Monday, March 30, 2015

ထမင်းငတ်သေမှာကြောက်နေသော ကာတွန်းဆရာ ကိုရွှေထူး



မြန်မာတိုင်းမ်ဂျာနယ်ရဲ့ မတ်လ ၂၅ ရက်နေ့ထုတ် အတွဲ(၃၆)၊ စာမျက်နှာ ၄၆ တွင်ပါဝင်သော ကာတွန်းပုံဖတ်လိုက်ရတော့ များစွာစိတ်မကောင်းဖြစ်မိပါတယ်။ လက်ရှိလောက်ကိုင်ဒေသမှာ ကျဆုံး သွားတဲ့ တပ်မတော်သားတွေဟာ သူတစ်ပါးတိုင်းပြည်ကို ကျူးကျော်ရန် သွားရောက်တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့အချုပ်အခြာအာဏာကို ကာကွယ်ရင်း အသက်ပေးဆပ်ခဲ့ကြ ရခြင်းပဲဖြစ်ပါတယ်။ လောက်ကိုင်ဒေသအတွက် သောင်းကျန်းသူတွေကို တိုက်ခိုက်ရင်း သေဆုံးသွားရတဲ့ အတွက် သူတို့ရဲ့မိသားစုအတွက် ဆုံးရှုံးထိခိုက်နစ်နာရသလို တိုင်းပြည်အတွက်လည်း ကာကွယ်ရေး အင်အားတွေကိုလည်း ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။


ဒါကိုစာနာနားလည်တတ်တဲ့လူပီသတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံးက နားလည်ခဲ့ကြ ပါတယ်။ ကျဆုံးသွားတဲ့ တိုင်းပြည်ရဲ့အဖိုးတန်သားကောင်းဇာနည်တွေအတွက် ဒဏ်ရာစစ်သည်တွေ အတွက်၊ ကျန်ရစ်သူ မိသားစုတွေအတွက် နိုင်ငံတော်သမ္မတအပါအ၀င် ပြည်တွင်းပြည်ပအလှူရှင်တွေက တတ်နိုင်သလောက် အလှူငွေတွေထည့်လို့ အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။ ပြည်သူချစ်တဲ့အနုပညာရှင်များ ကလည်း ဒဏ်ရာရစစ်သည်တွေကို သွားရောက်အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။ ဒီလိုအားပေးနှစ်သိမ့်မှု တွေဟာ ရှေ့တန်းမှာ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ တပ်မတော်သားတွေအတွက်လည်း သိပ်ကို ကောင်းလွန်းတဲ့ အားဆေးကြီး သောက်လိုက်ရသလို တာဝန်အပြင် တိုက်လိုခိုက်လိုစိတ်တွေ ပိုမိုပြင်းပြစေ ခဲ့ပါတယ်။ ဒါကြောင့်လည်း လောက်ကိုင်ဒေသမှာ ရန်သူတွေစိုးမိုးထားတဲ့တောင်ကုန်းတွေကို တပ်မတော် သားတွေရဲ့ အသက်တွေ များစွာပေးဆပ်ရင်း ရွပ်ရွပ်ချွံချွံပြန်လည်သိမ်းပိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။
လက်ရှိ ကာတွန်းဆရာဟာ အသက်တွေများစွာဆုံးရှုံးပြီးမှ ရခဲ့တဲ့လောက်ကိုင်ဒေသက ရန်သူ့ တောင်ကုန်းတွေကို တပ်မတော်ကသိမ်းပိုက်ရရှိမှုကို သရော်ထားတာတွေ့ရပါတယ်။ ဒါကြောင့် ၂၉ ရက်နေ့ထုတ် မြ၀တီသတင်းစာတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ဒီလုပ်ရပ်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား ကန့်ကွက်ခဲ့ပါတယ်။ ဒီကာတွန်းဆရာရဲ့လုပ်ရပ်ဟာ တပ်မတော်သားမိသားစုတွေ၊ ကျဆုံးခဲ့တဲ့ မြန်မာ့တပ်မတော်သားတွေကို စော်ကားထားတဲ့အပြင် တပ်မတော်နဲ့ပြည်သူကို သွေးခွဲလိုတဲ့ ရည်ရွယ်ချက်တွေ ပါရှိနေခဲ့ပါတယ်။ ကာတွန်းတွင်ဖော်ပြထားသော Htoo ဆိုတဲ့ အမည်အရ ကာတွန်းဆရာမှာ ကိုရွှေထူး(ပြည်) ဟု သိရပါတယ်။ ဒီနိုင်ငံမှာမွေး၊ ဒီရေ သောက်ပြီး ကြီးပြင်းလာတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ခဲ့ရင်တော့ ဒီလိုကာတွန်းမျိုး မရေးဆွဲသင့်ဘူး လို့ ထင်မိပါတယ်။
ကာတွန်းဆရာ ကိုရွှေထူးအနေနဲ့ အခြားသရုပ်ဖော်ပုံတွေမှာ ကာတွန်းကို ဗီဒီယိုပြန်ရိုက်ရလောက် အောင် အနုပညာလက်ရာမြောက်စွာ ရေးဆွဲနိုင်ခဲ့ပေမယ့် ဒီသရုပ်ဖော်ပုံမှာကတော့ မြန်မာနိုင်ငံသားတို့ အပေါ် စိတ်ထိခိုက်စေတဲ့ အဆိပ်အတောက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ့်အနုပညာဟာ ပြည်သူ ကိုအဆိပ်အတောက်ဖြစ်စေမှ ထမင်းစားရတယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ တောင်းစားရင်လည်း ဗိုက်ဝ ကောင်းတာမို့ တောင်းစားတဲ့ထမင်းကမှ အဆိပ်အတောက်ကင်းပါတယ် ကိုရွှေထူးရယ်..။
Credit:သူရိန်ထွန်း(ဓနုဖြူ)

