Tuesday, March 10, 2015

မန္တလေးမြို့တွင် တိုးမြှင့်ကောက်ခံမည့် ရေမီတာခနှုန်းထားအသစ်များထုတ်ပြန်

မန္တလေးမြို့တွင် လာမည့်ဧပြီ ၁ ရက်မှ စတင် တိုးမြှင့်ကောက်ခံတော့မည့် ရေမီတာနှုန်းထားအသစ်များကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်သည်။
တိုးမြှင့်လိုက်သည့်နှုန်းထား များမှာ အိမ်သုံးနှင့်စီးပွားသုံး တစ်ယူနစ်လျှင် ပျမ်းမျှကျပ် ၃၀ ခန့်တက်သွားပြီး ကျုံးရေအသုံးပြုခမှာမူ အသုံးပြုသည့်ပိုက်ပမာဏပေါ်မူတည်၍ ယခင်နှုန်းထားကို နှစ်ဆမှငါးဆအထိ တိုးမြှင့်ခြင်းဖြစ်သည်။
ရေပေးဝေမည့်အချိန်တိုး မြှင့်လာခြင်း၊ ရေပိုက်လိုင်းများ တိုးချဲ့ချထားခြင်း၊ ရေတွန်းစက် ရေတွင်းများတည်ဆောက်အသုံး ပြုရခြင်း၊ လျှပ်စစ်မီတာခများ ပိုမို ကျခံသုံးစွဲလာရခြင်းတို့ကြောင့် တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်းစည်ပင်သာယာ၏ အသိပေးကြေ ညာချက်တွင်ဖော်ပြထားသည်။
မန္တလေးစည်ပင်သာယာ၏ ရေမီတာတွင် အမှိုက်သရိုက်များ ပါလာခြင်း၊ ရေပေးဝေချိန်မမှန် ခြင်း၊ အနည်အမှုန်များပါလာ တတ်၍ သောက်သုံးမရခြင်း၊သုံးရေအတွက်ဆိုလျှင်လည်း နွေရာသီတွင်မကြာခဏ ရေပြတ်လပ်တတ်ခြင်းများဖြစ်ပေါ်နေသည်။
ထို့ကြောင့် မြို့နေလူထုမှာ အဝီစိတွင်းများတူးကာ အသုံးပြု နေရကြောင်းနှင့် အဝီစိတွင်း မတူးနိုင်သူများအတွက် ရေအခက်အခဲ များဖြစ်ပေါ်နေကြောင်း မန္တလေး မြို့ပေါ်တွင် နေထိုင်သူများက ပြောသည်။

‘‘ရွှံ့နှစ်တွေပါ ပါလာတယ်။ အမှိုက်တွေပါ ပါလာလို့ ကိုယ်ပိုင် အဝီစိတွင်းတူးပြီးသုံးနေရတယ်။ ရေမီတာကို အရန်လောက်ပဲသုံး တော့တယ်’’ဟု မန္တလေးနန်းရှေ့ နေ ဦးဆွေကပြောသည်။
မန္တလေးစည်ပင်ကမူ အချို့ မြို့သစ်ရပ်ကွက်များ၌ ရေထုညစ် ညမ်းမှုများကို တစ်ခါတစ်ရံကြုံ တွေ့ရတတ်သည့်အတွက် ယင်း ပြဿနာများမရှိစေရန် ပိုက်လိုင်း အသစ်များလဲလှယ်ခြင်း၊ ပြင်ဆင် ခြင်း၊ ရေအားပိုမိုကောင်းမွန်စွာ ရရှိရန် ရေတွင်းများတူးဖော်ခြင်း၊ ရေစက်များ၊ ရေလှောင်ကန်များ တည်ဆောက်ခြင်း၊ ရေအလေ အလွင့်လျော့နည်းအောင် ဆောင် ရွက်ခြင်းတို့ကို လာမည့် ၂၀၁၅- ၁၆ ဘဏ္ဍာနှစ်အတွင်းဆောင် ရွက်သွားမည်ဟုဆိုသည်။
‘‘ရေသန့်ဝယ်သောက်နေ ရတာ ဆယ်နှစ်လောက်ရှိပြီ။ အခွန်တွေကျတိုးတယ်။ ဝန် ဆောင်မှုကျ ကောင်းကောင်း မပေးနိုင်သေးဘူး။ ပြည်သူကပေး သလောက်ပြန်မရဘူးဆိုတော့ မတန်ဘူးလို့ပြောရမှာပါ’’ဟု အောင်မြေသာစံမြို့နယ် သီရိမာ လာအနောက်ရပ်ကွက်နေ တက္က သိုလ်ဆရာမတစ်ဦးကပြောကြား သည်။
မန္တလေးမြို့တွင် ရေမီတာ အလုံးရေ ၈၃,၀၀၀ ခန့်သုံးစွဲနေပြီး အောင်မြေသာစံနှင့် ချမ်းအေးသာ စံမြို့နယ်တို့တွင် အများစုသုံးစွဲ နေသည်။
မဟာအောင်မြေနှင့် ချမ်းမြ သာစည်မြို့နယ်တို့တွင်သုံးစွဲမှု အနည်းငယ်ရှိနေပြီး အမရပူရနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ရေမီတာစနစ်ဖြင့် ရေပေးဝေနိုင်ရန်စီစဉ်နေသည်ဟု စည်ပင် တာဝန်ရှိသူများကပြောသည်။
ကျုံးရေကို ကျုံးပတ်လည် ရပ်ကွက်များရှိ အိမ်ခြေ၃,၃၀၀ကျော်တွင် တပ်ဆင်သုံးစွဲနေသည်။
7 Day Daily

No comments:

Post a Comment