Sunday, March 22, 2015

မသန်စွမ်းသူများ တက္ကသိုလ်ဝင် စာမွေးပွဲ ဖြေရာတွင် သင်္ကေတဖြင့် ရှင်းပြရန် ပညာရေး ဝန်ကြီးဌာနသို့ တင်ပြမည်



မသန်စွမ်းအနုပညာ ပွဲတော်အကြို အထိမ်းအမှတ်မဖြစ် မြန်မာနိုင်ငံမှ ဘီးတပ်ကုလား ထိုင်မသန်စွမ်း သူများက ရန်ကုန်မှ မန္တလေးအထိ ဘီးတပ်ကုလားထိုင်ဖြင့် သွားရောက်ကြသည်ကို နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

မသန်စွမ်းသူများ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲခန်းတွင် စာမေးပွဲ စည်းမျဉ်းစည်းကမ်းများ၊ မေးခွန်းများ လက်သင်္ကတဖြင့် ရှင်းပြခွင့်ကို လာမည်နှစ်တွင် ပညာရေးဝန်ကြီး ဌာနသို့ တင်ပြမည်ဟု မေရီချက်(ပ်)မင်း နားမကြားကျောင်းမှ ဆရာမ ဒေါ်မဉ္ဖူသိန်းက မဇ္ဈိမကို ပြောသည်။

"တက္ကသိုလ်မှာလည်း မရှိဘူး၊ အခြေခံကျောင်းတွေမှာ မရှိဘူး။ စာမေးပွဲခန်းမှာ မသန်စွမ်းသူတွေအတွက် မေးခွန်းကို ရှင်းပြမယ့် ဆရာမကို ထားပေးသင့်တယ်၊ သင်္ကတနဲ့ ပြတဲ့ ဆရာမဆိုတာ ရှိကိုရှိရမယ်" ဟု ၎င်းက ဆိုသည်။

စာမေးပွဲခန်းတွင် သန်စွမ်းသူများအား ဆရာဆရာမများမှ ဖြေဆိုချိန်၊ စည်းမျဉ်းစည်းကမ်း၊ မေးခွန်းပုံစံ၊ လိုက်နာရမည့် စည်ကမ်းချက်များကို ရှင်းပြရာတွင် မသန်စွမ်းသူများကိုလည်း ရှင်းပြနိုင်သည့် ဆရာ ဆရာမလိုအပ်နေသည်ဟု ဆိုသည်။

 ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်ကို တိုင်းနှင့် ပြည်နယ် အသီးသီးတွင် အကြားအားရုံချို့ယွင်းသူ ၁၈ ဦး ဝင် ရောက် ဖြေဆိုထားသည်ဟု ဒေါ်မဉ္ဇူသိန်းက ပြောသည်။

အစိုးရအား စာမေးပွဲခန်းတွင် မသန်စွမ်းသူများအား ရှင်းပြခွင့်ကို ၂၀၁၂ ခုနှစ်တွင် မြို့နယ် ပညာရေးမှူးများ ကို တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း ပညာရေးမှူးမှ အထက်သို့ တင်ပြပေးမည်ဟုဆိုကာ ငြင်းပယ်ခံရ မှုများ ကြုံခဲ့ရသည်ဟု ၎င်းကဆိုသည်။

လက်ရှိ ပညာရေးပိုင်းတွင် မသန်စွမ်းသူများကို  နည်းပညာပိုင်း၊ ကျွမ်းကျင်မှုပိုင်းအနေဖြင့် ပညာရေးဝန်ကြီး ဌာနမှ ထောက်ပံ့ပေးမှု မရှိသလောက်ကို နည်းပါနေသည်ဟု မသန်စွမ်းအမျိုးသမီး အသင်း ဥက္ကဌ ဒေါ်ငယ်ငယ်အေးမောင် ကပြောသည်။

 အစိုးရ အနေဖြင့် မသန်စွမ်းသူများကို ပညာရေးပိုင်းတွင် ကျွမ်းကျင် ဆရာမများကို ကျောင်းများတွင် ထားရှိပေးရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

စာမေးပွဲခန်းတွင် သန်စွမ်းသူများအား ဆရာဆရာမများမှ ဖြေဆိုချိန်၊ စည်းမျဉ်းစည်းကမ်း၊ မေးခွန်းပုံစံ၊ လိုက်နာရမည် စည်ကမ်းချက်များကို ရှင်းပြရာတွင် မသန်စွမ်းသူများတွင်လည်း ရှင်းပြနိုင်သည့်ရန် ဆရာ၊ ဆရာမ လိုအပ်သည့်ဟု ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ် အနေဖြင့် တက္ကသိုလ်ဝင်ခွင့်ကို  တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် အကြားအာရုံ ချို့ယွင်းသူ ၁၈ ဦး ဝင်ရောက် ဖြေဆိုထားသည်ဟု ၎င်းက ပြောသည်။

 အစိုးရအား စာမေးပွဲခန်းတွင် မသန်စွမ်းသူများ အားရှင်းပြခွင့်ကို ၂၀၁၂ ခုနှစ်တွင် မြို့နယ် ပညာရေး မှူးများကို တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း  ပညာရေးမှူးမှ အထက်သို့ တင်ပြပေးမည်ဟု ဆိုကာ ငြင်းပယ်ခံရမှုများ ကြုံခဲ့ရသည်ဟု ၎င်းကဆိုသည်။ မည်သည့်မြို့နယ်မှ ပညာရေးမှူးကိုတော့ ပြောပြ ထားခြင်း မရှိခဲ့ပေ။ မသန်းစွမ်း ကျောင်းသားများအနေဖြင့် ပညာရေးတွင် အခက်အခဲရှိနေသည်ဟု ၎င်းက ဆိုသည်။

လက်ရှိ ပညာရေးပိုင်းတွင် မသန်စွမ်းသူများကို နည်းပညာပိုင်း၊ ကျွမ်းကျင်မှုပိုင်းအနေဖြင့် ပညာရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးမှု မရှိသလောက်ကို နည်းပါနေသည်ဟု မသန်စွမ်း အမျိုးသမီးအသင်း ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်က ပြောသည်။

 အစိုးရ အနေဖြင့် မသန်စွမ်းသူများကို ပညာရေးပိုင်းတွင် ကျွမ်းကျင်ဆရာမများကို ကျောင်းများတွင်  ထားရှိပေးရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။

"သူများနိုင်ငံမှာ ဆိုမသန်စွမ်းသူကို အရမ်းဦးစာပေးတယ်။ ကျွန်မတို့က ကလေးတွေကို အဖြေပြောတာ မဟုတ်ဘူး။ ဒီမေးခွန်းက အဓိပ္ပါယ်က ဘယ်လိုပေါ့ ရှင်းပြတာပါ။ အဲဒါကို ခွင့်ပြချက်မရဘူး။ ဝမ်းနည်းတယ်။ အခွင့်အရေး ဆုံးရှုံးတယ်လို့ ခံစားရတယ်" ဟု ၎င်းက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment