Wednesday, March 25, 2015

အိပ်ပျော်နေစဉ် မိမိအိပ်မက်တွေကို ထိန်းချုပ်နိုင်


သင်ဟာ အိပ်ရာနိုးတဲ့အချိန် မိမိအိပ်မက်တွေကို အလွယ်တကူ မှတ်မိနေသူလား ဒါမှမဟုတ် မိမိအိပ်မက် ကို ဘယ်တော့မှ မမှတ်မိတတ်သူ တစ်ယောက်လား။ အကြံပြုချက်တချို့ရယ်၊ လက်တွေ့လုပ်ဆောင်ချက် တစ်ခုနဲ့ လူတိုင်း မိမိအိပ်မက်ကို မှတ်မိအောင် ထိန်းသိမ်းနိုင်ဖို့ ကျင့်ယူနိုင်ပါတယ်။

ရှင်းလင်းပြတ်သားတဲ့ အိပ်မက်မမက်ဖူးဘူးဆိုရင် တကယ့်အံ့သြဖွယ်အရာတွေ လွတ်သွားမှာ သေချာပါ တယ်။ အိပ်မက်ထဲမှာ ဆန်းဆန်းပြားပြားတွေ ဟန်လုပ်ပြီး သရုပ်ဆောင်လို့ ရနိုင်ပါတယ်။ မိမိရဲ့ အကြောက် တရားတွေကို အောင်မြင်ကျော်လွှားနိုင်ပြီး နိုးနေတဲ့အချိန်မှာ ပြုမူတဲ့အတိုင်း အသွင်ပြောင်းလဲ လုပ်ဆောင်လို့တောင် ရနိုင်သေးတယ်။

အိပ်မက်အကြောင်း စိတ်ဝင်စားမှုရှိတဲ့အခါ အိပ်မောကျနေစဉ် ရှင်းလင်းပြတ်သားတဲ့ အိပ်မက်ကို မက်ကြ ပါတယ်။ အဲဒီအခါ အိပ်မက်ကို မိမိ ဆန္ဒရှိသလို ထိန်းချုပ် ကိုင်တွယ်ပါ။ ယေဘုယျ အားဖြင့် REM လို့ခေါ်တဲ့ အိပ်စက်မှု စက်ဝန်းရဲ့နောက်ဆုံးအဆင့်၊ အိပ်မက်တွေဖြစ်ပေါ်တဲ့ တင်္ဒဂလေးအချိန်မှာ ရှင်းလင်း ပြတ်သားတဲ့ အိပ်မက် ဖြစ်ပေါ်ပါတယ်။

Ref: firsttoknow
Trend Myanmar

No comments:

Post a Comment