတဲ့ ကောင်တွေမဖြတ်တော့ ဘူးဆိုယင်ကျက်သရေမင်္ဂလာရှိတဲ့ လမ်းဖြတ်တဲ့ သူတွေအတွက်ဖြစ်သွားပြီ။ကိုမေကိုလိုးမြအေးမင်းလိုကုလားမျိုးကိုငါတို့ မြန်မာတွေကဘယ်သူမှခေါင်းဆောင်မတင်ဘူး။မန္တလေးမှာမင်းခံစားလိုက်ရတာကိုရှက်တတ်စမ်းပါ။မင်းသမီးနဲ့ မင်းသာလင်မယားဖြစ်သွားမယ်မင်းကတော့ ဘယ်လိုမှခေါင်းဆောင်ဖြစ်မသွားဘူး။

    ReplyDelete