Thursday, March 19, 2015

စစ်တွေအခြေပြု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးခရီးစဉ်များအတွက် အောင်တံခွန် (၇) ရေယာဉ်ဖြင့် အားဖြည့် ပို့ဆောင်ပြေးဆွဲမည်

ပို့ဆောင်ရေး ဝန်ကြီးဌာန၏လမ်းညွှန်ချက်ဖြင့် စစ် တွေ အခြေပြု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ခရီးစဉ်များ အတွက် အောင်တံ ခွန်(၇)ရေယာဉ်အား အင် အားဖြည့်ပြေးဆွဲပေးနိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းရေကြောင်းပို့ဆောင် ရေး ရခိုင်ဌာနခွဲတွင် စစ်တွေ-မြောက် ဦးခရီးအား အပတ်စဉ်အင်္ဂါနေ့နှင့် သောကြာနေ့များ၌ ခရိုင်ရေ ယာဉ် ဖြင့်လည်းကောင်း၊ စစ်တွေ-ဘူးသီး တောင်ခရီးစဉ်အား အပတ်စဉ်တ နင်္လာနေ့မှအပ ကျန်ရက်များတွင်ဓည ဝတီနှင့် အောင်တံခွန်ရေ ယာဉ်များ ဖြင့်လည်းကောင်း၊ စစ်တွေ-တောင် ကုတ်ခရီးစဉ်အား အပတ်စဉ် အင်္ဂါ၊ သောကြာနေ့ များတွင် အောင်တံခွန် ( ၃၊ ၄၊ ၆) ရေယာဉ်များဖြင့် လည်း ကောင်း ခရီးသည်နှင့်ကုန်စည်များ အား သယ်ယူပို့ဆောင်ပေးလျက်ရှိ ပါသည်။

မကြာမီက အောင်တံခွန်(၃)ရေ ယာဉ် တောင်ကုတ်မှ စစ်တွေသို့ခရီး သည်နှင့်ကုန်စည်များအား တင် ဆောင်မောင်နှင်းလာခဲ့ရာ ၂၀၁၅ခုနှစ် မတ် ၁၃ရက်ည ရနာရီ ၁၅မိနစ်တွင် မြေပုံမြို့မှ အရှေ့တောင်ဘက်မိုင် ၆၀ ခန့်အကွာ ငပသုံကျွန်းအနီး အရောက် တွင် ရာသီဥတုဆိုးရွားသ ဖြင့် သင်္ဘောဦးပိုင်းရေဝင်ပြီး နစ်မြုပ် မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ် တွင် ခရီးသည် ၁၆၉ဦးအား ကယ် ဆယ်နိုင်ခဲ့ပြီး သေဆုံးသူခရီးသည် (၁၇.၃.၂၀၁၅အထိ စာရင်းအရ) ကျား/မ ၆၁ဦး၏ ရုပ်အလောင်းများ အား ဆယ်ယူရရှိခဲ့ပါသည်။
ကယ်ဆယ်ရရှိသည့် ခရီးသည် များအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တပ်မ တော်ရေနှင့်လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ဆေးဝါးကုသပေးခြင်း၊ ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်း များဆောင်ရွက်ကာ လိုရာခရီးစဉ် များသို့ စီစဉ်ပို့ဆောင်ပေးခဲ့ပါသည်။
ဝန်ကြီးဌာန၏ ညွှန်ကြားချက် အရ စစ်တွေ အခြေပြုခရီးသည်နှင့် ကုန်စည်များ ပို့ဆောင်ပေးနေသည့် ရေယာဉ်များအား လိုအပ်သည့် စစ် ဆေးပြုပြင် ဖြည့် ဆည်းပြုလုပ်ခြင်း များဆောင်ရွက်လျက် ရှိပြီး ရခိုင်ဌာန ခွဲအတွက် ရေယာဉ်များအားဖြည့်ရန် ရန်ကုန်မြို့မှ အောင်တံခွန်(၇)ရေ ယာဉ်အား စစ်တွေသို့ပို့ဆောင်ပေး ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။
ရန်ကုန်မြို့ရှိ အောင်တံခွန်(၇) ရေယာဉ်အား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ပိုင် ဒလသင်္ဘောကျင်း သို့အပ်နှံ၍ ကိုယ်ထည် ပိုင်း၊ အင် ဂျင်ပိုင်းနှင့်ကုန်းပတ်ပိုင်းတို့အား ကြံ့ခိုင်မှုပိုမိုကောင်းစေရေးပြုပြင် ဆောင် ရွက်ခြင်း၊ အသက်ကယ်အကျÐ များ၊ သက်ကယ်ဖောင်များ၊ ဆက် သွယ်ရေးကိရိယာများ၊ ရေကြောင်း အချက်ပြကိရိယာများတပ်ဆင်ပြီး အဆိုပါရေယာဉ်အား ဂဏာ ပတိရေ ယာဉ်ဖြင့် ဆွဲယူ ပို့ဆောင်ပေးရန်
စီ စဉ်လျက်ရှိပါသည်။
အောင်တံခွန်(၇) ရေယာဉ်အား ၂၀၁၅ခုနှစ်မတ်၂၁ရက် တွင်ရန်ကုန်မှ ဟိုင်းကြီးကျွန်းသို့မောင်း နှင်စေပြီး၊ အဆိုပါရေယာဉ်အားဟိုင်း ကြီးကျွန်းမှ စစ်တွေသို့ ဂဏာပတိ ရေယာဉ်ဖြင့် ဆွဲယူပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်း စဉ်နှင့်ပတ်သက်၍ သတင်းများ ဆက်လက်ထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
TN
‪‎Democracytoday‬

No comments:

Post a Comment