Tuesday, March 3, 2015

လောက်ကိုင် မြို့တွင်းမှ မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိ

လောက်ကိုင်မြို့တွင်း တပ်မတော် စစ်ကြောင်းများက လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်း တွင် နားလီလမ်းဆုံနှင့် နတ်စင်ကုန်း အနီးရှိ မသင်္ကာဖွယ် အဆောက်အအုံ တစ်လုံးအား ဝင်ရောက်ရှင်းလင်းခဲ့ရာ အဆောက်အအုံ အတွင်းမှ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ ပြားပါ ၄ဝ ထုပ်၊ ၂ဝဝဝ ပြားပါ ၂၉ ထုပ်၊ ၄ဝဝဝ ပြားပါ ၁၅ ထုပ်၊ ၆ဝဝဝ ပြားပါ ၁ဝ ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား ၁၈၆ဝဝဝ ပြား၊ ကာလတန်ဖိုးကျပ် ၂၇၉ဝ သိန်းခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည်။

အလားတူ လောက်ကိုင် မြို့အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော် စစ်ကြောင်းက ယနေ့နံနက် ပိုင်းတွင် ရေသန့်စက်ရုံအနီး လျှိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅၄ဝဝ ပြား၊ ကာလတန်ဖိုးကျပ် ၃၂၇ သိန်းခန့် အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည်။
ထို့အတူ လောက်ကိုင်မြို့ မြောက်ဘက် မူကွာကျိုင်းအနီးတွင် ယနေ့နံနက်ပိုင်း၌ နယ်မြေရှင်းလင်းလျက်ရှိသော တပ်မတော် စစ်ကြောင်းက မသင်္ကာဖွယ်ရာ အရပ်သားနှစ်ဦးအားတွေ့ရှိ၍ စစ်ဆေးခဲ့ရာ ဦးညီမာန် ၃၇ နှစ်၊ (ဘ) ဦးလူခန်းနှင့် ဦးလျှောက်ကျောင်း ၄၃ နှစ်၊ (ဘ) ဦးဝေချန်တို့ထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၉၃ဝဝ ပြား၊ ကာလတန်ဖိုးကျပ် ၁၃၉ သိန်းခန့်အား သိမ်းဆည်းရမိခဲ့သည်။
အထက်ပါ ဖြစ်စဉ်များမှ သိမ်းဆည်းရမိ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား စုစုပေါင်း ၂၆ဝ၇ဝဝ ပြား၊ ကာလ တန်ဖိုးကျပ် ၃၂၅၆ သိန်းခန့် နှင့်အတူ တရားခံ နှစ်ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအား မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ကာကွယ်တားဆီး နှိမ်နင်းရေး တပ်ဖွဲ့သို့ စနစ်တကျ အပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:

Post a Comment