Tuesday, March 10, 2015

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် အာဆင်နယ်အသင်း လီဗာပူးလ်အသင်းကို ရှောင်လွှဲနိုင်ခဲ့

Arsenal
(အင်္ဂလန်)။ ။ အက်ဖ်အေဖလား ကွာတား ဖိုင်နယ်၏ နောက်ဆုံးပွဲစဉ်ဖြစ်သော မန်ယူနှင့် အာဆင်နယ် တို့၏ ပွဲစဉ်အပြီးတွင်
ဆီမီးဖိုင်နယ်ပွဲစဉ် များကို ဆက်လက် မဲခွဲခဲ့ရာတွင် မန်ယူကို အနိုင်ရခဲ့သော အာဆင်နယ် အသင်း သည် နောက်ဆုံး လက်ကျန် အသင်းကြီး ဖြစ် သည့် လီဗာပူးလ်အသင်းကို ရှောင်လွှဲနိုင်ခဲ့ သည်။



အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်လေးပွဲကစားခဲ့ရာတွင် ဗီလာအသင်းက ၀က်စ်ဘရွန်းအသင်းကို ၂-၀ ဂိုးဖြင့် လည်းကောင်း၊ အာဆင်နယ်အသင်းက မန်ယူအသင်းကို ၁-၂ ဂိုးဖြင့် လည်းကောင်း အနိုင် ရခဲ့ပြီး ဘရက်ဖို့ဒ်နှင့် ရီးဒင်း၊ လီဗာပူးလ်နှင့် ဘလက်ဘန်းတို့ ပွဲစဉ်များမှာ သရေရလဒ်များဖြင့် ပြီးဆုံး ခဲ့သည်။
ဝက်စ်ဘရွန်းအသင်းကို အနိုင်ရခဲ့သော ဗီလာအသင်းသည် ဘလက်ဘန်းနှင့်လီဗာပူးလ်တို့၏ ပွဲစဉ်မှ အနိုင်ရရှိသူနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆင်နယ်အသင်းမှာ ဘရက်ဖို့ဒ်နှင့်ရီးဒင်းတို့ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ထိုအက်ဖ်အေဖလားဆီမီးဖိုင်နယ် ပွဲစဉ်များကို ၂၀၁၅ ခုနှစ် ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် ကစားမည် ဖြစ်သည်။
အက်ဖ်အေဖလား၏ နောက်ဆုံး ကွာတားဖိုင်နယ်ပွဲစဉ်တွင် အာဆင်နယ်အသင်းသည် မန်ယူ တိုက်စစ်မှူးဟောင်း ၀ဲလ်ဘတ်၏ဂိုးဖြင့် မန်ယူအသင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရာသီက အက်ဖ်အေဖလားကို ရရှိထားသော အာဆင်နယ် အသင်းသည် အောက်တန်းလိဂ်မှ အသင်းများဖြင့် တွေ့ဆုံရမည် ဖြစ်သောကြောင့် ၂ နှစ်ဆက်တိုက် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် မျှော်လင့်လျက်ရှိသည်။ သို့သော် ယခုနှစ်အက်ဖ်အေဖလားပြိုင်ပွဲတွင် ချယ်လ်ဆီးနှင့် ဆန်းဒါးလန်းတို့ကို ဖြုတ်ချ လာခဲ့သည့် ဘရက်ဖို့ဒ်အသင်းသည် ၂၀၁၂-၁၃ ရာသီက အာဆင်နယ်အသင်းကို လိဂ်ဖလား ကွာတားဖိုင်နယ်မှ ဖြုတ်ချ နိုင်ခဲ့သည့် အသင်းဖြစ်သည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်သည် အသင်းငယ်များနှင့် တွေ့ဆုံရမည် ဖြစ်သော်လည်း ယမန်နှစ်က၀ီဂန်နှင့် ပွဲစဉ်ကဲ့သို့ ခက်ခဲ့သည့် ပွဲတစ်ပွဲ ဖြစ်လာဦးမည်ဟု ပြောသည်။


No comments:

Post a Comment