Thursday, March 12, 2015

ကျောင်းသားသပိတ်စစ်ကြောင်းကိုဖြိုခွဲခဲ့တဲ့ကိစ္စအပေါ် ပြောချင်တာလေးတွေရှိတယ် ။

၁။ တဖတ်သက်မီဒီယာများရဲ့ရည်၇ွယ်ချက်များအတိုင်း မဖြစ်အောင် လူတိုင်းစဉ်းစားသုံးသပ်သင့်ပါတယ်။ နှစ်ဘက်စလုံးရဲ့ သတင်းကိုကြည့်ပါ ၊ ပြည့်စုံမှသုံးသပ်ပါ ။ ကိုယ့်နိုင်ငံမှာနောက်ထပ် အမုန်းပွားမှုတွေ မဖြစ်စေချင်ဘူး ။

၂။ တဖက်ကမီဒီယာတင်တဲ့ အခြေအနေကိုကြည့်ရင် နိုင်ငံတကာ စည်းကမ်းပဲဖြစ်ဖြစ် ထုံးစံပဲဖြစ်ဖြစ် ဖမ်းပြီးသားဖြစ်တဲ့ ၊ လက်နက်မဲ့တဲ့ တရားခံကိုဆက်ပြီးမရိုက်သင့်ဘူး ။ သူများပိုင်ဆိုင်တဲ့ကားက အန္တရာယ်ပြုလာတာမဟုတ်ပဲ ရပ်ထားတဲ့ကားကို မဖျက်ဆီးသင့်ဘူး ။ ဒဏ်ရာရတရားခံကို ဆေးကုသမှုခံယူစေပြီးမှ ဖမ်းဆီးသင့်တယ် စသဖြင့် ဒီမိုကရေစီပြည်သူရဲတွေလိုက်နာရမယ့်စည်းကမ်းများကိုလည်း သိရှိလိုက်နာသင့်တယ် ။ နောက်နောင်မှာလည်း သင်တန်းများပို့ချပေး သင့်တယ်။
၃။ နောက်တဖက်ကမီဒီယာတင်တဲ့အခြေအနေက ငြိမ်းချမ်းစွာဖြင့် ဆန္ဒပြမယ်ဆိုရင် အင်အားသုံးပြီး အတင်းထိုးဖောက်တာမျိုး မလုပ်သင့်ဘူး ။ ဆွေးနွေးပြီးဖြစ်ဖြစ် ၊ ဆွေးနွေးရင်းဖြစ်ဖြစ် ၊ ရဲတွေတားဆီးထားတဲ့ အချိန်မှာ ငြိမ်းချမ်းစွာထိုင်ပြီး ဟောပြောကြ ၊ ဆန္ဒဖော်ထုတ်ကြ ၊ အငတ်ခံဆန္ဒပြကြ စတဲ့နည်းလမ်းများသာသုံးသင့်တယ်။ နယ်ကလာတဲ့သတင်းဖြစ်စေ ၊ မီဒီယာများမှာထုတ်ဖော်တဲ့ဓာတ်ပုံဖြစ်စေ ၊ ရှမ်း ကယား ကရင်ဘက်ကလာတဲ့ စစ်သည်များလက်ခံတာပဲဖြစ်စေ ၊ တိုင်းရင်းသားဖယ်ဒရယ်အဖွဲ့အစည်းရဲ့ထောက်ပံ့မှုနဲ့ အလှုငွေယူတာဖြစ်စေ လက်မခံသင့်ဘူး ။ ဆန္ဒပြတယ်ဆိုတာ ကိုယ့်ဘာသာကိုယ့်ဆန္ဒ အလျောက်လွပ်လပ်စွာပါဝင်ပြသတာပါ ၊ အင်အားချဲ့ထွင်ပြီး ကျောင်းသား မဟုတ်တဲ့ အဖွဲ့အစည်းကပူးပေါင်းပါဝင်လာတဲ့ ရည်၇ွယ်ချက်မျိုး မရှိသင့်ဘူး ။
ဒါကြောင့် ဆန္ဒပြတာနဲ့ရန်ကုန်ကိုသွားရမယ်ဆိုတာ ငြိမ်းချမ်းစွာ ကိုယ့်ဆန္ဒကိုပြဖို့ထိခိုက်တယ် ။ တိုင်းပြည်တည်ငြိမ်ရေးနဲ့ စီးပွားရေးအတွက် အတားအဆီးမဖြစ်စေချင်ဘူး ။တဖက်ကပြောတာ ရဲက စည်းကမ်း မလိုက်နာလို့ အခုလိုဝေဖန်ခံရတာများမှာပဲ ။ တဖက်ကလည်း ဆန္ဒစောတာနဲ့အင်အားချဲ့ထွင်ချင်တာနဲ့ ဖြစ်လာမယ့်ဆိုးကျိုးကို မကာကွယ်ပဲ လုပ်လိုက်လို့ ဖြိုခွဲခံရတဲ့အကြောင်းဖြစ်သွားတယ် ။ တောင်းဆိုမယ့် ၁၁ ချက်က ရည်ရွယ်ချက်ကောင်းပေမယ့် ဥပဒေပညာဆိုင်ရာ ပညာရေးပိုင်းဆိုင်ရာ ကိုက်ညီမှုရှိမရှိသုံးသပ်သင့်တယ် ။
အမှန်အမှားသိအောင် အားလုံးသတိထားရမှာက တဖက်စွန်းမီဒီယာကို လွယ်လွယ်မယုံနဲ့ နှစ်ဘက်စလုံးစိတ်ရှည်ရှည်ထားပြီးကြည့်ပါ ၊ ဖြစ်ရပ်မှန်ကိုရှာဖွေပြီးမှ သုံးသပ်ပါ ။ ပိုပြီး အရေးကြီးတာက အပြုသဘောဆောင်ပါ ။ အမုန်းတရားမပွားပါစေနဲ့ ။
နည်းစနစ်ကျကျအတွေးအခေါ် Page မှ ကူးယူဖော်ပြသည်။

1 comment:

  1. ဘ၀ဆိုတာအကြောင်းနဲ့ အကျိုးနဲ့ သွားနေတာ။အရိုက်ခံရမယ့် အကြာင်းတရားပါလာတော့ ဘုန်းကြီးတွေ ဆရာ
    ဆရာမတွေတားတာတောင်မရဘူးမှတ်ထား။သိကြားမင်းတားလည်းရမှာမဟုတ်ဘူး။ခင်ဗျားတို့ သတိထားမိလား။လူမများတာကိုမီဒီယာက ရောပြီးလူများသယောင်ဆောင်နေတာ။မီဒီယာသူတောင်းစားပညာမတတ်တဲ့ ကောင်တွေရောပြီးအရိုက်ခံရတာ။

    ReplyDelete