5 comments:

  1. သူတောင်းစားတွေ သူများအကြောင်းရေးမှထမင်းတလုပ်စားရမဲ့ ကောင်တွေ။သူပုန်ကပစ်တော့  ဒီစစ်တပ်ကိုဖုန်းဆက်အကြောင်းကြား ပြီးတော့ ကျေးဇူးပြန်ကန်း။ဘုရားဟောထားတဲ့ ဒုစရိုက်တရား၁၀ပါးကို
    မင်းတို့ သိယင်မင်းတို့ တွေဘယ်သူမှားတယ်ဆိုတာသိလိမ့် မယ် ။စားဝတ်နေရေးအဆင်ပြေဖို့ အတွက်ဒီလောက်ထိအကုသိုလ်လုပ်နေစရာမလိုဘူး သူတောင်းစားတွေရဲ့ ။

    ReplyDelete
  2. မီဒီယာ ဆိုလို့ ပြောရအုန်းမယ်။စာပေဟောပြောပွဲလုပ်နေတဲ့ စာရေးဆရာ ဂျာနယ်မှာရေးနေတဲ့ ကောင်တွေ
    လေးဘက်ထောက်မီဒီယာတွေ သူတို့ သတိမထားမိတာက မီဒီယာလွတ်လပ်ခွင့် ပေးကာစကလိုအစိုးရမကောင်းပြောယင်လက်ခုပ်သံကြားရ သူတို့ ကိုယ်တိုင်လည်းသူရဲကောင်းတွေလိုအထင်ကြီးနေကြတာ။အဲ့ ဒီခောတ်ကကုန်သွားပြီဆိုတာကိုသတိထားပုံမရဘူး။သူတို့ ကိုထောက်ခံတယ်ဆိုပြီးအလုအယက်အပြိုင်အဆိုင် ၀မ်းတထွာဝရုံလေးအတွက်အရှက်မရှိ
    လုပ်နေကြပါလားလို့ သတိထားပုံမရဘူး။ဂျပန်နိုင်ငံကစာပေဟောပြောပွဲအကြောင်းပြောပြမယ်။ဂျပန်မှာဆိုစာပေဟောပြောတဲ့ သူဟာကျောင်းသားမိဘတွေကငှားကြတာ။သူတို့ ကလေးတွေကိုလိမ္မာအောင် ကြိုးစားချင်စိတ်ရှိအောင် ဟောပြောတဲ့ သူကိုယ်တိုင်ကလည်းသိပံပညာရှင်တို့ ဆေးပညာမှာအောင်မြင်နေတဲ့ ပါမ္မောက္ခကြီးတွေ တက္ကသိုလ်တွေမှာအရမ်းထူးချွန်တဲ့ ပါမ္မောက္ခကြီးတွေကိုဘောင်ခတ်ပြီးဟောခိုင်းတာ။ငယ်စဉ်ဘ၀ကနေ ယ္ခုရောက်နေတဲ့ ပညာရှင်ကြီး အထိဘယ်လိုကြိုးစားခဲ့ တာ ဆိုပြီးဘောင်ခတ်ဟောရတာ။ပြောချင်ရာပြော ဟောချင်ရာဟောလို့ မရဘူး။ငါတို့ တိုင်းပြည်မှာကလူပျက်ရော
