Wednesday, March 25, 2015

ထိုင်းဝန်ကြီးချုပ်က မီဒီယာများကို သတ်ပစ်၍ ရသည်ဟု သတိပေး


ထိုင်းအာဏာသိမ်းခေါင်းဆောင်ပရာယွတ်ချန်အိုချာက မမှန်သတင်းရေးသည့်မီဒီယာသမားများကို ကွပ်မျက် ပစ်ချင် ကွပ်မျက်၍ရကြောင်းသတိပေး စကားပြော လိုက်သဖြင့် ထိုင်းနိုင်ငံ၏ မီဒီယာလောက တွင် အုတ်အော်သောင်း နင်းဖြစ်သွားသည်။

ပြီးခဲ့သည့်လအတွင်းကလည်း သတင်းရယူခွင့်ကို ပိတ်ပစ်နိုင်သည့် အာဏာရှိကြောင်း ချန်အိုချာကပြောခဲ့ သည်။ မတ် ၂၅ရက်တွင် မီဒီယာများနှင့် ပတ်သက်ပြီး ယခုကဲ့သို့ သတ်ပစ်နိုင်သည့် အခွင့်အာဏာ ရှိကြောင်း ကို လည်း သတိပေးစကားပြော လိုက်ခြင်းဖြစ်သည်။

"သူတို့တွေကိုကွပ်မျက်ပစ်ချင်ကျွန်တော်တို့ ကွပ်မျက်ပစ်နိုင်တယ်။"ဟုသတင်းထောက်များက အစိုးရကိုတရားဝင်အာဏာ ရယူထားသည်ဟု လက်မခံထောက် ခံမှုမရှိသူများနှင့် သဘောတူညီ မျှမှုရရှိ အောင် မည်သို့လုပ်ဆောင်မည်နည်း ဟုမေးမြန်းရာတွင် ပရာယွတ်က အရယ်အပြုံး ကင်းမဲ့သည့် မျက်နှာ ထားဖြင့်ယင်း သို့ဖြေကြား သွားခဲ့ခြင်းဖြစ်သည်။

"အစိုးရကို မထောက်ခံလို့ လည်းရတယ်။ ဒါပေမယ့် သတင်းကိုတော့ အမှန်အတိုင်းရေးကြရမှာဖြစ် တယ်။"ဟု ယခင်စစ်ခေါင်းဆောင်အကြီး အကဲဖြစ်သည့် ပရာယွတ် ကပြောခဲ့ပြီး အမျိုးသားပြန်လည် သင့် မြတ် ရေး ကိုရှေးရှုပြီးရေး သားကြရန်လည်း သတင်းသမား များကိုပြော သွားခဲ့သည်။

Ref: CNA
Mizzima - News in Burmese

No comments:

Post a Comment