Thursday, March 19, 2015

မက်ဆီကတော့ သမိုင်းမှာ အကောင်းဆုံးကစားသမားပဲ (လူးဝစ်အန်းရစ်)

ဘာကာနည်းပြဟာ မန်စီးတီးနဲ့ပွဲမှာ အာဂျင်တိုင်းတိုက်စစ်မှူးရဲ့ တစ်ကိုယ်တော်စွမ်းဆောင်ရည်ကို ကျေနပ်အားရလျက်ရှိပြီး ရှေ့တန်းနေရာမှာ ဘယ်သူမှ သည်လိုပုံသဏ္ဍာန်မျိုး ကစားနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်ရုံတင်မက ကစားပွဲသမိုင်းတစ်လျှောက်မှာလည်း အတော်ဆုံးဘောလုံးသမား ဖြစ်ကြောင်း သူကပြောပါတယ်။
ကမ့်နူမှာ ဘာကာက မန်စီးတီးကို ၁-၀ နဲ့ နိုင်ခဲ့ပေမယ့် မက်ဆီဟာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ရာကီတစ်ကို ပို့ပေးတဲ့ဘောလုံးအပါအ၀င် သူ့ရဲ့ကစားပွဲအမြင်၊ ဘောလုံး သယ်ဆောင်နိုင်မှုစွမ်းရည်၊ ပေးပို့မှု စတာတွေကတော့ လက်ဖျားခါလောက်ပါရဲ့။

စီးတီးဂိုးသမားဂျိုးဟတ် ကာကွယ်နိုင်ခဲ့တဲ့အတွက် အာဂျင်တိုင်းတိုက်စစ်မှူးအဖို့ ဂိုးရဖို့ငှာ မတတ်သာခဲ့ပေမယ့် ပရိသတ်အများအပြားရဲ့ ချီးကျူးထောမနာပြုမှုတွေ ရခဲ့သလို ပက်ပ်ဂွါဒီယိုလာရဲ့ အားတက်သရောဖြစ်စွာ လာရောက်ကြည့်ရှုမှုကလည်း အံ့သြဘနန်းပါပဲ။
"လီယိုမက်ဆီဘာလဲဆိုတာ လူတိုင်းသိပါတယ်။ သူဟာ ကမ္ဘာ့အတော်ဆုံး ကစားသမားဆိုတာ သံသယမရှိပါဘူး။ ဒါ့အပြင် ဘောလုံးပွဲတွေမှာ စွမ်းဆောင်ရည် အကောင်းဆုံးကလည်း သူပါပဲ။ သူလိုလူမျိုးရှိနေတာ ကလပ်အတွက် အပေါင်းလက္ခဏာတွေ ချည်းပါပဲ။ ဒါပေမဲ့ ဆုဖလားရဖို့ဆိုရင်တော့ တစ်သင်းလုံး ချိန်ခွင်လျာကျကျ ကစားဖို့လိုတယ်။ ကျွန်တော်တို့ သည်အတိုင်း လုပ်ဆောင်နေပါတယ်။ လီယိုလိုလူမျိုးရှိနေတဲ့ ဘာစီလိုနာအသင်းဟာ ကံကောင်းတာပဲ" လို့ လူးဝစ်အန်းရစ်က ပြောခဲ့ပါတယ်။
"တစ်ခါတလေ ဆန်းကြယ်မှုတွေ ရှိတတ်တယ်။ သူဟာ first leg မှာတုန်းကရော အခုပွဲမှာပါ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ၂ ပွဲစလုံးရဲ့ အကောင်းဆုံးကစားသမားဟာ လီယိုပါပဲ" လို့ နည်းပြဖြစ်သူက ဖြည့်စွက်ပြောပါသေးတယ်။

Football Café

No comments:

Post a Comment