    နိုင်ငံရေးလုပ်စားနေတဲ့ သူတွေရော ၁၀တန်းတောင်မအောင်တဲ့ ဂျာနယ်လစ်ရော အကုန်လျောက်ဟောနေတာ။နားထောင်တဲ့ လူရောအံ့သြတယ် ဘာကောင်မှလည်းမဟုတ် ဒီဟောပြောပွဲကငွေရမှစားရမယ့် ကောင်ပြောတာကိုအဟုတ်မှတ်ပြီးနားထောင်။သူဘ၀တောင်စားဝတ်နေရေးအနိုင်နိုင် သူစကားနားထောင်ယင်ကိုယ်ပါသူ့ လိုဖြစ်မှာမကြောက်ကြဘူးလားမသိဘူး။မီဒီယာဆိုတာကလည်းနာမည်အမျိုးမျိုးပြောင်းနေတာ လေးဘက်ထောက်မဏိုင်ဖြစ်လိုက် တဖက်စောင်းနင်းဖြစ်လိုက် နဲ့ အရမ်းစိတ်ပျက်စရာကောင်းတယ်။ကိုယ်တိုင်ကပွဲကနေတဲ့ သူဆိုတော့ ပွဲကောင်းတယ်မကောင်းဘူးဆိုတာဘယ်သိမလဲ။ဘေးကပွဲကြည့် နေတဲ့ လူတွေကိုမမေးဘူးလားမသိဘူး။ပြောချင်ရာပြောနေတဲ့ ကောင်တွေဘဲလို့ ထားလိုက်ရအောင်လည်း အရူး အရူးနဲ့ အိမ်ဦးချီးတက်ပါမယ့် ကောင်တွေ။

    ReplyDelete
  3. ရွေထူးကိုယ့် ထက်မွန်မြတ်တဲ့ စိတ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုစော်ကားတာ ကိုယ့် အမေကိုယ်လိုးသလိုပဲအကုသိုလ်ရတယ်မှတ်ထား။ဥပမာအလင်္ကာနဲ့ ပြောတာနော်စိတ်မဆိုးနဲ့ ။

    ReplyDelete
  4. ကိုမေကိုလိုးဂျာနယ်တွေဆိုတာလည်းမှန်ပါတယ်။တဖက်စောင်းနင်းဆိုတာလည်းမှန်ပါတယ်။။ကချင်မှာ ရှမ်းနီတွေမကျေနပ်တာကိုမဖော်ပြပဲ လူသတ်မဒိန်းကျင့် နေတဲ့ ကောင်တွေကိုကျတော့ ကချင်လွတ်မြောက်ရေးတပ်မတော်တဲ့ ။ဂျာနယ်တွေဆိုတာ အစိုးရကိုဆန့် ကျင်ယင်လူနည်ူစုဖြစ်နေပါစေအသားပေးဖေါ်ပြနေတဲ့ အဖွဲ့ အစည်းလို့ ပဲ ပြည်သူတွေကမှတ်ထားပြီ။မင်းတို့ လည်းဘယ်လောက်လုပ်စားနိုင်မလဲကြည့် ကြသေးတာပေါ့ ။

    ReplyDelete
  5. သူတို့ ရဲ့ တဖက်စောင်းနင်းလုပ်ရပ်ကြောင့် ဂျာနယ်ဝယ်မဖတ်ယင်ထမင်းငတ်မယ်။သူတို့ ထမင်းငတ်ရတာအစိုးရကြောင့် ငတ်တယ်ပြန်စွတ်စွဲမှာမြင်ယောင်သေးတယ်။ဘာပညာမှမတတ်ပဲ ဟိုဟာဝေဖန် ဒီဟာဝေဖန်နဲ့ အရမ်းရှက်စရာကောင်းတယ်။

    ReplyDelete