Tuesday, March 10, 2015

မက်ဆီ ဘာစီလိုနာမှ ထွက်ခွာနိုင်ဟု ကလပ်ဒါရိုက်တာ ၀န်ခံ

လီယွန်နယ်မက်ဆီမှာ ဘာစီလိုနာမှ ထွက်ခွာသွားနိုင်ဆဲဖြစ်သည်ဟု ဘာကာ၏ အားကစားဒါရိုက်တာ အေရီဒို ဘရိုက်ဒါက ၀န်ခံလိုက်သည်။
မက်ဆီ (၂၇) နှစ်မှာ ဘာကာနှင့် ၂၀၁၈ ဇွန်လအထိစာချုပ်ချုပ်ဆိုထားသော်လည်း အသင်းမှ ထွက်ခွာခွင့်အတွက် ပေါင်သန်း ၂၅၀သာ သတ်မှတ်ထားသည်။
ယခုဘောလုံးရာသီအစောပိုင်းက နည်းပြအင်းနရစ် နှင့် ဆက်ဆံရေးပျက်ယွင်းလာခဲ့ပြီးနောက် မက်စီမှာ အသင်းမှ ထွက်ခွာနိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ဘာစီလိုနာဒါရိုက်တာက မက်ဆီမှာ အသင်းအပေါ်အပြည့်အ၀အာရုံစိုက်ထားသည်ဟု ယုံကြည်စိတ်ချနေသော်လည်း ဘီလီယံနာပိုင်ရှင်များနောက်ကွယ်တွင်ရှိနေသော ပီအက်စ်ဂျီနှင့် မန် စီးတီးအသင်းတို့မှာ တစ်နေ့နေ့ တွင် မက်ဆီအတွက် သတ်မှတ် ထားသော ထွက်ခွာခွင့်ငွေကြေး ပေး၍ ကမ်းလှမ်းလာနိုင်သည်ဟု လက်ခံထားသည်။
‘‘မက်ဆီ ဘာစီလိုနာက ထွက်ခွာတာ မြင်ရဖို့ မဖြစ်နိုင် သလောက် နီးပါးလို့ ယုံကြည်ပါ တယ်။ ဒါပေမဲ့လည်း ငွေကြေး အ မြောက်အမြားသုံးနိုင်တဲ့ ပီအက်စ် ဂျီနဲ့ မန်စီးတီးအသင်းမျိုးတွေရှိနေ လို့ ဒါဟာဖြစ်လာနိုင်ပါတယ်’’ဟု မကြာသေးမီက အားကစားဒါ ရိုက်တာအဖြစ် ဇူဘီဇာရက်တာ နေရာအစားထိုး ၀င်ရောက်လာ သူ ဘရိုက်ဒါက ပြောကြားသည်။
‘‘မကြာခဏဆိုသလို ထူးထူးဆန်းဆန်းတွေဖြစ်တတ်ပါတယ်’’ ဟု ၎င်းက ဆက်ပြောသည်။
7 Day Daily

No comments:

Post a Comment